Skip to main content

အပစ်ရပ်စဲရေးနှင့်ပတ်သက်၍ သမ္မတ၏ကမ်းလှမ်းချက်သည် အခွင့်ကောင်းအဖြစ် ရှုမြင်နိုင်သကဲ့သို့ ထောင်ချောက်များလည်းရှိနိုင်သည်ဟု NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး အလှည့်ကျသဘာပတိပြောကြား






အပစ်ရပ်စဲရေးနှင့်ပတ်သက်၍ သမ္မတ၏ကမ်းလှမ်းချက်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် အခွင့်ကောင်းအဖြစ် ရှုမြင်နိုင်သကဲ့သို့ ထောင်ချောက်များလည်းရှိနိုင်ကြောင်းဟု ကချင်ပြည်နယ် လိုင်ဇာ၌ ဇူလိုင် ၂၈ ရက်ကကျင်းပသည့် NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး အလှည့်ကျသဘာပတိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်က ပြောကြားသည်။



NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ တတိယနေ့အစည်းအဝေးတွင် အပစ်ရပ်မူကြမ်းပါ အခန်း(၅) မှစတင်ဆွေးနွေးခဲ့ပြီး နိုင်ငံရေးဆွေးနွေးရေးမူဘောင်ရေးဆွဲရေးဆိုင်ရာ၊ နိုင်ငံရေးဆွေးနွေးရေး ပူးတွဲဦးဆောင်ကော်မတီဖွဲ့စည်းရေး၊ အပစ်ရပ်စဲရေးကာလအတွင်း နှစ်ဖက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် ဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



တိုင်းရင်းသားအားလုံး၏ဆန္ဒမှာ လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အ၀ရရှိသည့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မည်ဆိုပါက တိုင်းရင်းသားများ၏ လိုလားချက်များအောင်မြင်မည်ဟု မျှော်လင့်ကြောင်း KNPP ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်ကဆိုသည်။



ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အကောင်းဆုံးမျှော်လင့်သည်ဖြစ်စေ အဆိုးဆုံးလည်း ပြင်ဆင်ထားသည်ဖြစ်စေ အဓိကအရေးကြီးတာက ကျွန်တော်တို့တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့လိုပါတယ်



ခွန်းအေဘယ်တွိဒ်က "သမ္မတဦးသိန်းစိန်ကမ်းလှမ်းလာတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကတော့ ကျွန်တော်ထင်တယ် ဒီတစ်ကြိမ်ဟာ နောက်ဆုံးကမ်းလှမ်းချက်ဖြစ်ပါလိမ့်မယ်။ သမ္မတဦးသိန်းစိန်ကမ်းလှမ်းချက်ကတော့ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းကြီးတစ်ခု ရှုမြင်လက်ခံသလို ကျွန်တော်တို့အတွက်လည်း ထောင်ချောက်များ ရှိကောင်းလည်းရှိနိုင်တယ်လို့ မျှော်လင့်မိတယ်" ဟု ပြောကြားသည်။



နိုင်ငံတော်သမ္မတ၏ အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကမ်းလှမ်းချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အကောင်းဘက်မျှော်လင့်ချက်ထားပြီး အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန်လည်းလိုအပ်မည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ခွန်းအေဘယ်တွိဒ်က ပြောကြားသည်။



"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အကောင်းဆုံးမျှော်လင့်သည်ဖြစ်စေ အဆိုးဆုံးလည်း ပြင်ဆင်ထားသည်ဖြစ်စေ အဓိကအရေးကြီးတာက ကျွန်တော်တို့တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့လိုပါတယ်" ဟု ၎င်းကဆိုသည်။



ယခင်စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဆောင်ရွက်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသည် အောင်မြင်မှုမရရှိခဲ့သောကြောင့် သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တပ်ပေါင်းစုအနေနှင့်မသွားဘဲ တစ်ဖွဲ့ချင်းစီသွားခဲ့သည့်အတွက်ကြောင့် တိုင်းရင်းသားများလိုချင်သော ဖက်ဒရယ်ပြည်ထောင်စုအဆင့်ထိရောက်အောင် မဆွေးနွေးနိုင်ခဲ့ဟု ခွန်းအေဘယ်တွိဒ်က ပြောကြားည်။



"ကျွန်တော်တို့ အဲဒါကိုသင်ခန်းစာယူပြီးတော့ ရှေ့ဆက် တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အရေးဆိုတဲ့နေရာမှာ ကျွန်တော်တို့က အတတ်နိုင်ဆုံး တစည်းတလုံးတည်းဖြစ်ဖို့လိုတယ်။ စည်းလုံးညီညွတ်မှု အင်မတန်အရေးကြီးတယ်။ စည်းလုံးညီညွတ်မှုက အောင်ကြောင်းဖြာတယ် ကျွန်တော်တို့အတွက်။ ကျွန်တော်တို့က အဖွဲ့အစည်းမိမိရဲ့ဆန္ဒသဘောထားအရ မလုပ်မိဖို့ အရေးကြီးတယ်။

ဗမာစကားအရ နွားကွဲကျားကိုက်တယ်။ အခုနွားမကွဲဘဲ ကျားကကိုက်နေတဲ့အနေအထားမျိုးရှိတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံးကို မိမိရဲ့ဆန္ဒ မိမိရဲ့သဘောထားအရ မလုပ်ကြဖို့ အင်မတန်အရေးကြီးတယ်လို့ ကျွန်တော်မြင်တယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။



KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးကလည်း တိုင်းရင်းသားအဖွဲ့များအကြား ညီညွတ်ရေးကို စိန်ခေါ်မှုဖြစ်သော အပစ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်သည့် အဖွဲ့လက်မှတ်ရေးထိုးကာ ကျန်နေသည့်အဖွဲ့ လမ်းဖွင့်ထားသည်ဆိုသည်မှာ အန္တရာယ်များလှသည်ဟု ပြောကြားထားသည်။



ငြိမ်းချမ်းရေး၊ အပစ်ရပ်စဲရေးတို့နှင့်ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တပ်ပေါင်းစုရှိကြောင်း၊ တပ်ပေါင်းစုမပြိုကွဲရန် များစွာအရေးကြီးကြောင်း တပ်ပေါင်းစုဖြင့် စည်းလုံးညီညွတ်စွာဆောင်ရွက်ပါက တိုင်းရင်းသားများ၏ ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေရရှိမည်ဟု ခွန်းအေဘယ်တွိဒ်က ပြောကြားသည်။



KNPP ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နှင့် ဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု၏ ဒုတိယဥက္ကဋ္ဌဖြစ်သည်။








from Eleven Daily News http://ift.tt/1oC8c6U

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3