စနေနေ့ ထွက်မယ့် The Voice Weekly မှာ ဒါတွေဖတ်ရမယ်
- ဘာသာရေးကို အသုံးချ လှုံ့ဆော်ခဲ့တဲ့ ဖြစ်စဉ်တွေ ဘယ်လို ဖြစ်ခဲ့တာလဲ၊ အဲဒီလို ဖြစ်ဖို့အတွက် ဘယ်လိုနည်းနာတွေ သုံးခဲ့သလဲ၊ အဲဒီလို နည်းသုံးပြီး အဓိကရုဏ်းတွေကို ဘယ်လိုလူတွေက ဘာကြောင့် လုပ်ခဲ့တာလဲ
အဲဒီအကြောင်း အချက်နဲ့ အလက်နဲ့ အသေးစိတ် တင်ပြထားတဲ့ မျက်နှာဖုံး အထူးဆောင်းပါး
- လူမှုကွန်ရက် ကနေတဆင့် ဒီလို ဘာသာရေးလှုံ့ဆော်မှုတွေ ရှိပြီး ထစ်ခနဲရှိ Facebook ကို ပိတ်ဆိုတာကကော အဖြေလား သုံးသပ်ထားတဲ့ ဆောင်းပါး
- ပဋိပက္ခအလွန် အထက်မြန်မာပြည်ရဲ့ စီးပွားရေးမြို့တော် မန္တလေး ဈေးကွက်ကြီး ဘယ်လိုဖြစ်နေလဲ
- တစ်ချိန်က အာရှဆန်အိုးကြီး အဖြစ်ပြန်လာအောင် ကြိုးစားနေတယ် ဆိုပေမယ့် လယ်သမားတွေကတော့ လယ်ယာလုပ်ငန်းခွင်ကို စွန့်ခွာနေကြပြီ။ ဘာကြောင့် ဒီလိုဖြစ်နေရသလဲ၊ ဒါကို ဘယ်လို ကုစားမလဲ
- ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ကျီးလန့်စာစား ဝမ်းစာရှာနေရတဲ့ ကျောက်စိမ်းရှာ ရေမဆေးသမားတွေ၊ သူတို့ကို ဘယ်သူတွေက ဘယ်လို ခေါင်းပုံဖြတ်နေလဲ
- ရုပ်သံစက်ကနေ ရေဒီယို၊ ဆေးဝါးအဆုံး ဘာပဲဝယ်ဝယ် ကျွမ်းကျင်သူမပါဘဲ မဝယ်ရဲ၊ အတုမိမှာ၊ စံမမီပစ္စည်း မိမှာစိုးနေရတဲ့ ဘဝက စားသုံးသူတွေ လွတ်အောင် လက်ရှိ ဘာလုပ်နေလဲ
- ကားတွေ အကုန်အအပ်ခံလိုက်တော့မယ် ဆိုတဲ့ အချိန်မှာ ရှုံးသူ၊ မြတ်သူများအကြား ကားဈေးကွက် လားရာက ဘယ်ကို ဦးတည်သွားနေလဲ
- လုပ်တာကတော့ ဘရာဇီးမှာ၊ ဒါပေမဲ့ အဲဒီ ကမ္ဘာ့ဖလားကြောင့် မြန်မာပြည်က သာသူနာသူတွေ အကြောင်း
from The Voice Weekly's Facebook Wall http://ift.tt/1jxwrDa
Comments
Post a Comment