Skip to main content

မြို့ကြီးသုံးမြို့ရှိ ခြေ၊ လက်အင်္ဂါမဲ့သူများကိုရှာဖွေကာ ခြေတု၊ လက်တု တပ်ဆင်ပေးမည်...



မြို့ကြီးသုံးမြို့ရှိ ခြေ၊ လက်အင်္ဂါမဲ့သူများကိုရှာဖွေကာ ခြေတု၊ လက်တု တပ်ဆင်ပေးမည်



မန္တလေး၊ ဇူလိုင် ၁



ပြည်တွင်းစစ်နှင့် လုပ်ငန်းခွင်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခြေ၊ လက်ပြတ်ပြီး ကိုယ်အင်္ဂါ မသန်စွမ်းဖြစ်နေရာ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့ကြီးသုံးမြို့တွင် ခြေ၊လက်အင်္ဂါမဲ့သူများကို ရှာဖွေကာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းပြီး ခြေတုလက်တု ရှာဖွေတပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီ ဒုတိယတပ်ဖွဲ့မှူး ဦးဘုန်းကျော်က ပြောကြားသည်။



ခြေတုလက်တု ရှာဖွေတပ်ဆင်ရေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် လားရှိုးမြို့တို့တွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယင်းမြို့သုံးမြို့တွင်ရှိသော ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းသူ၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသူနှင့် ရောဂါဘယကြောင့် ဖြတ်တောက်လိုက်ရသည့် ခြေလက်မသန် စွမ်းသူများကို လိုက်လံရှာဖွေပြီး မိမိတို့၏ ပြည်နယ်၊ တိုင်းဒေသကြီး ကြက်ခြေနီရုံးများမှတစ်ဆင့် မတ္တရာမြို့နယ်ရှိ ရေနံ့သာ ခြေတုစက်ရုံထံ အခမဲ့ပို့ဆောင်ပေးပြီး တပ်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကာ တပ်ဆင်ပေးမည့်သူများသည် တိုင်းဒေသကြီး ကြက်ခြေနီရုံးများသို့ ရောက်ရှိလာလျှင် အသွားအပြန် ကုန်ကျစရိတ်များကို ကျခံပေးမည့်အပြင် ခြေတုလက်တု တပ်ဆင်သွားသူများကို တပ်ပေးသည့်အချိန်မှစ၍ ခြောက်လအတွင်း တိုးတက်မှု အခြေအနေများကို ပြန်လည် ဆန်းစစ်သည့် လုပ်ငန်းများလည်း လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။



“အဲ့ဒီ ခြေတုတပ်ဆင်ရေး လုပ်ငန်းတွေကို စီမံကိန်းဝင် မြို့နယ်မှာရှိတဲ့ ကြက်ခြေနီလူငယ်တွေက နေရာအနှံ့ လိုက်လံရှာဖွေမှာပါ။ ရှာဖွေမှုကတော့ မြို့နယ် ကြက်ခြေနီအသင်းရဲ့ အစီအစဉ်နဲ့ ရှာဖွေမှာပါ” ဟု ၎င်းကဆိုသည်။



မန္တလေးတိုင်းဒေသကြီးအနေနှင့် ခြေတုလက်တု တပ်ဆင်ရေး စီမံကိန်းတွင် မပါဝင်သော်လည်း မြို့နယ်ကြက်ခြေနီ အသင်းများသို့ ခြေတုလက်တု တပ်ဆင်လိုကြောင်း လာရောက် အကူညီတောင်းခံမှုရှိလျှင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှတစ်ဆင့် တိုင်းဒေသကြီး ကြက်ခြေနီသို့ ဆက်သွယ်ပေးပြီးနောက် အသင်းပိုင် မော်တော်ယာဉ်များဖြင့် ရေနံ့သာခြေတု လက်တုစက်ရုံသို့ ပို့ဆောင်ပေးနေကြောင်း အောင်မြေသာစံမြို့နယ် ဒေါနဘွား ရပ်ကွက်ရှိ ကြက်ခြေနီတပ်ခွဲမှူး ဦးသိန်းထွန်းအောင်က ပြောကြားသည်။



“ကျွန်တော့်ခြေထောက်ကို ကန္တာရဆူးစူးလို့ ညာဘက်ခြေထောက်တစ်ချောင်း ဖြတ်လိုက်ရတယ်။ ခြေတုတပ်ချင်တော့ တိုင်းကြက်ခြေနီအသင်းကို သွားအကူညီတောင်းခဲ့ပါတယ်။ သူတို့ကပဲ အဲ့ဒီရေနံ့သာစက်ရုံ ရောက်အောင်အစအဆုံး အကူအညီ ပေးခဲ့ပါတယ်” ဟု တောင်သာမြို့မှ ပဲမျိုးစုံ ရောင်းဝယ်နေသည့် ဦးကိုလေးက ဆိုသည်။



ရေနံ့သာစက်ရုံတွင် ခြေတု၊ လက်တု ပညာရှင် ၂ ဦးသာရှိသည့်အတွက် အရည်အသွေး ပြည့်မီသည့် ခြေတု၊ လက်တုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တစ်လလျှင် ခြေတုအချောင်း ၂၀ သာလုပ်ဆောင်နိုင်ပြီး ခြေတုစီမံချက် ဆောင်ရွက်နေသည့် တိုင်းဒေသကြီးသုံးခုအတွက် တတ်နိုင်သ၍ ကြိုးစားလုပ်ဆောင် ပေးနေကြောင်း မတ္တရာမြို့နယ် ရေနံ့သာခြေတုလက်တုစက်ရုံ စက်ရုံမှူး ဒေါက်တာဒေါ်မြသီတာက ပြောကြားသည်။



“မန္တလေးဆေးရုံမှာတော့ ခြေတုလက်တု တပ်ဆင်ရေး လုပ်ငန်းရှိတယ်။ အခု ဆေးရုံအကြီးစား ပြင်ဆင်နေလို့ အဲ့ဒီလုပ်ငန်း ခဏရပ်ထားပါတယ်” ဟု ယင်းဆေးရုံ တာဝန်ရှိသူတစ်ဦးက ဆိုသည်။



မန္တလေးတိုင်းဒေသကြီးအတွင်း၌ ခြေတုလက်တု တပ်ဆင်ရေး အလုပ်ရုံမရှိသဖြင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူ အသင်းအနေနှင့် ခြေတုလက်တု တပ်ဆင်လိုသူများ လာရောက် ဆက်သွယ်လျှင် အသင်းချုပ်၏ ရန်ကုန်ရှိ အလုပ်ရုံသို့ ဆက်သွယ်ပေးကြောင်း၊ ဆေးရုံကြီးရှိ ခြေတုလက်တုအလုပ်ရုံ ပြင်နေသဖြင့် အသင်းမှ ICRC နှင့် ပြုလုပ်ရန်ရှိသည့် ခြေတုအချောင်း ၄၀ မရသေးကြောင်း မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးစိုင်းအောင်ထက်က ပြောကြားသည်။



အဆိုပါခြေတုလက်တု တပ်ဆင်ရေးလုပ်ငန်းများကို ကြက်ခြေနီအသင်းနှင့် ICRC တို့မှ ၂၀၁၂ ခုနှစ်တွင် မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် စတင်လုပ်ကိုင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအနေနှင့် ခြေတုလက်တု တပ်ဆင်ရေး လုပ်ငန်းများကို မြို့ပေါ်မှ လာရောက် ဆက်သွယ်မှု နည်းပါးပြီး နယ်မြို့များမှ လာရောက် ဆက်သွယ်မှုများကြောင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီရုံးထံမှ စုံစမ်းသိရှိရသည်။







from The Voice Weekly's Facebook Wall http://ift.tt/1rhM3wv

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...