Skip to main content

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ လစာတိုးမြင...



ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ လစာတိုးမြင့်ရရှိရေးအတွက် (၁၃) ကြိမ်မြောက် ဆန္ဒထုတ်ဖော်



ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရရှိသည့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ အလုပ်သင်အလုပ်သမားများ ဖြစ်ကြသော အငယ်တန်းအော်ပရေတာ သင်တန်းသားများက လုပ်အားခလစာ တိုးမြင့်ရရှိရေးအတွက် ဩဂုတ် ၂ ရက် နံနက် ၈ နာရီခန့်မှ ၁ဝ နာရီအထိ မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးမှ မုံရွာ-ပုသိမ် လမ်းဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။



“အခုဆန္ဒထုတ်ဖော်မှုမှာ ဒေသခံအလုပ်သမားအင်အား ၂ဝဝ ကျော်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အလုပ်သမားအားလုံးနီးပါး ပါဝင်ခဲ့ပါတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒထုတ်ဖော်တာပါ။ ဧပြီ ၁ဝ ရက်နဲ့ ဧပြီ ၁၁ ရက် တွေကစပြီး ဆက်တိုက်ဆန္ဒ ပြလာကြတာ အခုအကြိမ်ဆိုရင် ၁၃ ကြိမ်မြောက် ဆန္ဒပြတာဖြစ်ပါတယ်။ ဆက်လက်ပြီး ဆန္ဒထုတ်ဖော် သွားဦးမှာပါ။ တောင်းဆိုတာတွေကို ရရှိအောင်တွေ့ဆုံညှိနှိုင်းတာ တစ်ဖက်ဆန္ဒ ထုတ်ဖော်တာ တစ်ဖက်လုပ်သွားမှာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။



ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ မြန်မာ-ဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီ အလုပ်သမားများမှာ အခြေခံလစာ တိုးမြင့်ရှိရေးအတွက် ဆန္ဒပြကာ လုပ်ခလစာတိုးမြင့် ရရှိရေးတောင်းဆိုခဲ့ရာတွင် “မြန်မာ-ဝမ်ပေါင် ကုမ္ပဏီမှာ လက်တွေ့အလုပ်သင်အလုပ်သမား အနေနဲ့ ၂၃၄ ယောက်က လက်ရှိလစာ အနေနဲ့ ဒေါ်လာ ၁၂ဝ ပေးတာကို စာချုပ်ချုပ် မယ်ဆိုရင် ၂၄ဝ ရချင်တယ်။ အခြေခံလစာအတွက် စာချုပ်ချုပ်ရင် ၁၂ဝ နဲ့ အချုပ်မခံနိုင်လို့ ၁၂ဝ နဲ့ စာချုပ်ချုပ်မယ်ဆိုတဲ့ သတင်းကြောင့် မတ် ၂၂ ရက်ကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတယ်။ အဲဒီအလုပ်သမားတွေက ဒေသခံ ၂၆ ရွာက ဘွဲ့ရတဲ့သူတွေဖြစ်တယ်။ မြန်မာ-ယန်စီ ဘက်မှာဆိုရင် အထွေထွေလုပ်သား တစ်ယောက်ကို လစာ ၁၁ဝ ရပြီး အနိမ့်ဆုံးအဆင့် ရှစ်တန်းအောင် ကားကြီးမောင်း လုပ်သားတစ်ယောက်ကို လစာ ၁၈ဝ ရတယ်” ဟု မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအလုပ်သမား တစ်ဦးကပြောသည်။



“မြန်မာ-ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ vacancy announcement ခေါ်ကတည်းက အခြေခံလစာ ၁၂ဝ နဲ့ခေါ်ခဲ့သလို အင်တာဗျူးတုန်းကလည်း သေချာပြောခဲ့တာပါ။ ပထမအသုတ်တုန်းက ခေါ်လိုက်တဲ့သူတွေက supervisorအနေနဲ့ခေါ်ခဲ့လို့ အခြေခံလစာ ၃ဝဝ ရခဲ့တယ်။ ပညာရှင်တန်းအနေနဲ့ ခေါ်ခဲ့တာပါ။ အခု ဒုတိယအသုတ်အနေနဲ့ ခေါ်တာက junior operator အနေနဲ့ခေါ်ခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်ကြပြီဆိုမှ အခြေခံဝန်ထမ်းတွေလည်း ၁၂ဝ လောက်ရတာရှိတော့ သူတို့ကဘွဲ့ရတွေမို့ နစ်နာတယ်ဆိုပြီး အသံတွေထွက်လာတာ” ဟု မြန်မာ- ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။



မြန်မာ-ဝမ်ပေါင် အလုပ်သမားများက ဆန္ဒပြတောင်းဆိုရာတွင် တောင်းဆိုထားသော လုပ်ခလစာများ အပြည့်အဝရရှိရေး၊ ဒေသခံအလုပ်သမားများ အခွင့်အလမ်းအပြည့်အဝရရှိရေး၊ အလုပ်သမားများ အကျိုးခံစားခွင့် အပြည့်အဝရရှိရေး၊ ဒေသခံများ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ ဒေသခံအလုပ်သမားများအပေါ် ဖိနှိပ်ခြင်းမှ ချက်ချင်းရပ်ဆိုင်းရေး၊ မြန်မာ-ဝမ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ လူသားချင်းစာနာထောက်ထားရေး၊ မြန်မာ-ဝမ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ အုပ်ချုပ်ပုံစနစ် ပွင့်လင်းမြင်သာရေးတို့ကို ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။



လုပ်ခလစာတိုးမြင့် ရရှိရေးအတွက် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ ဆန္ဒထုတ်ဖော်နေစဉ်







from Eleven Media Group's Facebook Wall http://ift.tt/1kunzPg

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...