ထိုင်ဝမ်တွင် လေယာဉ်တစ်စင်းသည် ဇူလိုင် ၂၃ ရက်၌ အိမ်နှစ်လုံးပေါ်သို့ ပျက်ကျခဲ့ပြီးနောက် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လူ ၅၈ ဦးလိုက်ပါလာခဲ့သော ထိုင်ဝမ်လေကြောင်းလိုင်း TransAsia Airway ၏ လေယာဉ်ခရီးစဉ်အမှတ် GE222 သည် ဒုတိယအကြိမ်မြောက် ဆင်းသက်ရန် သတင်းပို့ခဲ့ပြီးနောက် ဖန်းဟူကျွန်းစုရှိ မာဂေါင်လေဆိပ်အနီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက် ထုတ်ပြန်မှုသည် ကွဲပြားနေသည်။ လူ ၅၁ ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်ဝမ် အရပ်ဘက်လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့မှ ရှင်းချီက ပြောကြားခဲ့သည်။ ယင်းကျွန်းစုရှိ မီးသတ်ဌာန အကြီးအကဲက သေဆုံးသူ ၄၅ ဦးရှိသည်ဟု ပြောကြားခဲ့ပြီး မီဒီယာများကမူ ၄၇ ဦး သေဆုံးကြောင်း ဖော်ပြခဲ့ကြသည်။
ယင်းလေယာဉ်သည် ဒုတိယအကြိမ်မြောက်ဆင်းသက်ရန် သတင်းပို့ခဲ့ပြီးနောက် မကြာမီ လေကြောင်းထိန်းချုပ်ရေးတာဝါနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း "ရှင်း" က ပြောကြားခဲ့သည်။ ယင်းပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွင် ခရီးသည် ၅၄ ဦးနှင့် လေယာဉ်အမှုထမ်းလေးဦး လိုက်ပါလာကြောင်း ရှင်း က ပြောကြားခဲ့သည်။
ယင်းလေယာဉ်သည် ကောင်ရွှမ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ခရီးစဉ် နှောင့်နှေးခဲ့ကြောင်း ရှင်းက ပြောကြားခဲ့သည်။ တိုင်ဖွန်းမတ်မို တိုက်ခတ်မှုကြောင့် ထိုင်ဝမ်တွင် ဇူလိုင် ၂၃ ရက်၌ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ လူကိုးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။ Ref:AFP
ထိုင်ဝမ်တွင် လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ ၄၀ ကျော် သေဆုံး
ထိုင်ဝမ်တွင် လေယာဉ်တစ်စင်းသည် ဇူလိုင် ၂၃ ရက်၌ အိမ်နှစ်လုံးပေါ်သို့ ပျက်ကျခဲ့ပြီးနောက် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လူ ၅၈ ဦးလိုက်ပါလာခဲ့သော ထိုင်ဝမ်လေကြောင်းလိုင်း TransAsia Airway ၏ လေယာဉ်ခရီးစဉ်အမှတ် GE222 သည် ဒုတိယအကြိမ်မြောက် ဆင်းသက်ရန် သတင်းပို့ခဲ့ပြီးနောက် ဖန်းဟူကျွန်းစုရှိ မာဂေါင်လေဆိပ်အနီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက် ထုတ်ပြန်မှုသည် ကွဲပြားနေသည်။ လူ ၅၁ ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်ဝမ် အရပ်ဘက်လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့မှ ရှင်းချီက ပြောကြားခဲ့သည်။ ယင်းကျွန်းစုရှိ မီးသတ်ဌာန အကြီးအကဲက သေဆုံးသူ ၄၅ ဦးရှိသည်ဟု ပြောကြားခဲ့ပြီး မီဒီယာများကမူ ၄၇ ဦး သေဆုံးကြောင်း ဖော်ပြခဲ့ကြသည်။ ယင်းလေယာဉ်သည် ဒုတိယအကြိမ်မြောက်ဆင်းသက်ရန် သတင်းပို့ခဲ့ပြီးနောက် မကြာမီ လေကြောင်းထိန်းချုပ်ရေးတာဝါနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း "ရှင်း" က ပြောကြားခဲ့သည်။ ယင်းပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွင် ခရီးသည် ၅၄ ဦးနှင့် လေယာဉ်အမှုထမ်းလေးဦး လိုက်ပါလာကြောင်း ရှင်း က ပြောကြားခဲ့သည်။ ယင်းလေယာဉ်သည် ကောင်ရွှမ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ခရီးစဉ် နှောင့်နှေးခဲ့ကြောင်း ရှင်းက ပြောကြားခဲ့သည်။ တိုင်ဖွန်းမတ်မို တိုက်ခတ်မှုကြောင့် ထိုင်ဝမ်တွင် ဇူလိုင် ၂၃ ရက်၌ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ လူကိုးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။ Ref:AFP
from Eleven Media Group's Facebook Wall http://ift.tt/WDGc8m
Comments
Post a Comment