မန္တလေး ဂျွန်းဗလီမှာ လက်နက်တွေ့
ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မန္တလေးမြို့တော်၊ ချမ်းအေးသာစံမြို့နယ်မှာ ရှိတဲ့ ဂျွန်းဗလီမှာ လက်နက်တွေ တွေ့တယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လှံ၊ ကုန်းသီး၊ ဓားရှည်တွေ၊ ဖန်ဂေါ်လီ တွေကို သိမ်းဆည်းရမိတယ်လို့ သူက ဆိုပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဗလီ တာဝန်ရှိသူတွေ အပါအဝင် လူ ၅ ဦးကို အမှတ် ၈ နယ်မြေ ရဲတပ်ဖွဲ့ စခန်းမှာ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
လက်နက်တွေ သိုလှောင်ထားတာကို သတင်းပေးပို့ချက်အရ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်က ဝင်ရောက် စစ်ဆေးခဲ့တာလို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
from The Voice Weekly's Facebook Wall http://ift.tt/1zcPE1g
Comments
Post a Comment