Skip to main content

မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန်အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့၌ သဘောထားကြေညာချက်ရှစ်ချက် ထုတ်ပြန်






မန္တလေးတွင် ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန်အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့၌ သဘောထားကြေညာချက် ရှစ်ချက်အား ထုတ်ပြန်ကြေညာခဲ့သည်။



ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲအား မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အိုရီယမ်တယ်ဟောက်စ် ခန်းမ၌ ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီခန့်က ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ဇူလိုင် ၆ ရက်တွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)နှင့် မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ ပူးပေါင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။



“မန္တလေးမှာ လတ်တလော ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေက မှုခင်းဖြစ်စဉ်ကနေ စတင်ခဲ့တာပါ။ စတင်ဖြစ်ခဲ့တဲ့ နေရာမှာ လုံခြုံရေး အကာအကွယ်အောက်ကို ရောက်ရှိဖို့ လိုအပ်တယ်။ လုံခြုံရေး အကာအကွယ်အောက်ကို ရောက်ပြီးပေမယ့်လည်း အခြားနေရာတွေမှာ ဖြစ်ပေါ်လာနိုင်တာကြောင့် ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို လုံခြုံရေး ချထားပေးဖို့ လိုပါတယ်။ အဲဒီလိုလုပ်တာ နောက်ကျသွားမယ်ဆိုရင် ပြဿနာဟာ ကြီးထွားလာနိုင်တယ်” ဟု ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောကြားသည်။



ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)နှင့် မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။



ပဋိပက္ခတွင် ပါဝင်ပတ်သက်၍ ဥပဒေကျူးလွန်ခဲ့ကြသူများနှင့် ပဋိပက္ခကို နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက် နေကြသူများအား လျင်မြန်စွာဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ပြတ်သားစွာ အရေးယူပေးပါရန် သက်ဆိုင်ရာသို့ တိုက်တွန်း . . . . .



ဆွေးနွေးပွဲအပြီး၌ ထုတ်ပြန်ကြေညာခဲ့သည့် ကြေညာချက် ရှစ်ချက်မှာ

၁။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အဆင့်ဆင့်သည် ပဋိပက္ခနှင့် ဆက်စပ်လျက် ဖြစ်ပေါ်နေသော ကောလာဟလများကို ချေဖျက်သည့်အနေဖြင့် သတင်းအမှန်ဖြင့် မြန်မြန်ဆန်ဆန်တုံ့ပြန်ရန်၊ မလိုလားအပ်သော ပြဿနာများ ထပ်မံမဖြစ်ပွား စေရေးအတွက် ရရှိသော သတင်းအချက်အလက်များကို အထက်အဖွဲ့အစည်း အဆင့်ဆင့်သို့ ချက်ချင်းတင်ပြပြီး ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြမည့်အကြောင်း အတည်ပြုကြသည်။



၂။ သတင်းမီဒီယာများ အနေဖြင့် ပဋိပက္ခများနှင့် ပတ်သက်၍ သတင်းရေးသားရာတွင် မိမိရေးသားလိုက်သော သတင်းကြောင့် မီးလောင်ရာလေပင့် ဆိုသလို ပဋိပက္ခကို ပိုမိုမဖြစ်ပွားစေရန်အတွက် ကျင့်ဝတ်နှင့်အညီ သတင်းမှန်များကို ရေးသားကြရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှုကို ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် တိုက်တွန်းသည်။



၃။ မန္တလေးမြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို မကြီးထွားစေရန်နှင့် ရပ်ရွာတည်ငြိမ် အေးချမ်းစေရေးအတွက် ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မှု ပေးကြသည့်အတွက် မန္တလေးမြို့တွင် တည်ငြိမ်အေးချမ်းမှု မြန်မြန်ဆန်ဆန် ရရှိလာခြင်းကြောင့် ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များအား ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်သည်။



၎။ မန္တလေးမြို့တွင် အေးချမ်းသာယာမှုများ ရရှိစေရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင် ခရစ်ယာန်အသင်းအဖွဲ့များက ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်ပေးကြခြင်းကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်သည်။



၅။ ပဋိပက္ခတွင် ပါဝင်ပတ်သက်၍ ဥပဒေကျူးလွန်ခဲ့ကြသူများနှင့် ပဋိပက္ခကို နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက် နေကြသူများအား လျင်မြန်စွာဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ပြတ်သားစွာ အရေးယူပေးပါရန် သက်ဆိုင်ရာသို့ တိုက်တွန်းသည်။



၆။ ရာဇ၀တ်မှုကို ရာဇ၀တ်ကြောင်းအရ ဥပဒေဖြင့် ကျောသားရင်သား မခွဲခြားဘဲ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် တိုက်တွန်းသည်။



၇။ ရာဇ၀တ်မှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများကို လုံခြုံရေး အပြည့်အ၀ဖြင့် ထိရောက်လျင်မြန်စွာ စီမံဆောင်ရွက်ပေးပါရန် တိုက်တွန်းသည်။



၈။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ ပြည်သူအပေါင်းသည် ဘာသာအယူအဆ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားကြရုံမျှဖြင့် မတူညီကြသူများဟု တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မရှုမြင်ကြဘဲ တစ်အူတုံဆင်း ညီရင်းအစ်ကို မောင်နှမများပမာ ရင်းနှီးချစ်ကြည်စွာ ဆက်ဆံကြရန် ထပ်မံမေတ္တာရပ်ခံသည်။ ဒီမိုကရေစီ၏ တန်ဖိုးတစ်ခုဖြစ်သော ကွဲပြားခြားနားခြင်းများအတွက် ညီညွတ်သဟဇာတဖြစ်စွာ နေထိုင်တတ်ခြင်း အလေ့အထကို မွေးမြူကြရန် တိုက်တွန်းသည်ဟု ထုတ်ပြန်ကြေညာခဲ့ကြသည်။








from Eleven Daily News http://ift.tt/1lLBsCe

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...