Skip to main content

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရက...



မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရက်ပိုင်းအတွင်း ဆောင်ရွက်ပေးမည်



မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရက်ပိုင်းအတွင်း ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။



ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ရရှိရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ One Stop Services စနစ်ဖြင့် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနမှ တာဝန်ခံအရာရှိတစ်ဦးကို ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (One Stop Services) ရုံး၌ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးထားပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားရရှိရေး လျှောက်ထားလာပါက ငါးရက်အတွင်း ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။



ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားရရှိရေး လျှောက်ထားရာတွင် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအမည်နှင့် လိပ်စာ၊ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းအမျိုးအစား၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လုပ်ငန်းခွင့်ပြုမိန့်၊ ထရန်စဖော်မာ တပ်ဆင်ရမည့်နေရာ၊ တပ်ဆင်မည့် ထရန်စဖော်မာအင်အား၊ သုံးစွဲမည့် ဝန်အားစာရင်း၊ စက်မှုဇုန်၌ ဆောင်ရွက်မည်ဆိုပါက ဇုန်ကော်မတီ၏ ထောက်ခံစာ၊ တပ်ဆင်သုံးစွဲခွင့်ပြုမိန့် ရရှိပါက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ ပေးသွင်းရမည့် သတ်မှတ်ထားသော အခကြေးငွေများ၊ Infrastructure ကြေး၊ ကြိုးသွယ်ခ၊ မီးဆက်ခ၊ ကြီးကြပ်ခတို့အား ပေးသွင်းပါမည်ဟူသော ဝန်ခံကတိပြုချက်များဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။



လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ခံအရာရှိသည် အချက်အလက်များ ပြည့်စုံစွာရရှိလျှင် ရင်းနှီးမြှုပ်နှံမည့်ဒေသသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပါက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သို့ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း ဖြစ်ပါက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းထံသို့ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမည့်ဒေသရှိ သက်ဆိုင်ရာ ခရိုင်လျှပ်စစ် အင်ဂျင်နီယာနှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများထံသို့ လည်းကောင်း ဆက်သွယ်၍ လုပ်ငန်းသုံး ထရန်စဖော်မာ တပ်ဆင်မည့်နေရာသို့ မည်ကဲ့သို့ ဓာတ်အားဆက်သွယ် ရယူမည်ကို ကွင်းဆင်းကြည့်ရှုစေပြီး (Technical Data) များ တောင်းခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ Technical Data အရ ဝန်အားနိုင်နင်းမှုရှိပါက သက်ဆိုင်ရာမြို့နယ်၏ ဓာတ်အားသုံးစွဲခွင့် သဘောတူညီချက်အရ ဓာတ်အားသုံးစွဲရန် ခွင့်ပြုမိန့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



အဆိုပါ လုပ်ငန်းစဉ်များဖြင့် ငါးရက်အတွင်း ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရေး စီမံထားရှိသော်လည်း ငါးရက်မတိုင်မီ ဆောင်ရွက်ပြီးစီးပါကလည်း ရင်းနှီးမြှုပ်နှံသူထံ အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။





မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရက်ပ�

news-eleven.com

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရက်ပိုင်းအတွင်း ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ရရှိရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ One…

from Eleven Media Group's Facebook Wall http://ift.tt/WnQ71w

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3