ဇူလိုင်လ (၃) ရက်နေ့၊ နံနက် (၃)နာရီအချိန်ခန့်က ရေတာရှည်မြို့နယ်၊ သပြေတန်း ကျေးရွာ တောင်ဘက် ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင် ယာဉ်တစ်စီးကအရှိန်လွန်ကာ မြင်းလှည်းအား ဝင်တိုက် မိခဲ့ပြီး မြင်းလှည်းပေါ် တွင် လိုက်ပါလာသူ နှစ်ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ် မှာ ရေတာရှည်မြို့ မြောက်ဘက် (၄)မိုင်ခန့်အကွာ သပြေတန်း ကျေးရွာ အနီးရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ် ၁၉၄/၂ နှင့် ၁၉၄/၃ အကြားတွင် ကားလမ်းအတိုင်း တောင်မှမြောက်သို့ သက်နိုင်စိုး (၁၇)နှစ်၊ သပြေကုန်း ကျေးရွာနေသူ မောင်းနှင်လာသော မြင်းလှည်းအား ယာဉ်ကြောတူ နောက်မှ မောင်းနှင်လာသော အနက်ရောင် အမည်မသိယာဉ်က အရှိန်လွန်ပြီး ဝင်တိုက်မိခဲ့သည်။
အရှိန်မထိန်းနိုင်သည့်ယာဉ် မြင်းလှည်းကိုတိုက်မိပြီးမောင်းနှင်ထွက်ပြေး - သစ်ထူးလွင် (ေ
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1swmc1F
Comments
Post a Comment