အရက်မမူးတဲ့ တီကောင်မျိုးစိတ် တီထွင်
တက္ကဆက်ပြည်နယ်က သိပ္ပံပညာရှင်တွေဟာ အရက်သောက်ပြီး လုံးဝ မမူးနိုင်တဲ့ တီကောင်တစ်မျိုးကို စမ်းသပ် တီထွင်နိုင်ခဲ့တယ်လို့ The Verge သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ပညာရှင်တွေက ဦးနှောက်အတွင်းရှိ မော်လီကျူးတွေနဲ့ အရက် ပေါင်းစပ်ပြီး ဖြစ်ပေါ်လာမယ့် တုံ့ပြန်မှုတွေကို စမ်းသပ်ရာမှာ Caenorhabditis ဆိုတဲ့ တီကောင်မျိုးစိတ်ကို အရက်မမူးတဲ့ မျိုးစိတ်တွေအဖြစ် တီထွင်ဖန်တီး နိုင်ခဲ့တဲ့အကြောင်း Neuroscience ဂျာနယ်မှာ အသေးစိတ် ရေးသား ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ခုတီထွင်ထားတဲ့ တီကောင်မျိုးစိတ်ဟာ အရက်နဲ့ တော်တော်လေး ယဉ်ပါးနေတာကြောင့် နောက်ပိုင်းမှာ အရက်မူးသူတွေကို ကုသနိုင်မယ့် ဆေးဝါးတစ်မျိုးမျိုး တီထွင်လာနိုင်ဖွယ်ရာ ရှိတယ်လို့ The Verge မှာရေးထားပါတယ်။
from The Voice Weekly's Facebook Wall http://ift.tt/1pj0V9n
Comments
Post a Comment