Skip to main content

မန္တလေး ပဋိပက္ခဝန်းကျင်ရှိ လုံခြုံရေးကင်မရာ များကို စတင်စစ်ဆေး မန္တလေး၊ ဇူလိုင် ၈...



မန္တလေး ပဋိပက္ခဝန်းကျင်ရှိ လုံခြုံရေးကင်မရာ များကို စတင်စစ်ဆေး



မန္တလေး၊ ဇူလိုင် ၈



မန္တလေးမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူနှစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု သံယယရှိသူများကို ခေါ်ယူစစ်ဆေးလျက်ရှိပြီး ကျူးလွန်သူကို အမြန်ဆုံး ဖော်ထုတ်စစ်ဆေးနိုင်ရန် အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ရှိ လုံခြုံရေး ကင်မရာများမှလည်း ခြေရာခံ ဖော်ထုတ်စုံစမ်းလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



“လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ မသင်္ကာဖွယ်ရာရှိတဲ့သူတွေကို စစ်ဆေးနေတယ်။ ဘယ်နှယောက်ကို စစ်ဆေးနေတယ် ဆိုတာကတော့ ပြောလို့မရဘူး” ဟု ၎င်းကဆိုသည်။



မန္တလေးမြို့တော် ဈေးချို အနီးတစ်ဝိုက်တွင် ဇွန်လ ၂ ရက်နေ့ ညပိုင်း အချိန်နှင့် ဇွန်လ ၃ ရက်နေ့ နံနက်ခင်းပိုင်းအချိန်တွင် ဘာသာရေးအကြောင်းပြု၍ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး အမျိုးသား နှစ်ဦးသေဆုံးခဲ့မှုအတွက် သံသယရှိသူများကို ခေါ်ယူစစ်ဆေးနေသည့်အပြင် လှုံ့ဆော်သူများနှင့် လက်နက်ပစ္စည်းများ သိုလှောင်ထားရှိသူ ၁၆ ဦးကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ထပ်မံပြောကြားသည်။



ဘာသာရေးအခြေခံကာ အကြမ်းဖက်မှုများကြောင့် ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်နေ့များတွင် လူနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများ ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။



မန္တလေးခရိုင် ချမ်းမြသာစည် မြို့နယ်ရှိ သိုးခြံဗလီအနီးတွင် ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် အစ္စလာမ်ဘာသာဝင် ၃၀ ဦးက အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဓားဖြင့်ခုတ်ရာမှ ခြေသလုံးပိုင်း ဒဏ်ရာရရှိခဲ့သည့်အပြင် အဆိုပါနေ့ ည ၉ နာရီ ၂၀ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ တောင်မြင့်ရပ်ကွက်တွင် ဆိုင်ကယ် ၃ စီးပေါ်မှ အမျိုးသားများသည် လူစိမ်းများ ဝင်ရောက်သည်ဟုအော်၍ ထွက်ပြေးသွားခဲ့ကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သည်။



“ဒါက မဖြစ်သင့် မဖြစ်ထိုက်ဘဲ ဖြစ်ကြတာပါ။ ဘာသာရေးကို ရှေ့တန်းတင်ပြီး ဘာသာရေးကို ခုတုံးမလုပ်သင့်ပါဘူး။ ဘယ်သူ့ဘက်က ရန်လိုသည်ဖြစ်စေ ကိုယ်တွေဘက်က ပြန်လည် မတုံ့ပြန်စေချင်ပါဘူး။ အတူတကွ ပူးတွဲနေထိုင်လာတာ ကြာနေပါပြီ။ အားလုံးကို သဘောထားကြီးကြီးထားဖို့ လိုအပ်ပါတယ်” ဟု ၈၈ မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (မန္တလေး) အလုပ်သမားနှင့် လယ်သမားအရေး တာဝန်ခံ ဦးကျော်စိုးက ပြောကြားသည်။



မန္တလေးမြို့တော်ရှိ မြို့နယ်လေးခုတွင် CCTV ကင်မရာအလုံး ၇၀ ကို ယခုနှစ်ပိုင်းတွင် တပ်ဆင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1n72vs7

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...