Skip to main content

မန္တလေးမြို့၌ ဆူပူမှုဖြစ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှ အမျိုးသမီးအား ဇူလိုင်...



မန္တလေးမြို့၌ ဆူပူမှုဖြစ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှ အမျိုးသမီးအား ဇူလိုင် ၂၃ ရက်တွင် ပျဉ်းမနားမြို့နယ် တရားရုံး၌ ရုံးတင်စစ်ဆေးမည်



မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနဲ့ ပတ်သက်သည့် အမျိုးသမီးအား ဇူလိုင်လ ၂၃ ရက်နေ့ ပျဉ်းမနားမြို့နယ် တရားရုံးတွင် ရုံးတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



ဇွန် ၂၉ ရက်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်းအုပ်စု ပျဉ်းမနားတောင်ညိုကားလမ်း တော်ဝင်နန်းစားသောက်အနီး ကားလမ်းနံဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက ၎င်းအား သားမယားအဖြစ်ပြုကျင့်၍ တိမ်းရှောင်သွားကြောင်း တိုင်ကြားသဖြင့် ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး မဖြူဖြူမင်း(ခ)ကတုံးမအား မှုခင်းဆိုင်ရာ ဆေးပညာနှင့် ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက်များအရ ယင်းအပေါ် အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။



ဖြူဖြူမင်း(ခ)ကတုံးမသည် ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ စည်းရုံးသင်ကြားပေးမှုအရ ဆန်းမောင်နှင့် နေ၀င်းတို့က ၎င်းအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့ခြင်းဖြစ်သည်ကို အမှုစစ် ရဲအရာရှိထံ ၀န်ခံထွက်ဆိုခဲ့ပြီး ဇူလိုင် ၉ ရက်နေ့တွင် ပျဉ်းမနားမြို့နယ်တရားရုံး၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၄/၃၆၄ အရ ထိုသို့လီဆယ် အမှုတိုင်ကြားခဲ့ရသည့် ဖြစ်စဉ်အပြည့်အစုံကို ဖြူဖြူမင်း(ခ)ကတုံးမက ဖြောင့်ချက်ပေး၍ ပျဉ်းမနားမြို့နယ် တရားရုံးမှ ပြစ်မှုသေးအမှတ် ၁၂၂/၂၀၁၄ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။



သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့သည့် ဖြူဖြူမင်း(ခ)ကတုံးမအား ပျဉ်းမနားမြို့မရဲစခန်း (ပ)၃၁၂/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/၅၁၁/၁၄၇/၁၈၂/၁၀၉ လီဆယ်မှုဖြင့် ဇူလိုင် ၂၃ ရက်နေ့တွင် ပျဉ်းမနားတရားရုံးသို့ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။





မန္တလေးမြို့၌ ဆူပူမှုဖြစ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှ အမျိုးသမီးအား ဇူလိုင် ၂၃ �

news-eleven.com

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနဲ့ ပတ်သက်သည့် အမျိုးသမီးအား ဇူလိုင်လ ၂၃ ရက်နေ့ ပျဉ်းမနားမြို့နယ် တရားရုံးတွင် ရုံးတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ဇွန် ၂၉ ရက်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်းအုပ်စု ပျဉ်းမနားတောင်ညိုကားလမ်း တော်ဝင်နန်းစားသောက်အနီး ကားလမ်းနံဘေး၌ ကားကိုရပ်၍ ညီအ…

from Eleven Media Group's Facebook Wall http://ift.tt/WnQ7i8

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3