"မန်ယူကစားသမားများ တစ်ဦးနှင့်တစ်ဦး အင်္ဂလိပ်ဘာသာဖြင့်သာ ပြောဆိုကြရန် ဗန်ဟားလ် ညွှန်ကြား"
မန်ချက်စတာယူနိုက်တက် မန်နေဂျာသစ် လူးဝစ် ဗန်ဟားလ်က ၎င်း၏ ကစားသမားများကို တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင် အင်္ဂလိပ်ဘာသာစကားဖြင့်သာ ပြောဆိုကြရန် ညွန်ကြားထားကြောင်း စပိန်သား ဂျူအန်မာတာက ပြောကြားသည်။
ဗန်ဟားလ်သည် မန်ယူကို စတင်တာဝန်ယူ ကိုင်တွယ်ပြီးနောက် အသင်းကစားသမားများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းအချို့ကို ချမှတ်ခဲ့သည်။ မန်ယူကစားသမားများ အနေဖြင့် လေ့ကျင့်ခန်းအစီအစဉ် ပြုလုပ်ပြီးနောက် အတူတကွ စားသောက်ကြရန်လည်း ဗန်ဟားလ်က မှာကြားထားခဲ့သည်။
http://ift.tt/OTcCHv
#MizzimaDaily
from Mizzima - News in Burmese's Facebook Wall http://ift.tt/1ur5ENk
Comments
Post a Comment