ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် မိုးကြီးတိုင်း လမ်းအချို့ ရေမြုပ်ခြင်းမှာ စစ်တွေ မြို့နယ် စည်ပင်မှ လမ်းဘေးရှိရေမြောင်းများကို မရှင်းလင်းဘဲ ပစ်ပယ်ထား၍ ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောသည်။
လွန်ခဲ့သောနေ့ကလည်း မိုးစရွာသည်နှင့် လမ်းများမှာ ရေမြုပ်သွားပြီး ခရီးသွားပြည်သူများကို အခက်အခဲ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။
“ မိုးရွာတာနဲ့ လမ်းတွေမှာ ရေပြည့်ပြီး အိမ်တွေကို လျှံဝင်လာတော့တာပါဘဲ။ အခု အဲဒီ ဒုက္ခ တစ်ခုကို ကျနော်တို့လမ်းကလူတွေ နေ့တိုင်း ခံစားနေကြရပါတယ်။ လမ်းသွား လမ်းလာတွေအတွက်လည်း ဒုက္ခပါဘဲ။ အထူးသဖြင့် ဆိုင်ကယ်စီးတဲ့သူတွေက ရေပြည့်နေတဲ့ လမ်းတွေကို ဖြတ်မောင်းရတာ အထူး အန္တရာယ်များပါတယ်။ စစ်တွေကလမ်းတွေမှာ နဂိုကမှ ချိုင့်ခွက်ကြီးတွေနဲ့ဆိုတော့ ဆိုင်ကယ်မောင်းရတာ အထူး သတိထားရပါတယ်” ဟု ငပိန်လမ်းတွင် နေထိုင်သူ တစ်ဦးကဆိုသည်။
မိုးကြီးလျှင် စစ်တွေမှ လမ်းအများအပြား ရေမြုပ်ခြင်းမှာ စည်ပင်နှင့်သက်ဆိုင်သည်ဟုဆို - �
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1mf6Opg
Comments
Post a Comment