ကာဒ့်တပ်ဖွဲ့တွေက အမေရိကန်လေကြောင်းပစ်ကူမှုတွေနဲ့ ဘက္ကဒက်မြို့အရှေ့မြောက်ဖက် မိုင် ၇၀ အကွာက မြို့ကို သိမ်းပိုက်ခဲ့ကြပါတယ်။ အီရတ်တပ်ဖွဲ့တွေကိုလည်း အီရတ်လေတပ်က ပစ်ကူပေးခဲ့ပြီး မြို့ကို သိမ်းပိုက်ခဲ့ကြပါတယ်။ ပြန်သိမ်းပိုက်ရရှိခဲ့တဲ့ မြို့ ၂ မြို့ဟာ အီရန်နယ်စပ် နဲ့ရော၊ ကာဒ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ပါ နီးကပ်တဲ့ မြို့တွေဖြစ်ကြပါတယ်။
ကာ့ဒ် တပ်ဖွဲ့တွေဟာ သူပုန်တွေ သိမ်းထားတဲ့ အီရတ်ရဲ့ အကြီးဆုံး ရေကာတာကိုလည်း သြဂုတ်လ ၂၁ ရက်နေ့ကစလို့ အပြည့်အ၀ ပြန်လည်ထိန်းချုပ် ထားလိုက်ပါပြီ။ မိုဆိုလ် ရေကာတာဆီကို ဦးတည်သွားတဲ့ အစ္စလာမ္မစ်သူပုန်တွေကို ရေကာတာနဲ့ ဝေးရာကို တိုက်ခိုက်နိုင်ခဲ့ပြီး ရေကာတာဆီသွားရာ လမ်းတလျှောက်မှာ သူပုန်တွေ ထောင်ထားတဲ့ လမ်းဘေး ဗုံးတွေကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီလို့ ကာ့ဒ် တပ်တွေက ပြောပါတယ်။
မူဆိုလ်ရေကာတာကို သိမ်းပိုက်တဲ့ တိုက်ပွဲမှာ အမေရိကန်စစ်တပ်ကလည်း လေကြောင်း စစ်ကူတွေ ပေးခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ပြောပါတယ်။
By ဒီဗွီဘီ
http://ift.tt/1sdrY7M
ကာ့ဒ်တပ်ဖွဲ့များ အားမြင်တွေ့ရစဉ် |
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/YLmM2s
Comments
Post a Comment