Skip to main content

SSPP နှင့် အစိုးရတို့ နေပြည်တော်တွင် ရက်ပိုင်းအတွင်း တွေ့မည် ဖနိဒါ ချင်းမိုင်၊...



SSPP နှင့် အစိုးရတို့ နေပြည်တော်တွင် ရက်ပိုင်းအတွင်း တွေ့မည်



ဖနိဒါ



ချင်းမိုင်၊ ဇူလိုင် ၇



စစ်ရေးလျော့ချရေးအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UWPC တို့ နေပြည်တော်တွင် တွေ့ဆုံရန် SSPPက ရောက်ရှိနေပြီဟု SSPP/SSA ၏ အထွေထွေ အတွင်းရေးမှူး စပ်ခွန်ဆိုင်းက မဇ္ဈိမကို ပြောသည်။



SSPP/SSA ထွေထွေအတွင်းရေးမှူး စပ်ခွန်ဆိုင်း ဦးဆောင်သော ကိုယ်စားလှယ် ၁၂ ဦးမှာ ဇူလိုင်လ ၇ ရက်တွင် နေပြည်တော်သို့ ရောက်ရှိ နေသော်လည်း တွေ့ဆုံမည့် ရက်ကို မသိရသေးဟု စပ်ခွန်ဆိုင်းက ပြောသည်။ UWPC၏ နည်းပညာ အထောက်အကူပြု အဖွဲ့ဝင် ဦးညိုအုန်းမြင့်ကမူ SSPP နှင့် UWPC ဒုဥက္ကဋ္ဌ ဦးသိန်းဇော်တို့ တွေ့ဆုံမည်ဟု ကြားသိရသော်လည်း အသေးစိတ်ကို မသိရှိဟု မဇ္ဈိမကို ပြောသည်။



“သူတို့အကြောင်းကြားမှာပေါ့။ အခုက ကျွန်တော်တို့ ရောက်ကြောင်းပဲ သတင်းအကြောင်းကြားထားပြီးပြီ။ မနက်ဖြန်လား၊ သန်းဘက်ခါလားဆိုတာ သူတို့ ပြန်ချိန်းမှာပေါ့၊ လက်နက်ကိုင် ပဋိပက္ခလျော့ချရေး

အဓိကထားပြီး ကျွန်တော်ဦးဆောင်ပြီးတော့ ဆွေးနွေးမှာပါ”ဟု စပ်ခွန်ဆိုင်းက ပြောသည်။



ပြီးခဲ့သည့် ဇွန်လ ၂၆ နှင့် ၂၇ ရက်က တန့်ယန်းမြို့နယ်အတွင်း SSPP/SSA တပ်နှင့် အစိုးရစစ်တပ်တို့ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ၎င်းတို့ဘက်မှ တိုက်ပွဲများ ရပ်တန့်ပေးရန် မေတ္တာရပ်ခံခဲ့သဖြင့်

တွေ့ဆုံရခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။



“ကျွန်တော်တို့ဘက်က တိုက်ပွဲဖြစ်ဖြစ်ချင်းပဲ ချက်ချင်း သူတို့ကို ဖုန်းနဲ့လည်း တိုက်ခိုက်မှု အောက်ခြေတပ်တွေကို ရပ်တန့်ပေးဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံတယ်။ တစ်ချိန်ထဲမှာပဲ အဲဒီကိစ္စတွေကို

အီးမေးလ်နဲ့လည်း ပို့လိုက်တယ်”ဟု သူက ဆက်ပြောသည်။



SSPP/SSA ဌာနချုပ် ရှမ်းပြည်နယ် မြောက်ပိုင်း ကျေးသီးမြို့နယ် သာဖာဆောင်အနီးတဝိုက်တွင် အစိုးရ၏ စစ်တပ်များ ယခင်က တပ်ရင်း ၁ ရင်းသာရှိရာမှ ယခု တပ်ရင်း ၇ ရင်းအထိ အင်အားတိုးချဲ့မှုများ

ရှိလာသည်ဟု ဆိုသည်။ ယင်းအပြင်ယခုဆွေးနွေးမည့် ကာလအတွင်း စစ်ရေးထိန်းသိမ်းထားသည်ဟုလည်း သူက ဆိုသည်။



ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၄ ရက် အထိ SSPP ဗဟိုဌာနချုပ်ရှိရာ ဝမ့်ဟိုင်တွင် ၁၁ ရက်ကြာ SSPP/SSA ၏ ၆လပတ် အစည်းအဝေး ကျင်းပခဲ့ပြီး SSPP/SSA နယ်မြေအတွင်း အစိုးရ စစ်တပ်က တိုးချဲ့ ဝင်ရောက်လာမှုများအပေါ် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်ဟု ဇူလိုင်လ ၆ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသေးသည်။



ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်းက SSPP/SSA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီးနောက် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ SSPP/SSA သည် လက်ရှိ တစ်နိုင်ငံလုံး

အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေးအဖွဲ့ (NCCT) တွင်လည်း ပါဝင်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1n02giB

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...