Skip to main content

" ဘယ်နှယောက်စာ အရေးကြီးလဲ (အယ်ဒီတာ့အာဘော်) " အရေးကြီးပုဂ္ဂိုလ်ဆိုသည်မှာ ဘယ်နှယေ...



" ဘယ်နှယောက်စာ အရေးကြီးလဲ

(အယ်ဒီတာ့အာဘော်) "



အရေးကြီးပုဂ္ဂိုလ်ဆိုသည်မှာ ဘယ်နှယောက်စာအရေးကြီးသောသူကို ဆိုလိုပါ သနည်းဟူသောကိစ္စကို စာဖတ်ပရိသတ်များ မိတ်ဆွေများ ဆွေးနွေးပြောပြချက်များဖြင့်

နှိုင်း ချင့်တင်ပြရန် အကြောင်းဆိုင်လာခဲ့ပြီဆိုရမည်။



အရေးကြီးပုဂ္ဂိုလ်တို့အကြောင်းကို သင်္ကြန်ကာလတုန်းကမဏ္ဍပ်တွေ မှာ အထူးအရေးကြီးပုဂ္ဂိုလ်တို့အတွက် VIP အခန်း ကိစ္စ စီးပွားရေး အမြင် တွေးဆနိုင်ခဲ့ကြသလို မတော်တဆမှုတွေမှာ အရေးပေါ်ကားဖြင့်တင်ပို့ရမည့် အရေးကြီးလူနာ VIP တို့အတွက် ကားတွေအဆင် သင့်ရှိ ဖို့ကိုလည်း လူမှုရေးအမြင် ပရဟိတ စိတ်ထားရှင် တို့ တွေးဆနိုင်ကြဖို့ တွေးခဲ့ရေးခဲ့တင်ပြခဲ့ခြင်းအပေါ် စာဖတ်ပရိသတ်များ ထံမှ နှစ်ထောင်းအားရတုံ့ပြန်စကားသံတွေ ပေးစာတွေ ကြားခဲ့၊ ရခဲ့ပါသည်။



ထိုစာထိုစကားများ၌ပင် VIP ဟုဆိုကာ နေရာတကာမှာ တစ်မူးပိုရှူ အခွင့်အရေးပိုယူ၊ အခွင့်ထူးခံလို သူတို့အကြောင်း ရင်ဖွင့်ပြော ဆိုခဲ့မှုတွေလည်းပါခဲ့၏။ ယင်းသို့ပရိသတ်များ မိတ်ဆွေ များဆွေးနွေးပြောပြချက်များကို အခြေခံပြီးတွေးဆမိသည့် VIP ဆိုသည့် အရေးကြီးပုဂ္ဂိုလ်တို့အခွင့်အရေးအကြောင်းနှင့်အတူ လတ်တလော

လူကြိုက်များနေသည့် ဘောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ကားမှ VIP ယာဉ်တန်းလမ်းပိတ်ဆို့မှုကြောင့် ပြဿနာများဆက်လက်ဖြစ်ပွားခဲ့ပုံ

ဇာတ်လမ်းဇာတ်ကွက်ကို အကြောင်းပြုကာ ...



”သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်

ကာသာဓမ္မတာတည်း …”ဟူသည့် အနန္တသူရိယအမတ်ကြီး၏ ‘သံဝေဂ’လ င်္ကာဖြင့်ပင်ဆက်စပ်တွေးဆ နှိုင်းချင့်ဆင်ခြင်ကြစေလို၏။



ကူညီသူရှိပါမှ စာမေးပွဲဖြေဆိုနိုင်မည့် လက်နှစ်ဖက်မရှိသူ မသန်စွမ်းကျောင်း သူလေးတစ်ဦးအတွက် အကူအညီပေးမည့် ပရဟိတစိတ်ထားရှင်လူမှုရေး

သမားတစ်ဦးသည် VIP ယာဉ်တန်းလမ်းပိတ်ဆို့မှုကြောင့် စာမေးပွဲအတွက် အချိန်မီသွားရောက်မကူညီနိုင်အောင်ဖြစ်ခဲ့ရသည်။



ယင်းဖြစ်ရပ်ကပင် လက်နှစ်ဖက်မဲ့ပေမယ့် ယုံကြည်ချက် မမဲ့ ခဲ့လေသူ မသန်စွမ်းကျောင်း သူလေးမှာကြီးမားသည့် ဘဝရည်မှန်းချက်ကို ရိုက်ချိုးလိုက်သလိုရှိခဲ့ပြီမို့ စိတ်ဓာတ်ကျကာ ကိုယ့်အသက်ကိုပင် အဆုံးစီရင်သည် အထိ ဖြစ်ပွားခဲ့သည်။



လမ်းပိတ်ဆို့မှုမှသည် မမျှော်လင့်ထားသော ရင်နင့်စရာဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ ရခြင်းကို ဖော်ညွှန်းထားသည့် အဆိုပါဘော လီးဝုဒ်ရုပ်ရှင်ဇာတ်ကားထဲမှာတော့ လမ်းပိတ်ဆို့မှု ဖြစ်စေသည့် ယာဉ်တန်းတွင် စီးနင်းလိုက်ပါလာသူမှာ အရေးကြီးပုဂ္ဂိုလ် VIP

ခေါ်ထိုက်သော တာဝန်ရှိလူကြီးကိုယ်တိုင်တောင် မဟုတ်ပါဘဲ ပြည်ထဲရေး ဝန်ကြီး၏ သမီးတစ်ဦးမျှသာဖြစ်နေခြင်းက ပို၍ဇာတ်နာရသလို ယင်းသို့မိသားစုလိုက် VIP အခွင့်ထူးခံနေကြမှု၊ အခွင့်အရေးအလွဲ သုံးစားပြုနေမှုတို့မှာ ၎င်းလူတန်းစားတို့အား အကာအကွယ်ပေးထားသည့် စနစ်ဆိုးကြောင့်ဖြစ်ကြောင်း မီးမောင်းထိုးရိုက်ကူးတင်ပြထားသည်။



ဤသို့သောဖြစ်ရပ်မျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေတ်ပြောင်း စနစ်ပြောင်းဆောင်ရွက်နေသော ကျွန်ုပ်တို့နိုင်ငံမှ VIP ကြီးငယ်မဟူ ၎င်းတို့ပိုရနေသော အခွင့်ထူးမှန်သမျှမှာ အခြားသူတို့၏ ရပိုင်ခွင့်တွေမှလာကြောင်းနှင့် ကိုယ်ရယူလိုက်သော အခွင့်ထူးကြောင့် မည်သူတွေ မည်မျှထိခိုက်နစ်နာသွားလေမည်နည်းဟူသည်ကို

လူသားချင်း စာနာစိတ်ရှိသင့်သည် မဟုတ်ပါလား။



ယာဉ်တန်း ပိတ်ဆို့မှုတွေမှာတော့ VIP ပုဂ္ဂိုလ်တို့ယာဉ်မှမဟုတ် လူပေါ်လူဇော်ပြု

လိုသူတို့၊ သူတကာထက် အခွင့်ထူးခံယူလိုစိတ်ရှိသူတို့၏ ယာဉ်ကားတွေက

စနစ်တကျစီ တန်းနေသည့် ကားတွေကြား မဆင်မခြင်ကျော်တက် ပန်းတက်

ကြားဖြတ်ဝင်ခြင်းကြောင့်လည်း ယာဉ်တွေပိတ်ဆို့ကာ ထိုယာဉ်များမှာပါရှိသူလူများစွာ၏

ဘဝများစွာကို ထိခိုက်နစ်နာစေကာလူသားချင်းမစာမနာပြုသည့်အဖြစ် ရောက်ကြသည်

ကိုလည်း သတိမူကြဖို့လိုပါမည်။



ဆိုညွှန်ခဲ့သည့် ဘောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားပါ မသန်စွမ်းသူကျောင်းသူလေး၏ ကြီးမားသောနစ်နာဆုံးရှုံးမှုမျိုးကို စာနာစိတ်ရှိကုန်သောမြန်မာ VIP များဆိုလျှင် မည် သို့ဖြေသိမ့်နိုင်ကြပါမည်နည်း။



မြန်မာ့စိတ်ရင်းအပါအဝင် ဘာသာတရား၏အဆုံးအမတို့ဖြင့် စာနာကာ

”အရေး ကြီးပုဂ္ဂိုလ်သည် လူဘယ်နှယောက်စာအတွက် အရေးကြီးေ သာ သူဖြစ်ပါသနည်း”ဟူသည့် တွေးဆသုံးသပ်ဆင်ခြင်မှုနှင့်အတူ

နိုင်ငံတော်သမ္မတကြီးကို VIP ဟု ရည်ညွှန်းလျှင် သမ္မတ၏အရေးကြီးပုဂ္ဂိုလ်ဖြစ်မှု သည် မြန်မာပြည်ရှိ လူသန်းခြောက်ဆယ်စာဟုဆိုနိုင်ကောင်းသော်လည်း သမ္မတမိသားစုဝင်အနေဖြင့် ထိုလူပမာဏစာ အရေးကြီးသူဟု သတ်မှတ်မရနိုင်

ကြောင်း သိနိုင်ကောင်းကြပါလိမ့်မည်။



ထိုနည်းတူ လူသားတိုင်း အရေးကြီးသူချည်းဖြစ်၍ ပိုအရေးကြီးမှု အရေးပိုကြီးသော ပုဂ္ဂိုလ်ဖြစ်မှုမှာ သူတာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းဆောင်တာအရ၊ သူတာ

ဝန်ခံထားသူ လူဦးရေပမာဏအရဟု သိမှတ်ကြပါလိမ့်မည်။



မည်သို့ဆိုစေပွဲလမ်းသဘင်မှာ၊ စားသောက်ဝိုင်းတွေမှာ VIP အရာ VIP နေရာပေးကြခြင်းက ဝမ်းအပြင်အိတ်မရှိ၍ အခြားသူကို မထိခိုက်လှသော်ငြား အခြားသူနှင့် အ များပြည်သူကို ထိခိုက်နိုင်သော အခွင့်အရေးပိုယူမှုတွေ၊ အခွင့်ထူးခံယူမှုတွေရှိလာပါက နိုင်ငံနှင့် လူမျိုးအကျိုးကို ရှေးရှုသော မည်သို့အဖွဲ့အစည်း၊ မည်သို့ဥပဒေတို့က သတိပေး မှုပြုကြလေမည်နည်းဟုအထွေအထူး ပုစ္ဆာထုတ်နေစရာ မလိုဘဲ ပြည်သူ့နီတိ လူ့ကျင့်ဝတ်ကသာလျှင် လူသားပီသမူကိုသက်သေပြု မည်ဖြစ်ကြောင်းတွေးဆ ရေးသားလိုက်ရပါ၏။



အယ်ဒီတာ

from Popular Myanmar News Journal's Facebook Wall http://ift.tt/1mIk8UI

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...