[ Voice of the Day ]
ငွေကြေးအလွဲသုံးစားမှုနှင့် အရေးယူခံရ၊ တာဝန်မှ ရပ်စဲခြင်းခံရတဲ့ ပြည်ထောင်စုဝန်ကြီး နေရာမှာ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ငွေကျပ်သိန်း ၈၀၀၀ ကွာဟမှု ငွေကြေးအရှုပ်အရှင်းမှာ ပါဝင် ပတ်သက်မှု ရှိနေတယ်လို့ စွပ်စွဲခံရဖူးတဲ့ သူကို အစားထိုး ခန့်အပ်လိုက်တယ် ဆိုတော့ အံ့သြစရာ ဖြစ်ခဲ့ရသလို လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရ ဘယ်လိုလဲ ဆိုတဲ့ သဘောနဲ့ ပြည်သူအများက မျက်ခုံးပင့် ကြည့်ခဲ့ကြပါတယ်။
သန့်ရှင်းတဲ့ အစိုးရဖြစ်ချင်ရင် သန့်ရှင်းတဲ့ သူတွေကိုသာ ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ လိုပါတယ်။ မသန့်ရှင်းတဲ့ သူတွေကို ဝန်ကြီးအဖြစ် ခန့်အပ်နေရင် သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ မလွယ်ကူသလို ပြည်သူတွေကလည်း အစိုးရအပေါ် အယုံအကြည်မရှိ ဖြစ်လာနိုင်ပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်ပါ ဆောင်းပါးရှင် ဒီရေမြင့်သစ်၏
“သန့်ရှင်းတဲ့ အစိုးရဖြစ်ချင်ရင် သန့်ရှင်းတဲ့ ပြည်ထောင်စုဝန်ကြီးခန့်ပါ” ဆောင်းပါးမှ ကောက်နုတ်ချက်
[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]
from The Voice Weekly's Facebook Wall http://ift.tt/Vv3blj
Comments
Post a Comment