Skip to main content

ဝန်ကြီးဌာနများသည် စီမံကိန်းများဆောင်ရွက်ရန် ဘတ်ဂျက်များ ထုတ်ယူခဲ့သော်လည်း မြေပြင...



ဝန်ကြီးဌာနများသည် စီမံကိန်းများဆောင်ရွက်ရန် ဘတ်ဂျက်များ ထုတ်ယူခဲ့သော်လည်း မြေပြင်တွင် စီမံကိန်းများ အမှန်တကယ် ဆောင်ရွက်ထားခြင်းမရှိကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် တင်ပြ



ဝန်ကြီးဌာနများသည် စီမံကိန်းများဆောင်ရွက်ရန် ဘတ်ဂျက်များ ထုတ်ယူခဲ့သော်လည်း မြေပြင်တွင် စီမံကိန်းများ အမှန်တကယ် ဆောင်ရွက်ထားခြင်းမရှိကြောင်း NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သည်။



ဇူလိုင် ၁၆ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များ၊ အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဒေါ်စန္ဒာမင်းက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။



အုပ်ချုပ်ရေး လက်လှမ်းမီသော နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ လုပ်ငန်းစီမံကိန်းများ ပြီးစီးမှုရာခိုင်နှုန်း ၉၀ ဟုဆိုသည်မှာ မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း မိမိနိုင်ငံအတွင်း အဝေးဆုံးနေရာတွင်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး၏ လက်အောက်ခံ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော လဟယ်မြို့၌ ချထားပေးသော စီမံကိန်းများမှာ နိုင်ငံတော်ဘတ်ဂျက်ငွေများ ထုတ်ယူထားပြီးသော်လည်း ဖော်ပြထားသော စီမံကိန်းများအတိုင်း ဆောင်ရွက်မှုမရှိသည်ကို တွေ့ရှိရသည်ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။



ဥပမာအားဖြင့် လဟယ်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာနမှ လဟယ်ရဲစခန်းနှင့် လူပျိုဆောင်များဆောက်လုပ်ရန် ကျပ် ၆၃.၃၆ သန်း ထုတ်ယူထားသော်လည်း ယခုအချိန်အထိ လုပ်ငန်းလုပ်ဆောင်ခြင်း လုံးဝမရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တံတားများဆောက်ရန် ကျပ် ၁၃၉၀ သန်း ထုတ်ယူထားသော်လည်း လုပ်ငန်းဆောင်ရွက်မှု ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း၊ တံတားဆောက်ရန်ဟု ဘဏ္ဍာငွေ ထုတ်ထားသော်လည်း အချို့နေရာတွင် ဆိုင်ကယ်လမ်းပင် မရှိသေးခြင်း၊ လမ်းအူကြောင်းပင် မရှာရသေးခြင်းနှင့် မည်သည့်လုပ်ငန်းမျှ အမှန်တကယ်ဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း ၎င်းကဆွေးနွေးသည်။



လဟယ်၊ သံဖြူဇရပ်၊ ပင်းတယ အစရှိသောမြို့များ၌ ကျေးလက်ရေလုံအိမ်သာ စီမံကိန်းကို လူကြီးများ လာရောက်ကြည့်ရှုနိုင်ရန်အတွက်သာ ဟန်ပြတည်ဆောက်ထားခြင်း၊ ထို့အတူ ကျေးရွာများ၌ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းအတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ဘတ်ဂျက်များ တောင်းခံထားသော်လည်း အမှန်တကယ် ဖော်ပြထားသော အလုံးရေအတိုင်း တည်ဆောက်ထားခြင်းမရှိဘဲ အလွန်သေးသယ်နေသဖြင့် ရည်ရွယ်ချက်အောင်မြင်ခဲ့ခြင်း မရှိကြောင်း သိရသည်။



အဆိုဆုံးဖြစ်စဉ်မှာ မွေးမြူရေးခြံများ တည်ဆောက်ရေးအတွက်ဟုဆိုကာ တစ်မြို့နယ်လျှင် ကျပ်သန်းပေါင်း ၂၅ သန်း ထုတ်ယူထားသော်လည်း ဖြစ်မြောက်အောင်မြင်သော မွေးမြူရေးခြံများ စစ်ဆေးတွေ့ရှိမှုအရ မတွေ့ရှိခဲ့ရဘဲ စာရင်းတွင် နွားနောက်အကောင်ရေ ၁၀၀ မွေးမြူ မည်ဟု ဖော်ပြထားသော်လည်း နွားနှစ်ကောင်သာ တွေ့ရှိခဲ့ရကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။



မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သောက်ရေကန် ၅ ကန် တူးဖော်ရန် ကျပ်သန်း ၅၀ ထုတ်ယူထားသော်လည်း အမှန်တကယ်တွင် တစ်ကန်သာ တူးဖော်ထားသည်ကို တွေ့ရကြောင်း၊ လဟယ်မြို့နယ်၌ အသေးစားရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် ကျပ် ၆၀.၇ သန်း ထုတ်ယူထားသော်လည်း လုံးဝအကောင်အထည်ဖော် တည်ဆောက်ထားခြင်း မရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းကတင်ပြခဲ့သည်။



“ဒါတွေဟာ ပြည်သူ့ဘဏ္ဍာငွေတွေ ဖြစ်ပါတယ်။ ဒီပြည်သူရဲ့ ငွေတွေကို ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ဖို့ စာအုပ်ပေါ်မှာ ဖော်ပြထားတဲ့ စီမံကိန်းတွေ အမှန်တကယ် လုပ်ဆောင်ခြင်း ရှိ၊ မရှိ၊ မရှိရင်လည်း ဘာကြောင့် ဘတ်ဂျက်တွေယူထားပြီး အလုပ်မလုပ်ကြသလဲဆိုတာကို လွှတ်တော်နဲ့တကွ ပြည်သူတွေအားလုံး သိရှိစစ်ဆေးဖို့ လိုပါတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ အလေအလွင့် မရှိစေရန် ရည်ရွယ်တာဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။



၎င်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ရာတွင် “နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိသဖြင့် ၀န်ကြီးဌာနများအနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အား အလေးထားလိုက်နာခြင်း မရှိကြောင်း၊ တင်ဒါမခေါ်ဘဲ ကုမ္ပဏီများနှင့် ချိတ်ဆက်လက်သိပ်ထိုး လုပ်ငန်းအပ်နှံခြင်း၊ ပစ္စည်းဝယ်ယူခြင်းများသည် ပွင့်လင်းမြင်သာမှုမရှိဘဲ မရိုးဖြောင့်သည့်သဘော သက်ရောက်ကြောင်း” ဖော်ပြထားသည်။



ထို့ပြင် ၀န်ကြီးဌာနများအတွင်း ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဖောက်ဖျက်မှုများကို ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးကဲ့သို့ ဌာနဆိုင်ရာ အကြီးအကဲများက ပြုလုပ်နေကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဖော်ပြခဲ့သည်။





ဝန်ကြီးဌာနများသည် စီမံကိန်းများဆောင်ရွက်ရန် ဘတ်ဂျက်များ ထုတ်ယူခဲ့သော်လည်း မြေပြင်တ�

news-eleven.com

ဝန်ကြီးဌာနများသည် စီမံကိန်းများဆောင်ရွက်ရန် ဘတ်ဂျက်များ ထုတ်ယူခဲ့သော်လည်း မြေပြင်တွင် စီမံကိန်းများ အမှန်တကယ် ဆောင်ရွက်ထားခြင်းမရှိကြောင်း NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သည်။ဇူလိုင် ၁၆ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀…

from Eleven Media Group's Facebook Wall http://ift.tt/1muEScR

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...