စိန်ပြောင်းသံဆိုင်းသံဗုံသံနှင့် လရောင်လိမ်းကျံပန်းပွင့်များ
ငြိမ်းဝေ
၁၉၉၄-ခု၊ မတ်လ၊၁၉-ရက်၊ စနေနေ့။
ခန့်မှန်းရခက်တဲ့ တစ်နေရာဆီက လက်နက်ကြီး ပစ်ခတ်သံနှစ်ချက် ကြားလိုက်ရတယ်။ ကျွန်တော့်စိတ်ထဲ ကျောက်ဖြာရွာမှာ စခန်းချထားတဲ့ နအဖစစ်တပ် တပ်မ ၉၉ လက်အောက်ခံ၊ ခလရ ၃၂ ဆီက ပစ်ခတ်လိုက်တဲ့ အသံများပဲဖြစ်မယ်လို့ ထင်မိတယ်။ ညနေပိုင်းကို ရောက်ရင် ဒီဒေသတစ်ဝိုက်မှာတော့ လက်နက်ကြီးပစ်ခတ်သံ ကြားကြရတဲ့အဖြစ်ဟာ အဆန်းတကြယ် မဟုတ်တော့ပါဘူး။ “ကွေလေ” ရွာက အထွက် ချောင်းကူးဝါး တံတားတစ်ဖက်ထိပ်မှာ ဦးကသေးဖိုး၊ ရွှေအုပ်ကျေးနယ်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ သုံးဦးရပ်ပြီး ကျန်နေရစ်ခဲ့ကြပါတယ်။ #MizzimaDaily
ဆောင်းပါးအပြည့်အစုံဖတ်ရှုရန် - http://ift.tt/1tNfUeG
from Mizzima - News in Burmese's Facebook Wall http://ift.tt/1ur5fur
Comments
Post a Comment