Skip to main content

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က သမ္မတနှင့် တွေ့ဆုံရန် တောင်းဆိုမည်ဖြစ်ပြီး...



မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က သမ္မတနှင့် တွေ့ဆုံရန် တောင်းဆိုမည်ဖြစ်ပြီး တောင်းဆိုချက်များ လိုက်လျောခြင်းမရှိပါက ကောင်စီဝင်အချို့ နုတ်ထွက်မည်ဟု ပြောကြား



ဂျာနယ်လစ်များနှင့် ပတ်သက်၍ အစိုးရက လက်ရှိလုပ်ဆောင်နေသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန် တောင်းဆိုမည်ဖြစ်ပြီး တောင်းဆိုချက်များ လိုက်လျောခြင်းမရှိပါက စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်အချို့ တာဝန်မှ နုတ်ထွက်မည်ဖြစ်ကြောင်း သိရသည်။



ယူနတီသတင်းဂျာနယ်မှ ဂျာနယ်လစ်ငါးဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့မှု၊ Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်လစ်လေးဦးကို ဖမ်းဆီးထားမှု အစရှိသော ကိစ္စရပ်များအတွက် ကြေညာချက်ထုတ်ပြန်ရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ၏ အစည်းအဝေးကို ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေး၌ သမ္မတနှင့်တွေ့ဆုံရန် တောင်းဆိုမည့်အချက်ကို သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။



“သမ္မတနဲ့တွေ့ခွင့် ကျွန်တော်တို့ တောင်းမယ်။ ကောင်စီကသမ္မတနဲ့ တွေ့ခွင့်တောင်းမယ်။ အဓိကတော့ အဲဒီသတင်းမီဒီယာ လောကအပေါ်မှာ တမင်ဖိနှိပ်တဲ့သဘောတွေ ဖြစ်နေတာတွေ။ သမ္မတနဲ့တွေ့ဆုံပြီးတော့ရှင်းမယ်။ မေးမယ်။ ဒီဘက်ကလည်း မီဒီယာတွေရဲ့သဘောသဘာဝကို နားလည်အောင် တစ်ဖက်ကလည်း ဒါတွေဟာ ဘာကြောင့်ဖြစ်နေတာလဲဆိုတာ မေးဖို့ပေါ့” ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။



ထိုအစည်းအဝေးတွင် သမ္မတနှင့်တွေ့ဆုံမည့် တောင်းဆိုချက်ကို လိုက်လျောမှုမရှိခြင်း၊ သမ္မတနှင့်တွေ့ဆုံချိန်တွင် စာနယ်ဇင်းကောင်စီ(ယာယီ)၏ တင်ပြချက်များကို သမ္မတဘက်မှ လိုက်လျောမှုမပြုခြင်း အစရှိသည်တို့ ဖြစ်ပေါ်လာပါက စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ တာဝန်မှ နုတ်ထွက်ပြီး စာနယ်ဇင်းကောင်စီ(ယာယီ) ကို ဖျက်သိမ်းသင့်ကြောင်း အဆိုကို စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်ဖြစ်သော Eleven Media Group ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာသိန်းမြင့်က တင်ပြခဲ့ခြင်းဖြစ်သည်။



“သမ္မတနဲ့တွေ့ဖို့ စာနယ်ဇင်းကောင်စီက တင်မှာရှိမယ်။ တကယ်လို့ အစိုးရအဖွဲ့ကနေ ဘာမှတုံ့ပြန်မှုမရှိဘူးဆိုရင် ဒါစာနယ်ဇင်းကောင်စီရဲ့ လက်ရှိတည်ရှိမှုဟာ ကျွန်တော်တစ်ဦးတည်း ပြောရမယ်ဆိုရင် ဒီအဖွဲ့ကြီးဟာ စာနယ်ဇင်းသမားတွေကိုမှ အကာအကွယ် မပေးနိုင်ဘူး။ ကိုယ်စားမပြုနိုင်ဘူးဆိုရင် ဒီအဖွဲ့ကြီးမှာ ကျွန်တော်ဆက်လက်ရှိဖို့ အကြောင်းမရှိဘူး။ ကျွန်တော်တစ်ဦးတည်း သဘောအရဆိုရင် ကျွန်တော်တို့က စာနယ်ဇင်းသမားတွေကို ကာကွယ်တဲ့ ကာကွယ်ပေးဖို့ တောင်းဆိုတဲ့အပေါ်မှာ အစိုးရအဖွဲ့က သမ္မတကတုံ့ပြန်မှု မရှိဘူးဆိုရင်တော့ နုတ်ထွက်ဖို့အသင့်ပါပဲ။ စာနယ်ဇင်းကောင်စီက ဖျက်ဖို့ပဲရှိပါတယ်” ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးချစ်ဝင်းမောင်က ပြောကြားသည်။



“စာနယ်ဇင်းကောင်စီ(ယာယီ)က ဂျာနယ်လစ်တွေနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်တွေ ထုတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီသဘောထား ထုတ်ပြန်ချက်မှာပါတဲ့ တောင်းဆိုချက်တွေကို အစိုးရကတစ်ခုမှ လိုက်လျောခဲ့တာမရှိဘူး။ ဒါကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ) ဟာ သမ္မတကိုယ်တိုင် အသိအမှတ်ပြုဖွဲ့ပေးထားတာ ဟုတ်သေးရဲ့လား ဆိုတာကို သံသယရှိတယ်။ နုတ်ထွက်မယ့်ကိစ္စမှာတော့ ကျွန်တော်က ရွေးကောက်ခံအဖွဲ့ဝင်အနေနဲ့ ပါလာတဲ့သူ မဟုတ်ဘဲ မြန်မာသတင်းသမားများသမဂ္ဂ (MJU) အဖွဲ့ရဲ့ ကိုယ်စားလှယ်အနေနဲ့ ပါလာတာဆိုတော့ အဖွဲ့က ဒါတွေကြောင့် နုတ်ထွက်ခိုင်းရင်တော့ နုတ်ထွက်မယ်။ သေချာတာကတော့ အသစ်ပြန်ဖွဲ့မယ့် စာနယ်ဇင်းကောင်စီမှာတော့ ဇော်သက်ထွေးဆိုတာ ပါတော့မှာ မဟုတ်ဘူး” ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။



တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိပါက ကောင်စီမှ နုတ်ထွက်မည်ဆိုသည့်ဆန္ဒမှာ ကောင်စီဝင်အချို့တွင် ရှိနေပြီး ကောင်စီအနေဖြင့် သမ္မတနှင့် တွေ့ဆုံအပြီး ဖြစ်ပေါ်လာသည့် တုံ့ပြန်ချက်အပေါ် မူတည်၍ အစည်းအဝေးခေါ်ယူကာ အများသဘောဖြင့် ဆုံးဖြတ်ချက်များ ပြုလုပ်ရန်ရှိသည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။



“သမ္မတရဲ့တုံ့ပြန်မှုပေါ် မူတည်ပြီး ဘာဆောင်ရွက်မယ်ဆိုတာ တစ်ဦးချင်းစီတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကောင်စီကျတော့ အဲဒါကိုပြန်ပြီးတော့ သမ္မတက ဒီလိုတုံ့ပြန်မှုပေးတယ်။ အဲဒါဆိုကျွန်တော်တို့ ဘာဆက်လုပ်မလဲဆိုတဲ့ အများသဘောတူဆန္ဒ အစည်းအဝေးလုပ်ပြီးမှ ကျွန်တော်တို့ပြောလို့ရမယ်။ ဒါပေမဲ့ တစ်ဦးချင်းစီကတော့ ကျွန်တော်တို့ရှိမှာပေါ့နော်။ ဒါတွေကတော့ တစ်ဦးချင်းနဲ့ ဆိုင်လိမ့်မယ်” ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။



မကြာသေးမီက ပြဋ္ဌာန်းခဲ့သော သတင်းမီဒီယာဥပဒေနှင့် ဆက်စပ်သော နည်းဥပဒေများမှာ လပိုင်းအတွင်း ပြီးစီးတော့မည်ဖြစ်ပြီး ထိုနည်းဥပဒေများ ပြီးစီးပါက မူလပြောကြားထားသည့်အတိုင်း စာနယ်ဇင်းကောင်စီ(ယာယီ)ကို ဖျက်သိမ်းသော လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ကာ အသစ်ပြန်လည် ဖွဲ့စည်းမည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။



ယူနတီဂျာနယ်လစ်များအား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ(ယာယီ)က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် “ယခုကဲ့သို့ ကြီးလေးသည့် ပြစ်ဒဏ်စီရင်မှုကြောင့် တည်ဆောက်နေသော နားလည်မှု၊ ယုံကြည်မှုများ ပို၍ဝေးကွာသွားမည်ကို ကောင်စီက အထူးစိုးရိမ်ကြောင်း” ဖော်ပြခဲ့ပြီး “ယူနတီဂျာနယ်လစ်များသည် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေကို တမင်သက်သက် ဖောက်ဖျက်ကျူးလွန်ခြင်း မရှိကြောင်း ထင်ရှားသည်ကို ကောင်စီက ရှုမြင်ကြောင်း” ကိုလည်း ဖော်ပြခဲ့သည်။



ထို့အပြင် ချမှတ်လိုက်သည့် ကြီးလေးသည့် ပြစ်ဒဏ်ကို သမ္မတ၏ ခွင့်လွှတ်မှု၊ သဘောထားကြီးမြင့်မှုကို ပြသသည့်အနေဖြင့် ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးရန် ကောင်စီက မေတ္တာရပ်ခံကြောင်း ဖော်ပြခဲ့ပါသည်။



Bi မွန်းတည့်နေ ဂျာနယ်လစ်များအား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်သော ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကောင်စီထံ တစ်စုံတစ်ရာ အသိပေးခြင်းမရှိဘဲ ယခုကဲ့သို့ ဖမ်းဆီးလိုက်ခြင်းမှာ သမ္မတ၏ အတည်ပြုမှုဖြင့် ဖွဲ့စည်းထား သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော သတင်းမီဒီယာဥပဒေတို့ကို အသိအမှတ်မပြု၊ မလေးစားသည့်သဘော သက်ရောက်သွားသည်ဟု ကောင်စီက ရှုမြင်ကြောင်း” ဆိုသည်။



အထူးသဖြင့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် သိသာထင်ရှားစွာ တမင်ရန်စ၊ သွေးထိုး၊ လှုံ့ဆော်နေသောလူပုဂ္ဂိုလ်များ၊ အင်တာနက် လူမှုရေးစာမျက်နှာများ၊ ဘလော့ဂ်ဆိုဒ်များကို အရေးမယူနိုင်ဘဲ တရားဝင် မီဒီယာအဖြစ် ရပ်တည်နေသော သတင်းမီဒီယာတစ်ခုမှ အယ်ဒီတာနှင့် သတင်းထောက်များကို ကာယကံရှင် ဂျာနယ်တိုက်သို့ လည်းကောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်း (ကောင်စီ) ထံသို့လည်းကောင်း တရားဝင် အသိပေးအကြောင်းကြားခြင်း မရှိဘဲ ခေါ်ယူမေးမြန်းခြင်း၊ ရှောင်တခင်ဝင်ရောက် ဖမ်းဆီးအရေးယူခြင်းနှင့် ထောင်ဒဏ်အပြစ်ပေးခြင်းတို့ကို ကောင်စီက သဘောမတူ ကန့်ကွက်သည့်အပြင် ထိုအပြုအမူများသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းစဉ်နှင့် သတင်းမီဒီယာများ၏ လွတ်လပ်စွာရေးသားခွင့်တို့ကို ခြိမ်းခြောက်ရာရောက်သည်ဟု ယူဆသဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) က သဘောထားထုတ်ပြန်သည်။



မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် သတင်းသိခွင့်ရှိသော နိုင်ငံသားအားလုံး အကျိုးအလို့ငှာ မြန်မာသတင်းမီဒီယာ လောကသားများ၏ လွတ်လပ်စွာ သတင်းရယူခွင့်နှင့် သတင်းလွတ်လပ်ခွင့်တို့အတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်မည်ဟုလည်း သဘောထား ထုတ်ပြန်ချက်၌ ထည့်သွင်းရေးသားခဲ့သည်။



ဇူလိုင် ၁၂ ရက်က ပြုလုပ်သော စာနယ်ဇင်းကောင်စီ(ယာယီ) အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့အပြင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာတင်လှိုင်၊ ဒေါက်တာမျိုးသန့်တင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာသိန်းမြင့်၊ ဦးသီဟစော၊ ဦးချစ်ဝင်းမောင်၊ ကိုမြင့်ကျော်၊ ကိုရဲမင်းဦး၊ ဦးခင်မောင်ဌေး၊ ဒေါ်ချိုချိုတင်(မစန္ဒာ)၊ ဒေါ်နန်းကလျာဝင်းတို့ တက်ရောက်ခဲ့ကြသည်။

from Eleven Media Group's Facebook Wall http://ift.tt/1jms79m

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...