နှာခေါင်းမှာ မွေးရာပါအသားပို ပါလာတဲ့ကလေး ဆေးကုသဖို့ ငွေကြေးခက်ခဲ
သာမန်လက်လုပ်လက်စား ဇနီးမောင်နှံကနေ မွေးဖွားလာတဲ့ ကလေးငယ်လေး တစ်ဦးရဲ့ နှာခေါင်းပေါ်မှာ မွေးရာပါ အသားပိုပါလာပြီး ဆေးဝါးကုသဖို့ ငွေကြေးခက်ခဲနေပါတယ်။
၂၀၁၄ ခုနှစ် မေလ ၁၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ထမန်ကြီးကျေးရွာမှာ ဒီကလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
ကလေးမှာပါတဲ့ အသားပိုဟာ အဖုထိပ်မှာ အသီးလုံးပုံသဏ္ဍန် အသားလုံးလေးတစ်ခု ပါရှိပြီး အဖုဟာ ပျော့ပျောင်းပေမယ့် ကလေးငိုပါက အရွယ်အစား ကြီးလာတာကြောင့် မိတ္ထီလာဆေးရုံကြီးမှာ သွားပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီကနေမှ မန္တလေး ပြည်သူ့ဆေးရုံကြီးဆီကို လွှဲပြောင်းပေးတာ ဖြစ်တယ်လို့ ကလေးရဲ့မိခင် ဒေါ်သန်းသန်းခိုင်က ဆိုပါတယ်။
ကလေးမွေးခါစ အချိန်တုန်းက မိဘတွေဟာ ရှက်ကြောက်ပြီး ဖုံးထားခဲ့ပေမယ့် သံဃာတော်တွေရဲ့ ဖျောင်းဖျ နှစ်သိမ့်မှုကြောင့် ဆေးကုသဖို့ မိတ္ထီလာသို့ ရောက်လာတယ်လို့ ထမန်ကြီးကျေးရွာ ဝေယံဘုံသာ ပဋိယတ္တိ စာသင်တိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။
ကလေးငယ်ကို ဆေးဝါးကုသတဲ့အခါ ကုသိုလ်ပါဝင်လိုသူတွေ အနေနဲ့ ဝေယံဘုံသာ ပရိယတ္တိ စာသင်တိုက် ဖုန်းနံပါတ် ၀၉ ၂၅၉၀၅၃၇၉၃ နဲ့ ၀၆၄ ၂၅၅၉၀ တို့မှာ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။
from The Voice Weekly's Facebook Wall http://ift.tt/1kZfWKV
Comments
Post a Comment