Skip to main content

ပဋိပက္ခဖြစပ်ပွားပြီး ငါးရက်မြောက်နေ့ မန္တလေးမြို့ အခြေအနေတည်ငြိမ် ရောင်းဝယ်သွားလာ...



ပဋိပက္ခဖြစပ်ပွားပြီး ငါးရက်မြောက်နေ့ မန္တလေးမြို့ အခြေအနေတည်ငြိမ်



ရောင်းဝယ်သွားလာမှုသိသာ စွာလျော့နည်းနေ



မျိုးသန့်



မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့တွင် ဇူလိုင်လ ၁ရက် ညမှ စတင်ကာ ပဋိပက္ခပြဿနာများ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၅ရက်တွင် ရဲတပ်ဖွဲ့ဝင်များ လှည့်လည်စောင့်ကြပ်နေသည်မှတပါး အေးချမ်းတည်ငြိမ် လျက်ရှိသော်လည်း ရောင်းဝယ်သွားလာမှုများစွာ လျော့ကျနေကြောင်း မန္တလေးမြို့ခံများကပြောသည်။



အဓိကလမ်းမကြီးများ၊ ပလာဇာများ၊ စတိုးဆိုင်များ ၀ယ်ယူမှုပြုလုပ်သူမှာ မရှိသလောက်နည်းပါးနေကာ အများစုမှာ အဓိကစားသောက်ကုန်များကို ၀ယ်ယူမှုပြလုပ်နေကြသည်ဟုလည်း မန္တလေးမြို့ခံများက ပြောသည်။



“အမတို့ဆိုင်က ဖိနပ်၊ အင်္ကျီ၊ တခြားအသုံးအဆောင်ပစ္စည်းတွေ ရောင်းတယ်၊ ၀ယ်ယူသူကတော့ လေးရက်လောက်ရှိပြီး မလာသလောက်ပဲ၊ ဒါတောင် မိန်းထဲမှာမို့လို့၊ အမတို့ လမ်း ၈၀ပေါ် ဖွင့်ထားတဲ့ ဆိုင်ဆို တစ်ရက်ကိုတစ်ယောက်လောက်ပဲလာတယ် ” ဟု ၃၇လမ်း၊ ၇၃လမ်းအနောက်ဘက်ခြမ်းမရှိ စတိုးဆိုင်ပိုင်ရှင်ကပြောသည်။



မန္တလေးမြို့တွင် ညမထွက်ရအမိန့် ကာဖျူးထုတ်ထား၍ စတိုးဆိုင်များအပြင် မန္တလေးမြို့ရှိ ပလာဇာဖြစ်သော Diamond Plazaမှာလည်း ဇူလိုင်လ ၄ရက်က ညနေ ၄နာရီတွင် ပိတ်ခဲ့ပြီး ဇူလိုင် ၅ရက်တွင် ည ၇နာရီ၌ ပိတ်မည်ဟု အဆိုပါ ပလာဇာရှိ တာဝန်ရှိသူတစ်ဦးကပြောထားသည်။ ထို့ပြင် ဖြစ်စဉ်များ ဖြစ်ပွားသည့်နေ့မှ စတင်ကာ ယခင်ကလောက် စည်းကား မှုမရှိဘဲ မဖြစ်မနေ ၀ယ်ယူလိုသောသူများ သာလာရောက်ကြကြောင်း အဆိုပါ ပလာဇာတွင် ဆိုင်ခန်းဖွင့်ရောင်းချသူဖြစ်သည့် မဇာဇာက မဇ္ဈိမကို ပြောသည်။



စတိုးဆိုင်များပိတ်နေသော်လည်း စားသောက်ကုန်ပစ္စည်းများမှာမူ ခါတိုင်းထက်ပိုမိုကာ ရောင်းရသည်ဟုဆိုသည်။ ဆန်၊ ဆီ၊ စားသောက်ကုန်ခြောက်များကို အဓိကထား ဝယ်ယူကြသည်ဟု

စားသောက်ကုန် ရောင်းချသူများဖြစ်သည့် ကိုမျိုးဝင်းကပြောသည်။



“ကုန်ခြောက်ပစ္စည်းတွေဖြစ်တဲ့ ယမ်ယမ်နဲ့ အခြားအစားသောက်တွေ ရောင်းရတယ်၊ အဓိက ဆန်အရောင်းရဆုံးပါပဲ၊ အရင်က တစ်ပြည်ခြင်းဝယ်တဲ့သူက အခုဆယ်ပြည်လောက်ဝယ်တယ်၊

၁၀ပြည်ဝယ် တဲ့သူက အပိုင်းလိုက်ဝယ်တာမျိုးတွေအထိပြုလုပ်လာတယ်” ဟု ၈၉လမ်း ၈၈လမ်းကြား လမ်း၃၀ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။



မန္တလေးမြို့သည် လူဦးရေတစ်သန်းခန့် နေထိုင်သည့်မြိုဖြစ်ပြီး လူမျိုးပေါင်းစုနေထိုင်ကာ မြန်မာနိုင်ငံ၏ စီးပွားရေးအရအချက်အချာကျသော မြို့တစ်မြို့ဖြစ်သဖြင့် အမြဲစည်းကားနေသော်လည်း ယခု ပဋိပက္ခဖြစ်စဉ်များ နောက်ပိုင်းတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ မြို့တွင် လုံခြုံမှု အခြေအနေအထားအရ ယခုကဲ့သို့ ရောင်းဝယ်သွားလာမှုလျော့နည်းလာခြင်း ဖြစ်ပြီး ယခုကဲ့သို့သော

ထိန်းသိမ်းမှုများကို ပြုလုပ်လိုက်ခြင်းမှာ ရေရှည်အတွက်လွန်စွာကောင်းမွန်သော ကိစ္စတစ်ရပ်လည်း ဖြစ်သည်ဟု သုံးသပ်ကြသည်။



လက်ရှိမန္တလေးမြို့တွင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ကားများဖြင့် နေရာအနှံ့ လှည့်လည်စောင့်ကြပ်နေပြီး အနေအထားအရ စိတ်ချရမှုမရှိသော နေရာများတွင် ရဲတပ်ဖွဲ့ဝင်များ တင်ထားသော ကားများဖြင့် စောင့်ဆိုင်းနေသည်။



မန္တလေးမြို့တွင် ဇူလိုင်လ ၃ရက်မှ စတင်ကာ ည ၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။







from Mizzima - News in Burmese's Facebook Wall http://ift.tt/1ry6C81

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...