Skip to main content

အီရတ်သို့ အမေရိကန်တပ်သားများ အိုဘားမား ထပ်မံစေလွှတ် ဘဂ္ဂဒက်၊ ဇူလိုင် ၁ အီရတ်နိုင...



အီရတ်သို့ အမေရိကန်တပ်သားများ အိုဘားမား ထပ်မံစေလွှတ်



ဘဂ္ဂဒက်၊ ဇူလိုင် ၁



အီရတ်နိုင်ငံတွင် အစိုးရတပ်များနှင့် ဆွန်နီလက်နက်ကိုင် သူပုန်များကြား တိုက်ပွဲအရှိန် မြင့်တက်လျက်ရှိသဖြင့် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးကို ကာကွယ်ရန် အမေရိကန်သမ္မတ အိုးဘားမားက အမေရိကန်တပ်သား ၂၀၀ ခန့်ကို အီရတ်နိုင်ငံသို့ ထပ်မံစေလွှတ်လိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။



“ဘဂ္ဂဒက်ရဲ့ လက်ရှိလုံခြုံရေး အခြေအနေအရ အမေရိကန်သံရုံး၊ သံရုံးဆက်စပ် အဆောက်အအုံတွေနဲ့ ဘဂ္ဂဒက် နိုင်ငံတကာလေဆိပ်တို့ရဲ့ လုံခြုံရေးကို အားဖြည့်ပေးနိုင်ဖို့အတွက် အမေရိကန်တပ်သား ၂၀၀ ခန့်ကို အီရတ်နိုင်ငံကို ထပ်မံစေလွှတ်ထားပါတယ်” ဟု တနင်္လာနေ့က လွှတ်တော်သို့ တင်သွင်းသော စာတစ်စောင်တွင် အိုဘားမားက ပြောကြားထားသည်။



“အမေရိကန်နိုင်ငံသားတွေနဲ့ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် အခုလိုတပ်သားတွေ ထပ်မံစေလွှတ်ခဲ့တာ ဖြစ်ပြီး လိုအပ်ရင် တိုက်ခိုက်ခွင့်ပါပေးသွားမှာ ဖြစ်ပါတယ်” ဟု အိုဘားမားက ပြောကြားသည်။



အိုဘားမား ထပ်မံစေလွှတ်လိုက်သော အမေရိကန်တပ်သား ၂၀၀ ခန့် အီရတ်နိုင်ငံသို့ တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပြီးနောက်တွင် အီရတ်ရှိ အမေရိကန်တပ်သား အရေအတွက်မှာ ၈၀၀ ခန့်သို့ ရောက်ရှိသွားခဲ့သည်။



အီရတ်နိုင်ငံတွင် ဆွန်နီ လက်နက်ကိုင် သူပုန်များက ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပြီးနောက် ပြီးခဲ့သော တစ်လအတွင်းမှာပင် လူ ၂၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရသည်။



ထို့အတူ အစိုးရတပ်များကလည်း ဘာသာရေး အစွန်းရောက် လက်နက်ကိုင် သူပုန်များလက်သို့ ကျရောက်လျက်ရှိသော မြို့များထဲမှ တစ်မြို့ဖြစ်သည့် တီခရစ်မြို့ကို တနင်္လာနေ့က ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။



ဆဒမ်ဟူစိန်၏ ဇာတိမြို့ဖြစ်သော တီခရစ်မြို့၏ ဆင်ခြေဖုံးဒေသများကို အစိုးရတပ်ဖွဲ့ဝင်များက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဟု အီရတ်စစ်တပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။



တီခရစ်မြို့သည် ဘဂ္ဂဒက်မြို့မှ မြောက်ဘက် မိုင် ၁၀၀ ခန့်တွင်တည်ရှိပြီး ဇွန်လ ၁၁ ရက်နေ့က သူပုန်များလက်သို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။



မွတ်ဆလင်ဂိုဏ်းခွဲ နှစ်ခုဖြစ်သော ရှီးယိုက်နှင့် ဆွန်နီတို့အကြား ပဋိပက္ခများကို အခြေခံသည့် တိုက်ပွဲများကြောင့် အီရန်ပြည်သူ အများအပြား အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ် နူရီအယ်လ်မီလီကီမှာလည်း ဖိအားများနှင့် ရင်ဆိုင်ရလျက်ရှိသည်။



လက်ရှိအချိန်တွင် ဆီးရီးယားနှင့် အီရတ်နယ်စပ်ရှိ ဧရိယာ အများအပြားမှာ ဆွန်နီသူပုန်အဖွဲ့ဖြစ်သော ISIS လက်သို့ ကျရောက်လျက်ရှိပြီး ISIS အဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသော ဧရိယာများကို စုပေါင်းကာ အစ္စလာမ္မစ် နိုင်ငံတော်အဖြစ် တနင်္ဂနွေနေ့က ကြေညာခဲ့သည်။



ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များကမူ ရှီးယိုက်မွတ်ဆလင် တစ်ဦးဖြစ်သော လက်ရှိ အီရတ်ဝန်ကြီးချုပ် မီလီကီကို နုတ်ထွက်စေပြီး ညွှန့်ပေါင်းအစိုးရ တစ်ဖွဲ့ဖွဲ့ရန် အီရတ်ခေါင်းဆောင်များကို တွန်းအားပေးလျက် ရှိသည်။







from The Voice Weekly's Facebook Wall http://ift.tt/1onvDze

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...