ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရှုံးထွက်အဆင့်တွင် ကော်စတာရီကာအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့် ဂရိလက်ရွေးစင်အသင်း ကစားသမားများသည် ကမ္ဘာ့ဖလားအပိုဆုကြေးငွေများကို မယူရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ဂရိလက်ရွေးစင်ကစားသမားများသည် အပိုဆုကြေးငွေများကို မယူဘဲ၊ ယင်းငွေကြေးများအား လေ့ကျင့်ရေးကွင်းသစ် တည်ဆောက်ရာတွင် အသုံးပြုရန် စာရေးသားတောင်းဆိုခဲ့ကြောင်း ဂရိနိုင်ငံဝန်ကြီးချုပ် ဆာမာရက်စ်က သတင်းထောက်များကိုအတည်ပြုပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ဆာမာရက်စ်က “ဒီဆုကြေးငွေတို့ကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ကျွန်တော်တို့က ဂရိနိုင်ငံနဲ့ ပြည်သူတွေအတွက် ကစားခဲ့တာပါလို့ သူတို့(ဂရိကစားသမားများ)က ကျွန်တော့်ဆီ စာရေးသား တောင်းဆိုခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
သို့ရာတွင် ဂရိပြည်တွင်းမီဒီယာများကမူ ကစားသမားများက ယင်းကဲ့သို့ စာရေးသားတောင်းဆိုခဲ့ခြင်း မဟုတ်ကြောင်းနှင့် ဂရိဝန်ကြီးချုပ်မှ ဂရိဘောလုံးအဖွဲ့ချုပ်ထံ ဖုန်းဆက် ကာ တောင်းဆိုစေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
from Eleven Daily News http://ift.tt/1qeEjcY
Comments
Post a Comment