Skip to main content

Master Sport ဖိနပ်စက်ရုံ ပိတ်သိမ်းလိုက်၍ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား ၈၀၀ကေ...



Master Sport ဖိနပ်စက်ရုံ ပိတ်သိမ်းလိုက်၍ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား ၈၀၀ကျော် နစ်နာကြေးတောင်းဆိုနေ



ခင်မြတ်မြတ်ဝေ



ရန်ကုန်၊ မဇ္ဈိမ။ ။ လှိုင်သာယာ စက်မှုဇုန် (၃)ရှိ Master Sport ဖိနပ်စက်ရုံပိတ်သိမ်းလိုက်သဖြင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများက လျှော်ကြေးငွေရရှိရန် စက်ရုံရှေ့တွင် တောင်းဆိုနေသည်မှာ ဇူလိုင် ၁ရက်နေ့တွင် ခြောက်ရက်မြောက်သွားပြီဟု အလုပ်သမားခေါင်းဆောင် ကိုကျော်စွာက မဇ္ဈိမကိုပြောသည်။



Master Sport ဖိနပ်ချုပ်စက်ရုံကို ဇွန်လ ၂၆ ရက်က ပိတ်သိမ်းခဲ့ပြီး စက်ရုံရှိ အလုပ်သမား ၈၀၀ခန့်က လုပ်ခလစာနှင့် နစ်နာကြေးများ ရရှိရန် စက်ရုံပိတ်သိမ်းသည့် နေ့မှ စတင်ကာ နံနက် ၇နာရီမှ ညနေ ၄နာရီအထိ တောင်းဆိုနေခြင်းဖြစ်သည်။



"ကျွန်တော်တို့တွေက အခုဆန္ဒပြတာမဟုတ်ဘူး။ တောင်းဆိုနေတာပါ။ ဥပဒေအတိုင်း လစာနဲ့ နစ်နာကြေးပေးမယ့် ရက်အထိကို စက်ရုံရှေ့မှာ အလုပ်သမားအကုန် ဒီတိုင်းထိုင်ပြီးနေမှာပါ"ဟု ကိုကျော်စွာက ပြောသည်။



Master Sport ဖိနပ်စက်ရုံတွင် ဆက်လက်လည်ပတ်ရန် ကုန်ကြမ်းမလုံလောက်တော့သဖြင့် စက်ရုံပိတ်သိမ်းမည်ဟု စက်ရုံတာဝန်ခံ ဒေါ်ခင်ထွေးက ဇွန်လ ၂၅ရက်က အလုပ်သမားများကို အသိပေးခဲ့သည်ဟု ကိုကျော်စွာက ဆိုသည်။



ယင်းသို့ စက်ရုံပိတ်သိမ်းခဲ့ရသဖြင့် စက်ရုံမှ အလုပ်သမားများအတွက် လုပ်ခလစာ တစ်လစာနှင့် နစ်နာကြေးများ ပေးရန် ဇွန်လ ၃၀ရက်က အလုပ်သမား ခေါင်းဆောင်များနှင့် စက်ရုံမန်နေဂျာ မစ္စတာဂျောင်တို့ လှိုင်သာယာရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်းခဲ့သေးသည်။ ညှိနှိုင်းရာတွင် စက်ရုံပိုင်ရှင် တောင်ကိုရီးယား နိုင်ငံသားမှာ ပြည်ပသို့ ရောက်ရှိနေသဖြင့် အလုပ်သမားများ၏ လစာနှင့် နစ်နာကြေးကို ဇူလိုင် ၅ရက်မှ ၁၀ရက်အတွင်း ဖြေရှင်းပေးမည်ဟု မစ္စတာဂျောင်က

ကတိပေးခဲ့သည်ဟု အလုပ်သမားများက ပြောကြသည်။



အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံ တာဝန်ခံ ဒေါ်ခင်ထွေးကို မဇ္ဈိမက ဇူလိုင်လ ၁ရက်က အကြိမ်ကြိမ် ဖုန်းခေါ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။



စက်ရုံပိတ်သိမ်းလိုက်ခြင်းကြောင့် စက်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားပေါင်း ၈၀၀မှာ လက်ရှိတွင် အလုပ်လက်မဲ့ ဘဝသို့ ရောက်ရှိသွားပြီဖြစ်သည်။ ထိုစက်ရုံမှ အလုပ်သမားများမှာ အခြေခံလစာ ကိုးသောင်းဝန်းကျင် ရရှိသည်ဟု အလုပ်သမားများက ဆိုသည်။



ယင်းစက်ရုံမှ Supervisor မအိအောင်က "ကျွန်မတို့မှာ အလုပ်လက်မဲ့ဖြစ်သွားတယ်။ အလုပ်ရှာမရသေးဘူး"ဟု မဇ္ဈိမကို ပြောသည်။



Master Sport ဖိနပ်စက်ရုံမှ ၀န်ထမ်း ၈၀၀ ကျော်တို့ကလည်း လုပ်ခလစာတိုးမြှင့်ပေးရေးအတွက် စက်ရုံအတွင်း ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလဆန်းက ဆန္ဒထုတ်ဖော်ခဲ့သေးသည်။



Master Sport ဖိနပ်စက်ရုံမှာ ၂၀၁၃ခုနှစ် ဇွန်လကမှ ဖွင့်ထားခြင်းဖြစ်ပြီး စက်ရုံသက်တမ်း တစ်နှစ်ခန့်သာ ရှိသေးသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1qMQDQU

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...