တစ်လအတွင်း နေမာ ဘောလုံးပြန်ကစားနိုင်မည်..
Timeline Photos
တစ်လအတွင်းနေမာ ဘောလုံးပြန်ကစားနိုင်မည်ဟု ဘရာဇီးအသင်း ဆရာဝန် ပြောကြား ...................................................... ဘရာဇီးအသင်းဆရာဝန် လူးဝစ္စရန်ကိုက နေမာ၏ဒဏ်ရာမှာ အလွန်အမင်းပြင်းထန်ခြင်းမရှိကြောင်းနှင့် တစ်လအတွင်းမှာပင် ဘာစီလိုနာအသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောသည်။ ကျောရိုးဆိုင်ရာ ဒဏ်ရာများ၏သဘာဝအရ နေမာ၏အခြေအနေမှာ စိုးရိမ်ဖွယ်အနေအထားရှိခဲ့သော်လည်း ဘရာဇီးအသင်းဆရာဝန် ရန်ကိုက လေးပတ်အတွင်းမှာပင် ဘောလုံးပြန်ကစားနိုင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ “နေမာရဲ့ အခြေအနေက ထင်သလောက်စိုးရိမ်စရာ မရှိပါဘူး။ အသေးစားဒဏ်ရာတစ်ခုပါပဲ။ ကာလကြာရှည်နားရဖို့ မရှိပါဘူး။ သုံးလေးပတ်လောက်အတွင်းမှာတင် သူ့ရဲ့ ကလပ်အသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်အ၀ ပြန်လည် ပြုလုပ်နိုင်ပါလိမ့်မယ်။ အခုအချိန်မှာတော့ အနားယူဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာအသင်းကိုလည်း နေမာရဲ့ဒဏ်ရာအခြေအနေနဲ့ အချက်အလက်တွေ အားလုံး ပေးပို့ ပြီးပါပြီ” ဟု ပြောသည်။ ရည်ညွှန်း ဂိုး
from Mizzima - News in Burmese's Facebook Wall http://ift.tt/Vv1Fj5
Comments
Post a Comment