Breaking News
------------------
"Delta နှင့် US Airways တို့၏ အစ္စရေးသို့ ပျံသန်းသော လေကြောင်းခရီးစဉ်များ ဆိုင်းငံ့"
Delta Air Lines နှင့် US Airways တို့သည် ၎င်းတို့၏ အစ္စရေးနိုင်ငံသို့ အသွားအပြန် လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့ထားလိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။ American Airlines ကမူ အစ္စရေးသို့ လေကြောင်းခရီးစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ပြောကြားသည်။
Lufthansa လေကြောင်းလိုင်း၏ အစ္စရေးသို့ ပျံသန်းသော ခရီးစဉ်များမှာမူ အပြောင်းအလဲမရှိကြောင်း သိရသည်။ ဂါဇာကမ်းမြောင်တွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တိုက်ပွဲဖြစ်ပွားနေရာ အဆိုပါဒေသ၏ လေပိုင်နက်အတွင်း ပျံသန်းရာ၌ MH17 မလေးရှား ခရီးသည်တင်လေယာဉ်ကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံတွေ့ရမည်ကို စိုးရိမ်မှုကြောင့် Delta နှင့် US Airways တို့က ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
http://ift.tt/OTcCHv
#MizzimaDaily
from Mizzima - News in Burmese's Facebook Wall http://ift.tt/1sLtP7o
Comments
Post a Comment