Skip to main content

ရုပ်ရှင်၊ဂီတ၊သဘင်အဖွဲ့အစည်းများအတွက် ပုဂ္ဂလိကများထံမှ အလှူခံကာ ကျပ်သိန်း ၁၀၀၀စီဖြ...



ရုပ်ရှင်၊ဂီတ၊သဘင်အဖွဲ့အစည်းများအတွက် ပုဂ္ဂလိကများထံမှ အလှူခံကာ ကျပ်သိန်း ၁၀၀၀စီဖြင့် ဖောင်ဒေရှင်းများတည်ထောင်ပေးမည်ဟု နိုင်ငံတော်သမ္မတက ရုပ်ရှင်၊ဂီတ၊သဘင်ပညာရှင်များနှင့် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ကတိပြု



နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် ရုပ်ရှင်၊ဂီတ၊သဘင်ပညာရှင် များသည် ဇူလိုင်လ ၁၂ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် တွေ့ဆုံခဲ့ကြသည်။



တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းနှင့် အခြားပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။



ရုပ်ရှင်၊ဂီတ၊သဘင် အဖွဲ့အစည်း တစ်ခုချင်းစီအတွက် ဖောင်ဒေးရှင်းတစ်ခုစီ ထူထောင်ပေးမည်ဖြစ်ကြောင်း၊စတင်မတည်ချိန်တွင် သိန်း ၅ဝ နှင့် စတင်ထူထောင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အနုပညာကိုချစ်သည့် ပုဂ္ဂလိကများထံမှ အလှုခံကာ အနိမ့်ဆုံး သိန်း ၁ဝဝဝ စီဖြင့် တည်ထောင်ပေးမည်ဟု စီစဉ် ထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။



“အိုတဲ့လူတွေနာတဲ့လူတွေ အကူအညီပေးနိုင်ဖို့အတွက် စဉ်းစားထားပါတယ်။ဦးစိုးသိန်းက ဒါလေးသူသိတာနဲ့ ကျွန်တော်လာ သတိပေးတာပါ။အနုပညာရှင်ကို ချစ် မြတ်နိုးတဲ့ သူဌေးတွေအများကြီး ရှိပါတယ်။နောက်သူတို့ဆီက ကျွန်တော်တို့ အကူအညီတောင်းပေးမှာပါ”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။



ထို့နောက် တက်ရောက်လာသည့် ရုပ်ရှင်ပညာရှင်များကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းက နိုင်ငံတော်သမ္မတထံ ဆွေးနွေးတင်ပြခဲ့သည်။



ဦးလူမင်းက ဆွေးနွေးတင်ပြရာတွင် ယခင်က မြန်မာရုပ်ရှင်သည် ရွှေခေတ်တည်ထောင်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် သွပ်အဆင့်သို့ ရောက်ရှိနေကြောင်း၊မြန်မာရုပ်ရှင်လုပ်ငန်း ကျဆင်းရခြင်း၏ အဓိက အကြောင်းမှာ ပြသရန် ရုပ်ရှင်ရုံများမရှိတော့၍ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံ ၂၉ ရုံသာရှိပြီး တန်းစီစနစ်ဖြင့် ပြသနေရကြောင်း၊ထို့ပြင် နည်းပညာဆိုင်ရာ စက်ပစ္စည်းများ နိုင်ငံခြားမှ တင်သွင်းရာတွင် အခွန်အခများ ကင်းလွတ်ခွင့်ပေးစေလိုကြောင်း၊ခိုးကူးခွေဈေးကွက်ကို ထိ ရောက်စွာ နှိပ်နင်းပေးစေလိုကြောင်း၊ ရုပ်ရှင်၊ဗီဒီယိုများရိုက်ကူးရာတွင် စတူရီယိုများ မရှိကြောင်း၊ပြင်ဦးလွင်အနီး တစ်ဝိုက်တွင် စတူရီယို ဆောက်လုပ်ရန် မြေဧက ၂ဝရရှိထားပြီးဖြစ်သော်လည်း ရန်ကုန်နှင့်အနီးတစ်ဝိုက်တွင် သင့်လျော်သော မြေနေရာရရှိပါ ပိုအဆင်ပြေမည်ဖြစ်ကြောင်း၊ခိုင်မာသည့် မြန်မာ့ရုပ်ရှင် ဥပဒေပေါ်ပေါက်လာရန် လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။



မြို့များတွင် Town Plan နှင့် City Plan များ ရေးဆွဲနေကြောင်း၊ ၎င်းတို့၌ ရုပ်ရှင်ရုံများ ထည့်သွင်းတည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ ရုပ်ရှင်လောကကို နည်ပညာ ပံ့ပိုးပေးပြီး အခွန်အခများ ပြန်စိစစ်ပေးမည်ဖြစ်ကြောင်း၊ ခိုးကူးခွေများအား အစိုးရတစ်ခုတည်းသာမကဘဲ ပြည်သူများပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သင့်သည်ဟု ယူဆပြီး ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။



“ပြင်ဦးလွင်မှာ စတူရီယိုလုပ်ဖို့ မြေဧက ၂ဝ လောက် ပေးထားပါတယ်။ ရန်ကုန်အနီးနားမှာလည်း ထိုက်သင့်တဲ့နေရာပေးဖို့ စဉ်းစားပါတယ်။ပဲခူးနားတစ်ဝိုက်မှာ တစ် နေရာ ရှာကြည့်ပါမယ်။နောက်တစ်ခုက ကျူးကျော်တွေနဲ့ ပတ်သက်ပြီး ပြသနာမရှိတဲ့ ညောင်နှစ်ပင်မြို့နယ်နားဆိုရင် သိပ်တော့မဆိုးဘူး။အဲဒီနားဆိုရင်တော့ ခင်ဗျား တို့လိုချင်တဲ့ ဧက ၅ဝ လောက် တင်မကဘူး။ဧက ၁ဝဝလောက်ကို ဖြစ်နိုင်မယ်ဆိုရင် ပြည့်ပြည့်စုံစုံပေါ့။ဖြစ်နိုင်ရင် ရုပ်ရှင်မြို့တော်လိုဟာမျိုးပေါ့။ဒါတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်ဆိုတာ ကတိပြုပြောကြားလိုပါတယ်”ဟု ဦးသိန်းစိန်က ပြောသည်။



ထို့နောက် သဘင်ပညာရှင်များကိုယ်စား မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ပန်တျာမြကြည်က သဘင်ဆိုင်ရာရုံးကို နေပြည်တော်တွင် တည် ဆောက်နိုင်ရန် ရုံးမြေနေရာနှင့် အဆောက်အဦး ချထားပေးရန်၊တိုင်းနှင့်ပြည်နယ်များရှိ သဘင်ပညာရှင်အစည်းအရုံးများ မြေနေရာရရှိရန်၊ ဘုရားပွဲတော်ကြီးများတွင် ဇာတ်ရုံမြေနေရာရရှိရန် လေလံဈေးနှုန်း ကြီးမြင့်နေမှုအတွက် ကူညီပေးပါရန် စသည်ဖြင့် တင်ပြတောင်းဆိုခဲ့သည်။



ရန်ကုန်နှင့် မန္တလေးမြို့ကြီး နှစ်မြို့တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်အားလုံး ရာသီဥတုမရွေး အသုံးပြုနိုင်မည့် ခေတ်မီပြဇာတ်ရုံကြီးများ ဖြစ်မြောက်ရေးအတွက် အစိုးရအနေဖြင့် မတတ်နိုင်ပါက ပြည်ပအကူအညီများ ရယူရန်လိုကြောင်း၊ တရုတ်သည် အဆောက်အဦးများ ဆောက်လုပ်ကူညီပေးသည့် အစဉ်အလာရှိကြောင်း၊တရုတ်နိုင်ငံ ဝန်ကြီးချုပ်ထံ ရလိုရငြား အကူအညီတောင်းပေးမည်ဖြစ်ကြောင်း၊သက်ဆိုင်သူများ အနေဖြင့်လည်း ရရှိရန် ဝိုင်းဝန်းဆုတောင်းပေးစေလိုကြောင်း၊ အစိုးရ ဘတ်ဂျက်ဖြင့် ဆောက်လုပ်ရန် လွှတ်တော်သို့ တင်ပြပါက လွှတ်တော်မှ ကြိုက်လိမ့်မည်ဟု မထင်ကြောင်း နိုင်ငံတော်သမ္မက ပြောသည်။



ထိုပြင် ဂီတမူပိုင်ခွင့်ဥပဒေကို အမြန်ဆုံး အတည်ပြုပြဌာန်းပေးနိုင်ရေး ကူညီဆောင်ရွက်ပေးပါရန် တက်ရောက်လာသော ဂီတပညာရှင်များ ကိုယ်စားဂီတအစည်းအရုံး(ဗဟို) ဥက္ကဌ ဦးတင်ဦးလေးက ပြောကြားခဲ့သည်။



ထို့နောက် ရုပ်ရှင်၊ဂီတ၊ဘသင်ပညာရှင်များအနေဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိရန်လိုကြောင်း၊အဖွဲ့အစည်း အချင်းချင်းလည်း စည်းလုံးညီညွတ်မှုရှိရန်လို ကြောင်း၊စည်းလုံးညီညွတ်မှုအားနှင့် နိုင်ငံတော်သစ်ချီတက်ရေးတွင် အနုပညာအစွမ်းဖြင့် တစ်တတ်တစ်အား ပါဝင်ကူညီပေးကြပါရန် အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။



ယခုတွေ့ဆုံပွဲကို အဓိက ဦးဆောင်စီစဉ်ခဲ့သူမှာ ဦးဇာဂနာ ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ယခုကဲ့သို့ပင် အနုပညာရှင်များနှင့် တွေ့ဆုံရန် အဓိက ဆော်ဩခဲ့သူဖြစ်ကြောင်း သိရသည်။



ယခုတွေ့ဆုံပွဲအတွက် အခမ်းအနားမှူးများအဖြစ် ဦးအရိုင်းနှင့် သရုပ်ဆောင် ချောရတနာတို့က ဆောင်ရွက်ခဲ့သည်။ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အနုပညာရှင်များတွင် ဒါရိုက်တာမီးပွား၊ဒါရိုက်တာဝင်းထွန်းထွန်း၊ လူမင်း၊ နေတိုး၊ပြေတီဦး၊ပြေတီဦး၊ မြင့်မြတ်၊ စွမ်းဇာနည်၊ဟန်ဇာမိုးဝင်း၊

ဦးအောင်လွင်၊ ငှက်ပျော်ကျော်၊ ဇော်ပိုင်၊စည်သူလွင်၊ချိုပြုံး၊ ခိုင်သင်းကြည်၊အိဒြာကျော်ဇင်၊အေးမြတ်သူ စသူတို့တက်ရောက်ခဲ့ကြသည်။





နိုင်ငံတော်သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံ

ရုပ်ရှင်၊ဂီတ၊သဘင်အဖွဲ့အစည်းများအတွက် ပုဂ္ဂလိကများထံမှ အလှူခံကာ ကျပ်သိန်း ၁၀၀၀စီဖြင့် ဖောင်ဒေရှင်းများတည်ထောင်ပေးမည်ဟု နိုင်ငံတော်သမ္မတက ရုပ်ရှင်၊ဂီတ၊သဘင်ပညာရှင်များနှင့် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ကတိပြု နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် ရုပ်ရှင်၊ဂီတ၊သဘင်ပညာရှင် များသည် ဇူလိုင်လ ၁၂ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းနှင့် အခြားပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ရုပ်ရှင်၊ဂီတ၊သဘင် အဖွဲ့အစည်း တစ်ခုချင်းစီအတွက် ဖောင်ဒေးရှင်းတစ်ခုစီ ထူထောင်ပေးမည်ဖြစ်ကြောင်း၊စတင်မတည်ချိန်တွင် သိန်း ၅ဝ နှင့် စတင်ထူထောင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အနုပညာကိုချစ်သည့် ပုဂ္ဂလိကများထံမှ အလှုခံကာ အနိမ့်ဆုံး သိန်း ၁ဝဝဝ စီဖြင့် တည်ထောင်ပေးမည်ဟု စီစဉ် ထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ “အိုတဲ့လူတွေနာတဲ့လူတွေ အကူအညီပေးနိုင်ဖို့အတွက် စဉ်းစားထားပါတယ်။ဦးစိုးသိန်းက ဒါလေးသူသိတာနဲ့ ကျွန်တော်လာ သတိပေးတာပါ။အနုပညာရှင်ကို ချစ် မြတ်နိုးတဲ့ သူဌေးတွေအများကြီး ရှိပါတယ်။နောက်သူတို့ဆီက ကျွန်တော်တို့ အကူအညီတောင်းပေးမှာပါ”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ရုပ်ရှင်ပညာရှင်များကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းက နိုင်ငံတော်သမ္မတထံ ဆွေးနွေးတင်ပြခဲ့သည်။ ဦးလူမင်းက ဆွေးနွေးတင်ပြရာတွင် ယခင်က မြန်မာရုပ်ရှင်သည် ရွှေခေတ်တည်ထောင်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် သွပ်အဆင့်သို့ ရောက်ရှိနေကြောင်း၊မြန်မာရုပ်ရှင်လုပ်ငန်း ကျဆင်းရခြင်း၏ အဓိက အကြောင်းမှာ ပြသရန် ရုပ်ရှင်ရုံများမရှိတော့၍ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံ ၂၉ ရုံသာရှိပြီး တန်းစီစနစ်ဖြင့် ပြသနေရကြောင်း၊ထို့ပြင် နည်းပညာဆိုင်ရာ စက်ပစ္စည်းများ နိုင်ငံခြားမှ တင်သွင်းရာတွင် အခွန်အခများ ကင်းလွတ်ခွင့်ပေးစေလိုကြောင်း၊ခိုးကူးခွေဈေးကွက်ကို ထိ ရောက်စွာ နှိပ်နင်းပေးစေလိုကြောင်း၊ ရုပ်ရှင်၊ဗီဒီယိုများရိုက်ကူးရာတွင် စတူရီယိုများ မရှိကြောင်း၊ပြင်ဦးလွင်အနီး တစ်ဝိုက်တွင် စတူရီယို ဆောက်လုပ်ရန် မြေဧက ၂ဝရရှိထားပြီးဖြစ်သော်လည်း ရန်ကုန်နှင့်အနီးတစ်ဝိုက်တွင် သင့်လျော်သော မြေနေရာရရှိပါ ပိုအဆင်ပြေမည်ဖြစ်ကြောင်း၊ခိုင်မာသည့် မြန်မာ့ရုပ်ရှင် ဥပဒေပေါ်ပေါက်လာရန် လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မြို့များတွင် Town Plan နှင့် City Plan များ ရေးဆွဲနေကြောင်း၊ ၎င်းတို့၌ ရုပ်ရှင်ရုံများ ထည့်သွင်းတည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ ရုပ်ရှင်လောကကို နည်ပညာ ပံ့ပိုးပေးပြီး အခွန်အခများ ပြန်စိစစ်ပေးမည်ဖြစ်ကြောင်း၊ ခိုးကူးခွေများအား အစိုးရတစ်ခုတည်းသာမကဘဲ ပြည်သူများပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သင့်သည်ဟု ယူဆပြီး ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ “ပြင်ဦးလွင်မှာ စတူရီယိုလုပ်ဖို့ မြေဧက ၂ဝ လောက် ပေးထားပါတယ်။ ရန်ကုန်အနီးနားမှာလည်း ထိုက်သင့်တဲ့နေရာပေးဖို့ စဉ်းစားပါတယ်။ပဲခူးနားတစ်ဝိုက်မှာ တစ် နေရာ ရှာကြည့်ပါမယ်။နောက်တစ်ခုက ကျူးကျော်တွေနဲ့ ပတ်သက်ပြီး ပြသနာမရှိတဲ့ ညောင်နှစ်ပင်မြို့နယ်နားဆိုရင် သိပ်တော့မဆိုးဘူး။အဲဒီနားဆိုရင်တော့ ခင်ဗျား တို့လိုချင်တဲ့ ဧက ၅ဝ လောက် တင်မကဘူး။ဧက ၁ဝဝလောက်ကို ဖြစ်နိုင်မယ်ဆိုရင် ပြည့်ပြည့်စုံစုံပေါ့။ဖြစ်နိုင်ရင် ရုပ်ရှင်မြို့တော်လိုဟာမျိုးပေါ့။ဒါတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်ဆိုတာ ကတိပြုပြောကြားလိုပါတယ်”ဟု ဦးသိန်းစိန်က ပြောသည်။ ထို့နောက် သဘင်ပညာရှင်များကိုယ်စား မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ပန်တျာမြကြည်က သဘင်ဆိုင်ရာရုံးကို နေပြည်တော်တွင် တည် ဆောက်နိုင်ရန် ရုံးမြေနေရာနှင့် အဆောက်အဦး ချထားပေးရန်၊တိုင်းနှင့်ပြည်နယ်များရှိ သဘင်ပညာရှင်အစည်းအရုံးများ မြေနေရာရရှိရန်၊ ဘုရားပွဲတော်ကြီးများတွင် ဇာတ်ရုံမြေနေရာရရှိရန် လေလံဈေးနှုန်း ကြီးမြင့်နေမှုအတွက် ကူညီပေးပါရန် စသည်ဖြင့် တင်ပြတောင်းဆိုခဲ့သည်။ ရန်ကုန်နှင့် မန္တလေးမြို့ကြီး နှစ်မြို့တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်အားလုံး ရာသီဥတုမရွေး အသုံးပြုနိုင်မည့် ခေတ်မီပြဇာတ်ရုံကြီးများ ဖြစ်မြောက်ရေးအတွက် အစိုးရအနေဖြင့် မတတ်နိုင်ပါက ပြည်ပအကူအညီများ ရယူရန်လိုကြောင်း၊ တရုတ်သည် အဆောက်အဦးများ ဆောက်လုပ်ကူညီပေးသည့် အစဉ်အလာရှိကြောင်း၊တရုတ်နိုင်ငံ ဝန်ကြီးချုပ်ထံ ရလိုရငြား အကူအညီတောင်းပေးမည်ဖြစ်ကြောင်း၊သက်ဆိုင်သူများ အနေဖြင့်လည်း ရရှိရန် ဝိုင်းဝန်းဆုတောင်းပေးစေလိုကြောင်း၊ အစိုးရ ဘတ်ဂျက်ဖြင့် ဆောက်လုပ်ရန် လွှတ်တော်သို့ တင်ပြပါက လွှတ်တော်မှ ကြိုက်လိမ့်မည်ဟု မထင်ကြောင်း နိုင်ငံတော်သမ္မက ပြောသည်။ ထိုပြင် ဂီတမူပိုင်ခွင့်ဥပဒေကို အမြန်ဆုံး အတည်ပြုပြဌာန်းပေးနိုင်ရေး ကူညီဆောင်ရွက်ပေးပါရန် တက်ရောက်လာသော ဂီတပညာရှင်များ ကိုယ်စားဂီတအစည်းအရုံး(ဗဟို) ဥက္ကဌ ဦးတင်ဦးလေးက ပြောကြားခဲ့သည်။ ထို့နောက် ရုပ်ရှင်၊ဂီတ၊ဘသင်ပညာရှင်များအနေဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိရန်လိုကြောင်း၊အဖွဲ့အစည်း အချင်းချင်းလည်း စည်းလုံးညီညွတ်မှုရှိရန်လို ကြောင်း၊စည်းလုံးညီညွတ်မှုအားနှင့် နိုင်ငံတော်သစ်ချီတက်ရေးတွင် အနုပညာအစွမ်းဖြင့် တစ်တတ်တစ်အား ပါဝင်ကူညီပေးကြပါရန် အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယခုတွေ့ဆုံပွဲကို အဓိက ဦးဆောင်စီစဉ်ခဲ့သူမှာ ဦးဇာဂနာ ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ယခုကဲ့သို့ပင် အနုပညာရှင်များနှင့် တွေ့ဆုံရန် အဓိက ဆော်ဩခဲ့သူဖြစ်ကြောင်း သိရသည်။ ယခုတွေ့ဆုံပွဲအတွက် အခမ်းအနားမှူးများအဖြစ် ဦးအရိုင်းနှင့် သရုပ်ဆောင် ချောရတနာတို့က ဆောင်ရွက်ခဲ့သည်။ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အနုပညာရှင်များတွင် ဒါရိုက်တာမီးပွား၊ဒါရိုက်တာဝင်းထွန်းထွန်း၊ လူမင်း၊ နေတိုး၊ပြေတီဦး၊ပြေတီဦး၊ မြင့်မြတ်၊ စွမ်းဇာနည်၊ဟန်ဇာမိုးဝင်း၊ ဦးအောင်လွင်၊ ငှက်ပျော်ကျော်၊ ဇော်ပိုင်၊စည်သူလွင်၊ချိုပြုံး၊ ခိုင်သင်းကြည်၊အိဒြာကျော်ဇင်၊အေးမြတ်သူ စသူတို့တက်ရောက်ခဲ့ကြသည်။

from Eleven Media Group's Facebook Wall http://ift.tt/1y7ENEt

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...