Skip to main content

Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်လစ်လေးဦးနှင့် ပိုင်ရှင်နှစ်ဦးအား ထောင်ဒဏ်နှစ်ရှည်...



Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်လစ်လေးဦးနှင့် ပိုင်ရှင်နှစ်ဦးအား ထောင်ဒဏ်နှစ်ရှည်ချမှတ်နိုင်သည့် အရေးပေါ်စီမံမှု အက်ဥပဒေအစား ပြစ်ဒဏ်သက်သာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ပန်းဘဲတန်းတရားရုံးက ပြောင်းလဲစစ်ဆေး



Bi မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦး၊ သတင်းထောက်၊ ပိုင်ရှင်နှင့် ပိုင်ရှင်၏သူငယ်ချင်းတို့ကို သြဂုတ် ၄ ရက်က ပန်းဘဲတန်းတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။



အဆိုပါရုံးချိန်း၌ တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင်(ခ)အောင်သန့်၊ အယ်ဒီတာ ကိုရဲမင်းအောင်၊ အယ်ဒီတာ ကိုဝင်းတင်နှင့် သတင်းထောက် ကိုကျော်ဇောဟိန်း(ခ)မင်းဝဿန်၊ ဂျာနယ်တိုက်ပိုင်ရှင် ဦးကျော်မင်းခိုင်နှင့် ၎င်း၏သူငယ်ချင်း ဦးယဉ်မင်းထွန်း၊ MDCF အဖွဲ့မှ ကိုနောင်နောင်တို့ကို သြဂုတ် ၉ ရက် နံနက်က အချုပ်ကားဖြင့် ပန်းဘဲတန်းတရားရုံး၌ ရုံးထုတ်ခဲ့သည်။



MDCF အဖွဲ့မှကိုနောင်နောင်ကို ကျောက်တံတားတရားရုံးသို့ ပြောင်းလဲစစ်ဆေးခဲ့ပြီး Bi မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာတစ်ဦးဖြစ်သူ ကိုရဲမင်းအောင်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ အရ တရားရှင်လွှတ်ပေးခဲ့သည်။



ထို့ပြင် ကျန်ဂျာနယ်လစ်သုံးဦးနှင့် ပိုင်ရှင်နှစ်ဦးကိုလည်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ်ရှည်ချမှတ်နိုင်သည့် အရေးပေါ်စီမံမှုအက်ဥပဒေဖြင့် တရားစွဲဆိုထားသောအမှုကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)/၃၄ (ပူးပေါင်းကြံစည်မှု)တို့ဖြင့် ပန်းဘဲတန်းတရားရုံးက ပြောင်းလဲစစ်ဆေးခဲ့သည်ဟု ဂျာနယ်လစ်များနှင့် ပိုင်ရှင်များ၏ ဥပဒေအကျိုးဆောင်တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။



ဂျာနယ်လစ်လေးဦး၊ ပိုင်ရှင်နှင့် ၎င်း၏သူငယ်ချင်းတို့မှာ ဇူလိုင် ၇ ရက်ကဖြန့်ချိခဲ့သော Bi မွန်းတည့်နေဂျာနယ်မျက်နှာဖုံးတွင်ဖော်ပြခဲ့သည့် "ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ကထုတ်ပြန်" သတင်းကြောင့် ရဲသတင်းတပ်ဖွဲ့၏ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ၅(ဃ)/(ည)ဖြင့် အမှုဖွင့်တရားစွဲခံခဲ့ရခြင်းဖြစ်သည်။



ယင်းနောက် သြဂုတ် ၁ ရက်က နိုင်ငံတော်သမ္မတနှင့် စာနယ်ဇင်းကောင်စီ(ယာယီ)တို့ နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံနေရမှုများကို တရားစီရင်ရေးကဏ္ဍ၏ လွတ်လပ်စွာဆောင်ရွက်မှုအား မထိခိုက်စေသော နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ မီဒီယာသမားများနစ်နာမှုမရှိစေရန် ဥပဒေကြောင်းအရ မျှတစွာဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။



"သမ္မတကြီးနဲ့ စာနယ်ဇင်းကောင်စီတို့တွေ့ဆုံမှုရဲ့အသီးအပွင့်ကို အောက်ခြေက စတင်အကောင်အထည်ဖော်တယ်လို့ပြောလို့ရပါတယ်။ အခုစွဲဆိုထားတဲ့ပြစ်မှုကလည်း အများဆုံး ထောင်နှစ်နှစ်ပဲချမှတ်လို့ရပြီး ငွေဒဏ်တောင်ချမှတ်နိုင်တဲ့ပုဒ်မမျိုးပါ။ နောက်လည်း သတင်းမီဒီယာအပေါ်ဖြေလျှော့မှုတွေ ထပ်လုပ်ပေးလိမ့်ဦးမယ်ထင်ပါတယ်" ဟု သတင်းမီဒီယာအမှုများကို ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။



"ပုဒ်မပြောင်းလဲစစ်ဆေးရုံနဲ့မပြီးဘူးလို့ထင်တယ်။ ပုဒ်မပြောင်းပြီး အဲဒီပုဒ်မရဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်တယ်ဆိုရင်လည်း ဒါဟာဖြေလျှော့မှုမဟုတ်ဘူး။ ထုတ်ပြန်ချက်ကိုရေးတဲ့သတင်းအနေနဲ့ ဒီပုဒ်မ (နိုင်ငံတော်အကြည်ညိုပျက်စေမှု)နဲ့ စွဲသင့်၊ မစွဲသင့်ကိုလည်း စာနယ်ဇင်းကောင်စီက ထုတ်တဲ့ကျင့်ဝတ်လက်စွဲနဲ့ တိုက်ပြီးစစ်ဆေးလို့ရတယ်။ အဲဒါဆိုရင် ကိုက်ညီ၊ မကိုက်ညီ အဖြေပေါ်လာမှာပဲ" ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး(၂) ကိုသန်းဌေးက သုံးသပ်သည်။



နောက်တစ်ကြိမ်ရုံးချိန်းကို သြဂုတ် ၁၄ ရက်(ကြာသပတေးနေ့)တွင် စစ်ဆေးမည်ဖြစ်ပြီး ယခုရုံးချိန်းသို့ အစိုးရသတင်းမီဒီယာများမှလည်း လာရောက်သတင်းရယူခဲ့ကြသည်။





Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်လစ်လေးဦးနှင့် ပိုင်ရှင်နှစ်ဦးအား ထောင်ဒဏ်နှစ်ရှည်ချမှ

news-eleven.com

Bi မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦး၊ သတင်းထောက်၊ ပိုင်ရှင်နှင့် ပိုင်ရှင်၏သူငယ်ချင်းတို့ကို သြဂုတ် ၄ ရက်က ပန်းဘဲတန်းတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။အဆိုပါရုံးချိန်း၌ တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင်(ခ)အောင်သန့်၊ အယ်ဒီတာ ကိုရဲမင်းအောင်၊ အယ်ဒီတာ ကိုဝင်းတင်နှင့် သတင်းထောက် ကိုေ…

from Eleven Media Group's Facebook Wall http://ift.tt/1tQ54Yj

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...