Update News
----------------
"ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ပေါင်စတာလင် သန်း ၆၀ ဖြင့် ရီးရဲလ်မက်ဒရစ် စာချုပ်ခေါ်ယူ"
ကမ္ဘာ့ဖလားတွင် ဂိုးအများဆုံး သွင်းယူသည့် ကစားသမားအဖြစ် ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သော ကိုလံဘီယာ တိုက်စစ်မှူး ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ရီးရဲလ်မက်ဒရစ်က မိုနာကိုအသင်းထံမှ ပေါင်စတာလင် သန်း ၆၀ ဖြင့် ၆ နှစ်သက်တမ်းစာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက် ၂၃ နှစ်အရွယ် ရိုဒရီဂွက်ဇ်သည် ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ၆ ဂိုး သွင်းယူနိုင်ခဲ့သည်။
ရိုဒရီဂွက်ဇ်သည် ဂါရတ်သ်ဘေးလ် (ပေါင်စတာလင် သန်း ၈၀)၊ ခရစ္စတီယာနို ရော်နယ်လ်ဒို (ပေါင်စတာလင် သန်း ၈၀) နှင့် လူးဝစ် ဆွာရက်ဇ် (ပေါင်စတာလင် ၇၅ သန်း) တို့ပြီးလျှင် စတုတ္တမြောက် ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားလည်း ဖြစ်လာသည်။
ရိုဒရီဂွက်ဇ်ကို ရီးရဲလ်က အင်္ဂါနေ့ ညနေပိုင်းတွင် ပရိသတ်များနှင့် မိတ်ဆက်သွားမည်ဖြစ်သည်။ ရီးရဲလ်သို့ အပြောင်းအရွှေ့အတွက် ဆေးစစ်မှုခံယူခဲ့သည့် ရိုဒရီဂွက်ဇ်ကို မက်ဒရစ်မြို့ရှိ ဆေးရုံတွင် တွေ့ရသည်။
#MizzimaDaily
from Mizzima - News in Burmese's Facebook Wall http://ift.tt/1tvftpe
Comments
Post a Comment