Skip to main content

#emg_opinions ကျွန်တော်တို့ ဗိုလ်ချုပ် (written by ရွှေဒါးမောင်လေးရည်) “သူတစ်ပ...



#emg_opinions



ကျွန်တော်တို့ ဗိုလ်ချုပ်



(written by ရွှေဒါးမောင်လေးရည်)



“သူတစ်ပါးကို ဆုံးမသည့်အတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးပြီးမှသာ သူတစ်ပါးကို ဆုံးမရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးအောင်ဆုံးမခြင်းသည် ခဲယဉ်းစွတကား” လို့ ဓမ္မပဒဘတ္တဝဂ်က ဆိုပါသည်။ ရှင်းပါသည်။ ယနေ့ကာလ၌ ခေါင်းထောင်ထလျက်ရှိသည့် “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဆိုသည့် အတ္တဝါဒီတို့၏ မင်းမဲ့စရိုက်များနှင့်တော့ ဆီနှင့်ရေကဲ့သို့လျှင် သူကတခြား ငါကတစ်ထွေ ဆိုဘိသို့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ပါပေ။

ဘယ်သူသေသေ ငတေမာလျှင်ပြီးရော စိတ်ထားတစ်ခုဖြင့် အများသူငါ မျက်ခုံးမွေးပေါ် ဘရိတ်ဒန့်စ်၊ ရက်ပ်ပါ ကချင်သူများအဖို့ကတော့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါပေ။



လူသားဟူသည် တစ်ဦးတစ်ယောက်တည်းနေထိုင်၍ ရကြသည်မဟုတ်ပါ။ ဒီ့အတွက်ကြောင့်ပင် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသည့် စကားပုံများ၊ တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ဆိုသည့် ဆိုထုံးစကားများ လူသားဝန်းကျင်၌ အခွင့်သာ၍ အခါသင့်ခဲ့ကြသည် မဟုတ်ပါလား။ ဒီတော့ လူသားတစ်ယောက်အဖြစ် ရှင်သန်ပေါက်ဖွားလာခဲ့ပြီဆိုလျှင် ပတ်ဝန်းကျင်နှင့် သဟဇာတမိမိ၊ လူသားဆန်ဆန် နေထိုင်ကျင့်ကြံကြဖို့ဆိုသည်မှာလည်း လူသားတစ်ဦးအတွက် အဓိကလိုအပ်သည့် အရည်အသွေးတစ်ခုပါပေ။ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်ဆိုသည့် စိတ်ဓာတ်များ လူ့ပတ်ဝန်းကျင်၌ အလုပ်မဖြစ်နိုင်သည်ကို ကောင်းစွာသတိချပ်ကြရပေမည်။ လူသားတစ်ယောက်အဖို့ ဆောင်ရန်ရှောင်ရန်နှင့် အလိုက်သင့်စွာ ကျင့်ကြံအသက်ရှင်ကြမှသာ ကိုယ့်အတွက်ရော ဝန်းကျင်အတွက်ပါ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ လှပသာယာသည့် အသိုက်အဝန်းတစ်ခုအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်နိုင်ပေမည်။



မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန်အဆိုအရ လူကြီးလူကောင်းဟူသည် လူအများစု၏ ရိုသေလေးစားထိုက်သောပုဂ္ဂိုလ် ဟူ၍ ဖွင့်ဆိုထားပေသည်။ ကျွန်တော်တို့ သဘောပေါက်နိုင်လောက်ပါသည်။ လူကြီးလူကောင်းဖြစ်ဖို့ ငွေအသပြာဖြင့် ဖန်ဆင်းပြုလုပ်၍ ရနိုင်မည်မဟုတ်ပါ။ အပေါ်ယံရွှေမှုန်ကြဲပြီး အတွင်းပိုင်းက အနှစ်သာရမဲ့ ကျီးအာသီးလို အနှစ်ပလာ အကာပြဲပြဲ စိတ်ဓာတ်ရှိသူများလည်း လူကြီးလူကောင်းအဖြစ် စာရင်းဝင်နိုင်မည် မဟုတ်ပါ။ လူရှေ့သူရှေ့ထွက်ပြီး ရုပ်ပြလှလှ မင်မောင်းကောင်းကောင်းဖြင့် ရက်ရောဟန်ဆောင် အလှူအတန်းများဖြင့် သရုပ်ဆောင်လျက်ရှိကြပြီး ဆင်းရဲသားနင်း ပြားတောင်သူဦးကြီးတို့၏ ဘိုးဘွားအစဉ်အဆက် ထွန်ယက်လုပ်ကိုင်လာကြသည့် ဓားမဦးချ မြေယာများကို အဓမ္မသိမ်းပိုက်ကြပြီး ဘွဲ့ခံသူဌေးလူတန်းစားများနှင့်လည်း လားလား မျှ မမျှော်မှန်းအပ်သည့် နေရာတစ်ခုသာဖြစ်သည်။ လူကြီးလူကောင်းဆိုသည်မှာ ဟန်ပြ ရိုက်စားလုပ်ရသည့်နှယ် မလွယ်ကူပါ။ မိမိ နှလုံးသား၌ အရင်းတည်ကိန်းဝပ်လျက်ရှိ သည့် အလှတရားတစ်ခုရှိနေဖို့ အရေးတ ကြီးလိုအပ်ချက်ဖြစ်ပါသည်။ သည်းခံခြင်း နိုးကြားခြင်း၊ လုံ့လရှိခြင်း၊ ဝေဖန်နိုင်ခြင်း၊ သနားကြင်နာတတ်ခြင်း၊ ဆင်ခြင်တုံတရား ရှိခြင်းဟူသည့် နာယကဂုဏ်ခြောက်ပါးနှင့် ပြည့်စုံသူတို့အား မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှ တညီတညွတ်တည်း မှတ်ယူလေးစားကြသည့် လူကြီးလူကောင်း၏ ဂုဏ်ရည်များပင် ဖြစ်ပါသည်။



ဒီနေရာ၌ မြတ်စွာဘုရားလောင်း မျောက်မင်း၏ ခေါင်းဆောင်ကောင်းဂုဏ်ရည်များကို သတိရလိုက်မိပါသည်။ တစ်ခါသော် တောအုပ်တစ်ခု၌ ဘုရားအလောင်း မျောက်မင်းဦးဆောင်သည့် မျောက်အုပ်တစ်အုပ်တို့ နေထိုင်ကြလေသည်။ ထိုတောအုပ်ရှိ မြစ်ကမ်းပါး၌ ထူးကဲသောအရသာရှိသည့် သရက်ပင်တစ်ပင်လည်း ရှိခဲ့ပါသည်။ ဘုရားအလောင်းမျောက်မင်းက အဆိုပါသရက်ပင်၏ အသီးကြောင့် မျောက်အပေါင်းတို့ဘေး ဒုက္ခနှင့် ရင်ဆိုင်ရနိုင်ကြောင်း တင်ကြို၍ တွေးမြင်မိခဲ့ပေသည်။ သို့အတွက်ကြောင့် သရက်သီးစားသုံးပြီးလျှင် လက်ကျန်အသီးအစေ့တို့ မြစ်အတွင်းသို့ မကျရောက်စေရန် သတိပေးစကားပြောကြားခဲ့ပေသည်။ သို့သော်လည်း သတိတရားမရှိသည့် မျောက်အချို့၏ သတိမထားမှုကြောင့် ဘေးဒုက္ခ နှင့်ရင်ဆိုင်တွေ့ကြုံကြရပေသည်။ ထိုအခါ ဘုရားအလောင်းမျောက်မင်းက ကြီးမားခိုင်ခံ့လှသည့် နွယ်ကြိုးတစ်ချောင်းဖြင့် မြစ်တစ်ဖက်ကမ်းရှိ သစ်ပင်၌နွယ်ကြိုး၏တစ်စကိုချည်နှောင်လျက် နွယ်ကြိုးအခြားတစ် ဖက်စကို မျောက်မင်း၏ခါး၌ ချည်နှောင်ကာ မြစ်၏ဟိုဘက်ကမ်းရှိ သစ်ပင်၏ကိုင်းဖျားကို မျောက်မင်းက စွဲကိုင်ထားခဲ့သည်။ မျောက်များအား နွယ်ကြိုးပေါ်မှတစ်ဆင့် မျောက်မင်း၏ကျောပေါ်မှသည် မြစ်၏ဟိုဘက်ကမ်းကို ကူးစေခဲ့၏။ ထိုမျောက်များ အနက်မှ ဒေဝဒတ်လောင်းမျောက်သည် ကောင်းမွန်စွာကူးသန်းခြင်းမပြုဘဲ ဘုရားအလောင်း၏ ကျောကုန်းပေါ်၌ ခုန်ပေါက်ပြေးလွှားကာ နှိပ်စက်ကလူပြုခဲ့သေးသည်ဖြစ်သော်လည်း သည်းခံခွင့်လွှတ်ခဲ့ဖူးပေသည်။ ခေါင်းဆောင်ကောင်းတို့၏ နှလုံးသည်းပွတ်မည်သည် အခြားသောသူတို့ထက် ထူးခြားရည်မွန်လှသည်ဖြစ်ပေရာ ဤပုံဝတ္ထုမှ သာဓက ဆောင်လျက်ရှိပေသည်။



ကျွန်တော်တို့၏ ရွာအခြေဘက်လှည့် ကြည့်ကြပါဦးစို့။ အခွင့်အရေးသမားတို့နေရာ နယ်ပယ်အသီးသီး၌ အောင်ပန်းများ ပန်ဆင်နေကြပေသည်။ အခွင့်အရေးဟုအသံကြားကာမျှဖြင့် ဘနဖူးကို သိုက်တူးကြဖို့ဝန်မလေးသလိုပင် အဘိုးအဘွားတို့၏ အမည်နာမဂုဏ်သိက္ခာကိုလည်း လက်လွှဲရောင်းစားကြဖို့ ဝန်မလေးသူများက ဘယ်ဘက်လှည့်ကြည့်ကြည့် နေရာအပြည့်ယူထားကြပေသည်။ မှန်ကန်သူများ အထိအခိုက်အနာတရများဖြင့် ထိရှနေရသည့် အခါသမယ ရင်လေးဖွယ်ပါပေ။ ရွှေဟင်္သာဆရာတော်ကြီးကတော့ လူကောင်းသူကောင်းများအတွက် ကဗျာလေးတစ်စဖြင့် ဂုဏ်ပြုချီးပထားခဲ့ပေသည်။ “အများအကျိုးရွက်သယ်ပိုးက ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့ ” ဟူ၍ ဖြစ်ပါသည်။ ခေါင်းဆောင်ကောင်းတို့မည်သည် ဖြစ်ပေါ်လာမည့် အကျိုးတရားနှင့် ပြုမူလိုက်သည့်အကြောင်းတရားကို ဆက်စပ်တွေးခေါ်နိုင်ကြသူများ ဖြစ်ကြပေသည်။ ရှေ့နားတွင်တင်ပြခဲ့သည့် ဘုရားလောင်းမျောက်မင်း၏ အမြော်အမြင်ကြီးစွာဖြင့် လမ်းညွှန်မှုပြုခဲ့ဖူးသည့်အတိုင်းပင် မဆင်မခြင်သူတစ်စုံတစ်ဦးကြောင့် အကျိုးဆက်အဖြစ် ဘေးဒုက္ခအပေါင်းနှင့် ရင်ဆိုင်ခဲ့ကြရသည်မှာ ခေါင်းဆောင်ကောင်း၏ လမ်းညွှန်မှုအပေါ် လိုက်နာရန် ပျက်ကွက်မှုကြောင့်ဆိုသည်မှာ ထင်ရှားနေပေသည်။ ဒီနေရာ၌ ခေါင်းဆောင်ကောင်း၏ အရည်အသွေး မည်မျှအရေးပါကြောင်း လေးစားအတုယူဖွယ်ကောင်းကြောင်း မီးမောင်းထိုးပြဘိသို့ ရှိချေသည်။



ဒီမိုကရေစီစာမျက်နှာများပေါ်မှ နိုင်ငံတကာအဖြစ်အပျက်များကို တွေ့မြင် ကြားသိနေကြရပေသည်။ ဘယ်နိုင်ငံက ဘယ်တာဝန်ရှိသူအကြီးအကဲ မိမိ၏တာဝန်ပျက်ယွင်းမှုကြောင့် ရာထူးမှနုတ်ထွက်အနားယူသွားခြင်း ဆိုသည့် ဖြစ်စဉ်များမကြာခဏ တွေ့မြင်နေရပေသည်။ ပူပူနွေးနွေးကိစ္စတစ်ခုဖြစ်သည့် တောင်ကိုရီးယားနိုင်ငံမှ ကူးတို့သင်္ဘောနစ်မြုပ်ခဲ့မှုကြောင့် ကျောင်းသူကျောင်းသား ဆရာ ဆရာမများသေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ကိုယ်တိုင် ရာထူးမှ နုတ်ထွက်သွားခဲ့သည့်ဖြစ်ရပ်မှာ ကိုယ့်တာဝန်အပေါ် ပြတ်သားစွာတာဝန်ခံယူမှု၏ ပြယုဂ်ပင်ဖြစ်ပေသည်။ ခေါင်းဆောင်ကောင်းတို့၏ အရည်အသွေးတစ်ရပ်ဖြစ်ပါသည်။ ဂုဏ်ယူဖွယ်ပါပေ။ ခေါင်းဆောင်ဟူသည် အခွင့်အရေး ရယူခံစားဖို့မဟုတ်ဘဲ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတို့ဖြင့် ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ကြဖို့သာ ဖြစ်ပေသည်။ စင်စစ်ခေါင်းဆောင်တစ်ဦး၏ ဂုဏ်ရည်မှာ အခြားသူတို့ထက် ရင့်ကျက်တည်ကြည်ကြသူများ ဖြစ်ပေသည်။ အခြေအနေအချိန်အခါလိုက်၍ ချင့်ချိန်ဆုံးဖြတ်နိုင်သူများလည်း ဖြစ်ပေသည်။ အများတကာထက် အနစ်နာခံနိုင်ခြင်း၊ အနစ်နာခံစရာရှိလျှင် ရှေ့မှနေ၍ တွန်းလှန်ကာကွယ်တတ်ပြီး အသာစံစရာရှိပါက ငယ်သားတို့အား စံစားစေပြီးမှ မိမိအလှည့်ကျရောက်စေခြင်း၊ အားနည်းသူတို့အပေါ် အနိုင်မယူတတ်ခြင်း၊ ညှာတာထောက်ထားတတ်ခြင်း၊ ဆင်ခြင်တိုင်းဆမှုဖြင့် အမှန်တရားဘက်မှ အမြဲတမ်းရပ်တည်တတ်ခြင်း၊ ထိန်းချုပ်သည်းခံလျက်ဖြင့် သဘောထားကြီးစွာ ထားတတ်ခြင်းစသဖြင့် လေးစားဖွယ်စိတ်ဓာတ်ရှိသူများသာ ဖြစ်ကြပေသည်။



သေသူကို ရှင်သူက တရပါလိမ့်ဟူသော ခေတ်သည် ယနေ့အထိ မကျိုးသေးချေ။ ဗိုလ်ချုပ်အောင်ဆန်းသည် အများထက်ပို၍ထူးခြားအောင် လုပ်ဆောင်နိုင်သောအချက်များ ရှိသည်။ ထိုအချက်များကား သတ္တိရှိခြင်း၊ စွန့်ခြင်း၊ သန့်ရှင်းခြင်း၊ အလုပ်ပိုလုပ်ခြင်း၊ အကျိုးကိုလျှော့၍ ခံစားခြင်းဟူသော ဂုဏ်နှင့်သာပြည့်စုံရုံမက သူနှင့်အပေါင်းပါတို့သည် သူ့ကဲ့သို့ပင် ထိုဂုဏ်တို့နှင့်ပြည့်စုံလာအောင် ဆောင်ကြဉ်းနိုင်သောအစွမ်းပင် ဖြစ်၏။ အကယ်၍ နောင်တစ်ခေတ်၌ တက်မည့်ခေါင်းဆောင်လောင်းတို့သည် ကျွန်တော်ဖော်ပြခဲ့သော ဗိုလ်ချုပ်၏စွမ်းရည်သတ္တိကို ကောင်းစွာအမွေခံနိုင်ကြပါမူကား နိုင်ငံရေး၌ မိတ်ဆွေမရှိဟူသော အစဉ်အလာဆိုးကြီးသည် ပပျောက်၍ နိုင်ငံအကျိုးဆောင်ရွက်သူတိုင်းကို လူထုကမိတ်ဆွေဟု အားကိုးနိုင်မည့်ဘဝသို့ ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်မိသည်” ဟူ၍ ဆရာကြီးမောင်ထင်က ဗိုလ်ချုပ်၏ခေါင်းဆောင်အင်္ဂါဆောင်းပါးတွင် ခေါင်းဆောင်ကောင်းတစ်ဦး၏ ပုံရိပ်ကိုညွှန်းဖွဲ့ခဲ့ပေသည်။



တစ်လောဆီကဆောင်းပါးတစ်ပုဒ်၌ နိုင်ငံတော်အကြီးအကဲဟောင်းများ၏ ပင်စင်လစာနှင့် စရိတ်ခံစားခွင့်များကို ဖတ်ရှုသိရှိလိုက်ရပေသည်။ ဒီအခါ မရှိတော့ပြီဖြစ်သည့် ဗိုလ်ချုပ်၏ ချို့တဲ့ပင်ပန်းစွာဖြင့် နိုင်ငံတော်နှင့် တိုင်းသူပြည်သားတို့အပေါ် အလုပ်အကျွေးပြုသွားခဲ့ပုံများကို ပြန်လည်မြင်ယောင်ကာ စိတ်မကောင်းခြင်းကြီးစွာ ခံစားခဲ့ရပေသည်။



ဗိုလ်ချုပ်ထမင်းစားနေတာကို အနီးကပ်မြင်နိုင်လေတော့၊ သူလည်းမသိမသာနေရာက ထရပ်ပြီး ဧည့်ခန်းကနေ ဗိုလ်ချုပ်ပခုံးပေါ်ကိုကျော်ပြီး ဟင်းခွက်တွေကို လှမ်းကြည့်လိုက်မိပါတယ်။ အဲဒီအချိန်မှာ ဆရာဟာ ရုတ်တရက်မှင်တက်မိသွားပါသတဲ့။ နိုင်ငံတော်ရဲ့ အကြီးအကဲစစ်ဝန်ကြီးရာထူးယူ ထားတဲ့ဗိုလ်ချုပ်ဘာတွေနဲ့များ စားနေတယ်ထင်ပါသလဲ။ ပဲဟင်းအချိုရည်ကျဲနဲ့ ခရမ်းချဉ်သီးသုပ်ပါတဲ့ခင်ဗျာ။ ကျန်တဲ့ရဲဘော်တွေလည်း အဲဒီဟင်းနဲ့ပါပဲ။ အဲဒီအချိန်က ပြည်သူတွေဆင်းရဲတယ်ဆိုပေမယ့် အနည်းဆုံး ငါးဟင်းနဲ့တော့ အိမ်တိုင်းစားနိုင်တဲ့အချိန်မှာ ဗိုလ်ချုပ်ဟာ သူ့ရဲဘော်တွေနဲ့အတူစားနေတဲ့ဟင်းကတော့ ဘယ်ပြည်သူမှ အဲဒီအချိန်က မစားတဲ့ဟင်းပါ။ နောက်သူတွေးကြည့်တော့ အပိုလာဘ်လာဘကိုလည်း လက်မခံ။ ရတဲ့လစာကို ရဲဘော်တွေနဲ့ ဝေစားနေတဲ့အချိန်မှာ ဒေါ်ခင်ကြည်လည်း ဒီဟင်းမျိုးပဲတတ်နိုင်လိမ့်မယ်ပေါ့။ သူ့ခမျာ မျက်ရည်မကျမိအောင်တောင်မှ မနည်းထိန်းခဲ့ရတယ်” ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်ကောင်းပုံရိပ်များကို လွမ်းမောဖွယ်ဖော်ပြခဲ့သည့် “ဘစံကောက်”၏ ဆောင်းပါးပါ စာကြောင်းများဖြင့် ဖခင်ဗိုလ်ချုပ်အား အောက်မေ့သတိရစွာဖြင့်။



(ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်တိုင်းရင်းသူများ)







from Eleven Media Group's Facebook Wall http://ift.tt/1kzqrVr

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3