"အင်္ဂလန်ပရီးမီးယားလိဂ်အသင်းများ၏ ဘောလုံးပွဲတစ်ရာသီစာ လက်မှတ်ခများ တိုးမြှင့်"
အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်း ၅၀ ရာခိုင်နှုန်းကျော်သည် ၎င်းတို့၏ တစ်ရာသီစာ ဘောလုံးပွဲလက်မှတ်ခများကို တိုးမြှင့်လိုက်သည်။ ထိုသို့ တိုးမြှင့်လိုက်ရာတွင် အာဆင်နယ်အသင်း၏ တစ်ရာသီစာလက်မှတ်ခမှာ အများဆုံးဖြစ်ပြီး ပေါင်စတာလင်၂,၀၁၃ ဖြစ်သည်။
တော့တင်ဟမ်က ပေါင်စတာလင် ၁,၈၉၅ ဖြင့် ဒုတိယနှင့် ချယ်လ်ဆီးက ပေါင်စတာလင် ၁,၂၅၀ ဖြင့် တတိယ အများဆုံးဖြစ်သည်။ ပရီးမီးယားလိဂ်အသင်းများ၏ တစ်ရာသီစာလက်မှတ်ခ တိုးမြှင့်လိုက်ခြင်းအပေါ် ဘောလုံးပရိသတ်များအဖွဲ့ချုပ်က ချီတက်ဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။
ပရီးမီးယားလိဂ်အသင်းများ အနေဖြင့် ၃ နှစ်တာကာလအတွင်း ရုပ်သံထုတ်လွှင့်မှုမှ ပေါင်စတာလင် ၅.၅ ဘီလျံအထိ ရရှိထားခဲ့ရာ ယခုကဲ့သို့ ဘောလုံးပွဲလက်မှတ်ခများ တိုးမြှင့်ရန် မလိုအပ်ကြောင်း အင်္ဂလန် ဘောလုံးကစားသမားဟောင်းနှင့် လက်ရှိတွင် အားကစားအစီအစဉ်များ တင်ဆက်သူ ဂယ်ရီလိုင်ကာက ဝေဖန်သုံးသပ်လိုက်သည်။
(အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးအသင်းများ၏ တစ်ရာသီစာ လက်မှတ်ခတိုးမြင့်မှုမှာ ပုံတွင် ပါဝင်သည့်အတိုင်းဖြစ်သည်)
http://ift.tt/OTcCHv
#MizzimaDaily
from Mizzima - News in Burmese's Facebook Wall http://ift.tt/1wQrHZN
Comments
Post a Comment