Skip to main content

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် တရားဝင်လက်မှတ်ထုတ်ပေးနေရာ မြန်မာလုပ်သား...



ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် တရားဝင်လက်မှတ်ထုတ်ပေးနေရာ မြန်မာလုပ်သား သုံးပုံ တစ်ပုံသာ လာလုပ်သေး



ဖနိဒါ



ချင်းမိုင်၊ ဇူလိုင် ၁



မြန်မာလုပ်သားများ အပါအဝင် ထိုင်းနိုင်ငံအတွင်း လာရောက် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင် အလုပ် လုပ်ကိုင်နိုင်ရန် အလုပ်သမားလက်မှတ်(ဘတ်)ကို ဇွန်လ ၃၀ ရက်မှ စတင် ထုတ်လုပ်ပေးနေရာ မြန်မာနိုင်ငံသား အလုပ်သမား ၃ ပုံ ၁ ပုံခန့်သာ လာရောက် လုပ်ကိုင်သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ (MAT)၏ အထွေထွေ

အတွင်းရေးမှူး ကိုခိုင်ကြီးက မဇ္ဈိမကို ပြောသည်။



မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံ အာဏာသိမ်း စစ်ကောင်စီက စမွတ်စခွန်(မဟာချိုင်)တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးနေရာ ဇွန်လ ၃၀ရက်က အလုပ်သမား ၁၈၀၀ ကျော်နှင့် ဇူလိုင်လ ၁ ရက်တွင် အလုပ်သမား ၁၅၀၀ ကျော် စုစုပေါင်း (၃၃၀၀)ကျော် လာရောက် လုပ်ဆောင်ရာတွင် မြန်မာအလုပ်သမား

၁၀၀၀ ခန့်သာ ပါဝင်သည်ဟု သူက မဇ္ဈိမကို ပြောသည်။



“မဟာချိုင်မှာ မနေ့က ရုံးဖွင့်တယ်။ လူပေါင်း ၁၈၀၀ လောက်လာတယ်။ ဒီနေ့မနက်ပိုင်း မိုးလင်းတာနဲ့ လူ ၈၀၀ လောက်ရှိပြီး ညနေပိုင်း ၃ နာရီလောက်မှာ တခေါက်ပြန်ကြည့်တော့ ၁၅၀၀ လောက်တော့ရှိတယ်။ ဒါပေမဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံသား တော်တော်နည်းတယ်။ ကမ္ဘောဒီယားနဲ့ လာအိုတွေပဲ များတယ်။ မြန်မာနိုင်ငံသားက သုံးပုံ တပုံလောက်ပဲ ရှိတယ်”ဟု ကိုခိုင်ကြီးက

ပြောသည်။



အခြား လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံသား အများစုမှာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူ များပြီး မြန်မာနိုင်ငံသား အများစုမှာ စက်ရုံ၊ အလုပ်ရုံတွင် လုပ်ကိုင်ရာ အလုပ်ရှင်က အာဏာပိုင်များကို ပိုက်ဆံပေး၍ လုပ်ခွင့်ပြုထားသဖြင့် မလုပ်မဖြစ် အလုပ်သမားများကိုသာ တရားဝင်ကတ် လာရောက်လုပ်ကိုင်သည်ဟု သူက ဆိုသည်။



“ ပြဿနာက တရားဝင်လုပ်တဲ့စနစ်က ငွေကို ကိုယ်တိုင်ရှင်းရတဲ့စနစ်ကို လုပ်တာပဲ။ လုပ်ငန်းရှင်ကနေ ကြားထဲ ဘယ်လောက်ကုန်တယ်ဆိုတာ ပွင့်လင်းမြင်သာအောင် လုပ်တော့ သူတို့အတွက် အကျိုးအမြတ် မရှိဘူး။ အဲတော့ တကယ့် မဖြစ်မနေလူလောက်ပဲ တက်လုပ်နေတာ။ အလုပ်သမား လက်မှတ် လုပ်ထားပြီဆိုရင် သူတို့က အစိုးရကို အခွန်ဆောင်ရတော့မယ်။ လိုက်မှာကြောက်လို့ အခြေအနေကြည့်ပြီး မလုပ်ပေးသေးတာ”ဟု သူက ဆက်ပြောသည်။



ထိုင်းအလုပ်ရှင်များဘက်မှ စောင့်ကြည့်နေသည့် အနေအထား ရှိနေပြီး လတ်တလော မြန်မာနိုင်ငံသား ပွဲစားများ စမွန်စခွန်(မဟာချိုင်) ရုံးသို့ ရောက်လာပါက ဖမ်းဆီးမည် ဟူသော သတင်း ထွက်ပေါ်နေသဖြင့် အလုပ်သမား အကျိုးဆောင်များက မသွားရဲဘဲ ဖြစ်နေသည်ဟု သူက ဆိုသည်။



ဇွန်လ ၃၀ ရက်က စတင်၍ ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာနက တရားမဝင် အလုပ်သမားများအတွက် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်ကို တစ်နေရာတည်းအပြီး (One stop service) လုပ်ဆောင်ပေးနေပြီး အဆိုပါ အလုပ်သမား လက်မှတ်ကို နှစ်လအတွင်း လာရောက် လုပ်ရမည်ြ ဖစ်သည်။ နှစ်လအတွင်း တရားဝင် လာရောက် မလုပ်ပါက ထိုင်းစစ်တပ်က ပြန်လည် ဖမ်းဆီးသွားမည် ဖြစ်သည်။



အလုပ်သမားလက်မှတ်(ဘတ်)အတွက် ၈၀ ဘတ် (မြန်မာငွေ ၂၄၀၀ကျပ်)၊ ကျန်းမာရေး ဆေးစစ်ခ ဘတ်၅၀၀(၁၅,၀၀၀ကျပ်)၊ ကျန်းမာနေရေးအာမခံ ၅၀၀(၁၅,၀၀၀ကျပ်)၊ အလုပ်လုပ်ခွင့် ၂၂၅ ဘတ်(၆၇၅၀ကျပ်) စုစုပေါင်း ၁၃၀၅ဘတ်(ကျပ် လေးသောင်းဝန်းကျင်) ကုန်ကျမည် ဖြစ်သည်။



ယခု အလုပ်သမားလက်မှတ်(ဘတ်) လုပ်ပေးခြင်းသည် ယာယီထောက်ခံစာ အနေဖြင့် လုပ်ပေးခြင်းဖြစ်၍ ကြိုဆိုကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ၏ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။



“မနေ့က ကျွန်တော် တနေကုန် သွားလေ့လာကြည့်တော့ ထိုင်းတာဝန်ရှိ အစိုးရပုဂ္ဂိုလ်တွေ ပြောတာက တစ်ရက်ကို အလုပ်သမား ၂၀၀၀ လောက်ပြည့်အောင် လုပ်ပေးမယ်လို့ ပြောတယ်။

ကုန်ကျစရိတ်ကလည်း သက်တောင့် သက်သာနဲ့ လုပ်ပေးနေတယ်။ အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို ခုလို လုပ်ပေးလိုက်တာတော့ ကောင်းတဲ့လက္ခဏာလို့ ကြိုဆိုတယ်”ဟု ဦးအောင်ကျော်က မဇ္ဈိမကို ပြောသည်။



ဇွန်လလယ်ပိုင်းက ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းစစ်တပ်က ဖမ်းဆီးမှုများ ရှိခဲ့သဖြင့် ကမ္ဘောဒီယား အလုပ်သမား ၁ သိန်းကျော် မိမိနိုင်ငံသို့ ပြန်သွားခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ စက်ရုံများတွင်

လုပ်သားလိုအပ်ချက်မှုများ၊ စီးပွားရေး ဆုံးရှုံးမှုများ ရှိခဲ့သည်။



ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမား လူဦးရေ ၃ သန်းခန့် နေထိုင်လျက်ရှိသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1rbmY6k

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...