Skip to main content

အစိုးရနှင့် ကေအိုင်အိုကိုယ်စားလှယ်များ ပါဝင်သည့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့၏ တတိယအကြိမ်မြောက်ဆွေးနွေးမှု မြစ်ကြီးနားမြို့၌ ပြုလုပ်










ရှမ်းပြည်နယ်အတွင်း တာဝန်ကျနေသော စစ်သားများအား တွေ့ရစဉ်






အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ကိုယ်စားလှယ်များ ပါဝင်သော ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့၏ တတိယအကြိမ်မြောက် ဆွေးနွေးမှုကို ဇူလိုင် ၅ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ဆက်ဆံရေးရုံး၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။



တပ်မတော်နှင့် ကေအိုင်အေတပ်များအကြား ဇွန်လအတွင်းက တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားခြင်း မရှိသော်လည်း ဗန်းမော်မြို့နယ်အတွင်းရှိ နှစ်ဖက်တပ်များ နီးကပ်နေသည့် နေရာများတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ နှစ်ဖက်အကြား တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရေး ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။



“ပဋိပက္ခဖြစ်ခဲ့တဲ့ မန်ဝိန်းကြီးတို့ ဘာတို့မှာဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းခဲ့ကြတာပါ။ အခုလို ရှေ့တန်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စမျိုးမဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ ဒါတွေကို ပြောကြတာပါပဲ။ တကယ့်ထိပ်တိုက် အရင်တုန်းကလို တိုက်ပွဲကြီးကြီးမားမား ဖြစ်တာမျိုးတော့ မဟုတ်ဘူးပေါ့” ဟု ဦးလမိုင်ဂွန်ဂျာက ဆိုသည်။



အစိုးရနှင့် ကေအိုင်အို၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တို့အကြား ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေသည်ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။



“ငြိမ်းချမ်းရေးသွားမယ့် ခရီးစဉ်မှာ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ နှစ်ဖက်စလုံးက အထောက်အကူ ဖြစ်ပြီးတော့မှ ဖြစ်ခါနီးဟာတွေမဖြစ်အောင် ဖြစ်ပြီးသားဟာတွေကိုလည်း နောက်နောင် မဖြစ်ကြအောင် တစ်ဦးနဲ့တစ်ဦး စည်းကမ်းချမှတ်ထားတဲ့အတိုင်း လိုက်နာကြဖို့အတွက် နှစ်ဦးနှစ်ဖက် သဘောတူတဲ့သဘော သူတို့ဆွေးနွေးသွားတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာတော့ အထောက်အကူဖြစ်တယ်လို့ ဒီလိုပဲ မြင်တယ်ဗျ” ဟု ဦးလမိုင်ဂွန်ဂျာက ဆိုသည်။



တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ကချင်ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲဖြစ်နေသည့် အခြေအနေများ ဖြေရှင်းပေးရန် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ထံသို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ တင်ပြထားကြောင်း သိရသည်။



“ပြည်သူလူထုကလည်း သေနတ်သံတွေ မိုင်းသံတွေ ကြားတဲ့အခါကျတော့ စိုးရိမ်တာပေါ့။ စိုးရိမ်တော့ သူတို့ လုပ်ငန်းလုပ်ရတဲ့အခါမှာ အနှောင့်အယှက်ဖြစ်တယ်။ ဒါကြောင့်မို့ ဒီတပ်တွေကို သူ့နေရာနဲ့သူ နေပေးဖို့ ပြောတဲ့အချိန်မှာ သူတို့ကလည်း နှစ်ဖက်က ပြည်သူလူထုကို မထိခိုက်အောင် ပြည်သူလူထုကိုလည်းပဲ ကေအိုင်အေဘက်ကရော၊ တပ်ပိုင်းကရော လိုအပ်ရင် လိုအပ်သလို ၀ိုင်းဝန်းပူးပေါင်းကူညီဖို့ နှစ်ဦးနှစ်ဖက် ဒီလိုပဲ သဘောထားရှိပါတယ်တဲ့။ အဲဒီလိုပဲ ၀ိုင်းဝန်းလုပ်သွားကြရအောင်ဆိုပြီး နှစ်ဦးနှစ်ဖက်က သဘောတူတာပေါ့လေ” ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။



ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်သည့် အစိုးရ၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဝင်များနှင့် ကေအိုင်အိုမှ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဝင်များသည် ပြီးခဲ့သည့် မေ ၂၈ ရက်နေ့က မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ဆက်ဆံရေးရုံးတွင် ပထမဆုံးအကြိမ် တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး ဇွန် ၁၈ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။








from Eleven Daily News http://ift.tt/1vOmAJ2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...