မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေပြီး အချိန်ယူ ဖြေရှင်းရမယ့် စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry ကပြောလိုက်ပါတယ်။ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးမှာ အမေရိကန် ပြည်ထောင်စုက တောင်းဆိုနေတာတွေကို မြန်မာအစိုးရက လိုက်လုပ်ပေးဖို့မဟုတ်ဘဲ မြန်မာပြည်သူတွေ အတွက် ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီကနေ့ သြဂုတ်လ (၁၀) ရက်နေ့မှာ ကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ နေပြည်တော်ရောက် ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။
http://ift.tt/1sNJ65r
မြန်မာကြုံနေရတဲ့ စိန်ခေါ်မှုတွေ ဝန်ကြီး Kerry ဆွေးနွေးနိုင်ခဲ့ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit..
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1oUAWrg
Comments
Post a Comment