Skip to main content

ရှမ်းပြည်နယ် ကျောက်မဲရဲစခန်း၌ တရားခံခုနစ်ဦး အချုပ်ခန်း ဖောက်ပြေးမှုကြောင့် သေနတ်...



ရှမ်းပြည်နယ် ကျောက်မဲရဲစခန်း၌ တရားခံခုနစ်ဦး အချုပ်ခန်း ဖောက်ပြေးမှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သုံးဦးသေဆုံး



ရှမ်းပြည်နယ် ကျောက်မဲရဲစခန်း၌ တရားခံခုနစ်ဦးက အချုပ်ခန်းအား ဖောက်ဖျက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက သေနတ်ဖြင့်ပစ်ခတ်ပြီး ပြန်လည်ဖမ်းဆီးခဲ့ရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဇူလိုင် ၂၇ ရက်တွင် စုံစမ်းသိရှိရသည်။



ဇူလိုင် ၂၆ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မရဲစခန်းရှိ ကျားအချုပ်ခန်း အမှတ် (၂)အတွင်းသို့ တာဝန်ကျ ရဲတာဝန်ရှိသူများက စောင်ထုပ်များကို အချုပ်ခန်းတံခါးဝမှ သွင်းပေးစဉ် တရားခံခုနစ်ဦးသည် အတင်းတွန်းထွက်၍ အချုပ်သားတစ်ဦးက ရဲတစ်ဦးအား လက်သီးဖြင့်ထိုးခဲ့ကြောင်း သိရသည်။



ယင်းသို့ ထိုးကြိတ်မှုကြောင့် ကျန်ရဲတာဝန်ရှိသူများက ပြန်လည်ဖမ်းဆီး ထိန်းသိမ်းခဲ့ရာ အဆိုပါတရားခံ ခုနစ်ဦးမှာ အချုပ်ခန်းအပြင်သို့ ရောက်ရှိလာခဲ့ပြီး အပြန်အလှန် ထိုးကြိတ်ခဲ့ကြကြောင်း၊ ယင်းနောက် ၎င်းတို့မှာ အချုပ်ခန်းအပြင်ဘက် ဘေးပတ်လည်ရှိ အုတ်နံရံတွင် ကာရံထားသည့် သံဆန်ခါအား ဆွဲဖြုတ်ကာ ထွက်ပြေးခဲ့ကြောင်း သိရသည်။



ထိုသို့ ထွက်ပြေးစဉ် ရဲတာဝန်ရှိသူများက ထပ်မံလုံးထွေး ဖမ်းဆီးရာ တရားခံများက ပြန်လည်ထိုးကြိတ် ခုခံခြင်း၊ သံဆန်ခါများမှ သစ်သားတန်းများကိုဖြုတ်၍ ရိုက်နှက်ထွက်ပြေးခဲ့သောကြောင့် အချုပ်ခန်း ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက M ၂၂ သေနတ်တစ်လက်၊ HK ၃၃ သေနတ်နှစ်လက်တို့ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။



ပစ်ခတ်ဖမ်းဆီးမှုကြောင့် ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် ထွက်ပြေးတရားခံ ခုနစ်ဦးစလုံးကို ပြန်လည်ဖမ်းဆီးရမိခဲ့သော်လည်း အချုပ်သားသုံးဦးမှာ သေဆုံးသွားခဲ့ကြောင်းနှင့် ၎င်းတို့ ခုနစ်ဦးစလုံးမှာ မူးယစ်ဆေးဝါးမှုဖြင့် တရားရင်ဆိုင်နေရသူများဖြစ်ပြီး ပြစ်ဒဏ်နှစ်ရှည် ကျခံရမည့်သူများလည်းဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။



“တရားခံသုံးဦးကတော့ သေနတ်မှန်သေဆုံးတာ ဖြစ်တယ်။ တစ်ဦးကတော့ လည်ပင်း၊ နှစ်ဦးက ခါးမှာလို့ သိရတယ်။ အစကတော့ ထိုးကြိတ်ဖမ်းဆီးခဲ့တာပါ။ ဒါပေမဲ့ မတတ်နိုင်တော့တဲ့ အခြေအနေမို့ အခု သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးခဲ့ရတာပါ။ အဲဒီလိုမှ မဖမ်းဘဲ ထွက်ပြေးလို့ တရားခံလွတ်သွားရင် သက်ဆိုင်တဲ့ ရဲအရာရှိ အပါဝင် ကျန်တဲ့အခြားအဆင့်တွေကလည်း ဥပဒေအရ အရေးယူခံရမယ်လေ။ ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ကျောက်မဲစခန်းမှူးက စိုးရိမ်ရတဲ့အတွက် မန္တလေးဆေးရုံကို ပို့ဆောင်ကုသနေပါတယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ပြောပြသည်။



အဆိုပါဖြစ်စဉ်မှ ဒဏ်ရာရရှိသူ တရားခံလေးဦးကို ကျောက်မဲခရိုင် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ရဲစခန်းက (ပ) ၃၉/၁၄ ပြစ်မှုပုဒ်မ

၃၀၇/ ၃၃၃/၂၉၄/၂၂၄/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။





ရှမ်းပြည်နယ် ကျောက်မဲရဲစခန်း၌ တရားခံခုနစ်ဦး အချုပ်ခန်းဖောက်ပြေးမှုကြောင့် သေနတ်ဖြင�

news-eleven.com

ရှမ်းပြည်နယ် ကျောက်မဲရဲစခန်း၌ တရားခံခုနစ်ဦးက အချုပ်ခန်းအား ဖောက်ဖျက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက သေနတ်ဖြင့်ပစ်ခတ်ပြီး ပြန်လည်ဖမ်းဆီးခဲ့ရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဇူလိုင် ၂၇ ရက်တွင် စုံစမ်းသိရှိရသည်။ဇူလိုင် ၂၆ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်မြောက်…

from Eleven Media Group's Facebook Wall http://ift.tt/1lL00fA

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...