ပြင်သစ် Vs ဂျာမနီ (ဇူလိုင် ၄ ၊ ည ၁၀း၃၀ )
ယနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် ဂျာမနီအသင်း နှင့် ပြင်သစ်အသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
နှစ်သင်စလုံးက ကစားကွက်ပုံဖော်မှု တူညီနေပြီး ကွင်းလယ်နှင့် တိုက်စစ်ကစားကွက် ချိတ်ဆက်အားကောင်းသည့်
နှစ်သင်းဖြစ်တာ ကြောင့်ဘောလုံးပညာစွမ်းရည်အားပြိုင်းမည့်
ပွဲကောင်းတစ်ပွဲ ဖြစ်သလို ၂၀၁၄ ကမ္ဘာဖလားပြိုင်းပွဲ၏
ကွာတားအဆင့်ပြိုင်ပွဲကို ချန်ပီယံဗိုလ်လုပွဲကြီးပမာ ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမည့်ပွဲလဲဖြစ်သည်။
ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ နှင့် ပေါ့ဘာ တို့၏ ကွင်းလယ်တိုက် စစ်ထိုးဖောက်အားက ဂျာမနီတိုက်စစ်မှူး မူလာ ၊ အိုဇေးလ်တို့၏ ကွင်းလယ်တိုက်စစ် တည်ငြိမ်စွာ ထိုးဖောက်၍ တစ်ဖက်အသင်းအား အနိုင်ဂိုးသွင်းယူတတ်မှုကို ခံနိုင်ရည်စွမ်း ယှဉ်ပြိုင်းနိုင်စွမ်း ရှိမည်လာဆိုသည်က စောင့်ကြည့်ရဖြစ်သည်။
ဇွဲကောင်း စိတ်ဓာတ်ပြင်ထန်းပြီး အသင်းလိုက်တည်ငြိမ်စွာ ဟန်ချက် ညီစုဖွဲ့မှုအားကောင်းသည့် ဂျာမနီအသင်းက နှာတစ်ဖျားအသာဖြင့် အနိုင်ယူသွားမလား ဆိုတာ ပရိသတ်နှင့်ရင်ခုန်သံထပ်တူ ကျမည့် ၊ မကျမည့်ကတော့ ပွဲအပြီးအဖြေကို စောင့်ကြည့်ရပေမည်ဖြစ်သည်။
from Popular Myanmar News Journal's Facebook Wall http://ift.tt/1jQeWbM
Comments
Post a Comment