Skip to main content

(ဇူလိုင်လ ၂၈ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) လွတ်လပ်သည့် တရားစီရင...



(ဇူလိုင်လ ၂၈ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)



လွတ်လပ်သည့် တရားစီရင်ရေးစနစ်ဖြစ်ရန် အရေးတကြီးလိုအပ်



ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသို့ ဦးတည်လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင်လွတ်လပ်ပြီး အဂတိလိုက်စားမှု ကင်းသည့် တရားစီရင်ရေးစနစ်သည် အသက်တမျှအရေးကြီးသည်ဆိုသည့် အချက်ကို မည်သူမျှ အငြင်းပွားကြမည် မထင်ပါ။



ဒီမိုကရေစီစနစ်၏ အဓိကမဏ္ဍိုင်တစ်ရပ်မှာ လွတ်လပ်ပြီး မည်သည့်သြဇာလွှမ်းမိုးမှုမျှမရှိသော တရားစီရင်မှု စနစ်ပင်ဖြစ်ပေသည်။ သို့မဟုတ်ဘဲ တရားစီရင်မှုစနစ်အပေါ် အုပ်ချုပ်သည့်အစိုးရ၏ သြဇာ၊ နိုင်ငံရေးအင်အားစု တစ်ရပ်ရပ်၏ သြဇာလွှမ်းမိုးမှု ခံနေရပါက ပေါ်ထွက်လာမည့် အကျိုးဆက်များမှာ အုပ်ချုပ်သူအစိုးရကို မယုံကြည်ခြင်း၊ မိမိတို့ သဘောအလျောက် အပြစ်ပေးလိုခြင်း၊ ငွေကြေးသြဇာသုံး၍ တရားအနိုင်ရရန် ကြိုးစားခြင်းများ ဖြစ်ပေသည်။



အဂတိလိုက်စားမှုကင်းသည့် တရားစီရင်ရေး မရှိခြင်းကြောင့် ပေါ်ပေါက်လာသည့် အကျိုးဆက်များ မြန်မာနိုင်ငံတွင် ယနေ့တိုင် ဖြစ်ပွားနေရဆဲဖြစ်သည်ကို တွေ့ရပေမည်။ ယင်းတို့အနက်မှ တစ်ခုကို ဖော်ပြရလျင် မြန်မာနိုင်ငံအနှံ့အပြား ယခုနှစ်ပိုင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လှုံ့ဆော်မှုများ၌ ပြစ်မှုကျူးလွန်သူဟု ယူဆသူကို ရဲစခန်းက ထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်သော်လည်း လူအုပ်စုဖြင့် ယင်းစွပ်စွဲခံရသူကို ထုတ်ပေးရန် ၀ိုင်းဝန်းတောင်းဆိုကာ အပြစ်ပေးဖို့ ကြိုးစားကြခြင်းဖြစ်သည်။



ယင်းဖြစ်ရပ်ကို ကြည့်ပါက တည်ဆဲတရားဥပဒေစိုးမိုးရေးစနစ်နှင့် တရားစီရင်ရေးစနစ်ကို လူအများက အယုံအကြည် မရှိသည့်အချက်ကို ထင်ရှားစွာ တွေ့ရပေမည်။ အလားတူပင် အခြားသော တရားတပေါင်ကိစ္စရပ်များတွင် လူအများက မိမိဘက်က ဥပဒေကြောင်းအရ အားကောင်းဖို့ စုဆောင်းတင်ပြရမည့်အစား ငွေကြေးဖြင့်သော်လည်းကောင်း၊ အာဏာရှိသည့် အသိုင်းအ၀ိုင်း အဖွဲ့အစည်းများက အာဏာဖြင့်သော်လည်းကောင်း အနိုင်ရရန် ကြိုးစားကြသည်မှာ လူအများသိရှိပြီးသား အခြေအနေတစ်ရပ်ပင်ဖြစ်သည်။



လတ်တလောဖြစ်ပွားလျက်ရှိသည့် သတင်းမီဒီယာသမားများ ဖမ်းဆီးခံရခြင်း၊ ပြင်းထန်သည့် ထောင်ဒဏ်အပြစ်ပေး ခံရခြင်းတို့နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယကကသမ္မတထံသို့ သ၀ဏ်လွှာပေးပို့ခဲ့ပြီး ရက်ပိုင်းအတွင်း သမ္မတက ယင်းသ၀ဏ်လွှာကို ပြန်ကြားခဲ့ရာတွင် တရားရေးမဏ္ဍိုင်သည် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။



သို့သော် လက်တွေ့ဘ၀တွင်မူ တရားစီရင်ရေးစနစ်ရောက်ရှိနေသည့် အခြေအနေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၏ ကြီးမားသည့် လွှမ်းမိုးမှုမျိုးရှိနေသည့် လက္ခဏာသက်သေသာဓကများစွာ ရှိနေပေသည်။ သတင်းမီဒီယာနှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် တရားစွဲဆိုသူများက နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်၊ သို့မဟုတ် အထူးသတင်းတပ်ဖွဲ့ကိုယ်တိုင် စွဲဆိုခြင်းဖြစ်သဖြင့် တရားရေးဌာနမှ တရားစီရင်သူများသည် ယင်းအဖွဲ့အစည်းတို့၏ သြဇာကို မလွန်ဆန်နိုင်ဖြစ်ခဲ့ရသည်။ ယခင်နှစ်ကာလများတုန်းကဆိုပါက မည်ရွေ့မည်မျှ အပြစ်ပေးမည်ဆိုသည်ကိုပင် သက်ဆိုင်ရာဝန်ကြီးဌာနက တရားစီရင်သူများသို့ စာဖြင့် ညွှန်ကြားချက်မျိုးလာလေ့ရှိသည်မှာ အများအသိပင်ဖြစ်သည်။



ထို့အတွက်ကြောင့် လတ်တလောကိစ္စရပ်များတွင် တရားစီရင်ရေးသည် ၎င်းတို့ဘာသာ ၎င်းတို့ လွတ်လပ်စွာ စီရင်ပိုင်ခွင့်အတိုင်း စီရင်ခြင်းဖြစ်သည်ဆိုသည့် စကားရပ်အပေါ်ယုံကြည်သူ အတော်နည်းပါးမည်ဖြစ်ပေသည်။



မဇ္ဈိမသည် တရားစီရင်ရေးစနစ်ကို အုပ်ချုပ်သူ အစိုးရက တစ်ကြိမ်ပြီးတစ်ကြိမ် ၀င်ရောက်စွက်ဖက်မှုမျိုးကို အားမပေးလိုပေ။ ယခုပြစ်ဒဏ်များသည်ဆိုပြီး သမ္မတအမိန့်ဖြင့် ယင်းပြစ်ဒဏ်ကို ပယ်ဖျက်ခြင်းမျိုးကို တိုက်တွန်းနေခြင်း မဟုတ်ပေ။ သို့သော် တရားစီရင်ရေးစနစ်အပေါ် လွှမ်းမိုးမှုရှိခဲ့သည်ဆိုလျှင် ယင်းလွှမ်းမိုးမှုအတွက် ဖြေရှင်းသည့် လုပ်ရပ်တစ်ခုခုကို အစိုးရအဖွဲ့က လုပ်ဆောင်ရန် တာဝန်ရှိသည်ကို ထောက်ပြလိုခြင်းသာ ဖြစ်ပေသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1uwYAPa

Comments

Popular posts from this blog

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3