Skip to main content

မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား အချိန်လျှော့ချ သတ်မှတ်ပေးရန် မြို့ခံ...



မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား အချိန်လျှော့ချ သတ်မှတ်ပေးရန် မြို့ခံများမျှော်လင့်နေကြပြီး ညမထွက်ရအမိန့်ကြောင့် စီးပွားရေးကျပ်တည်းမှုများ ရှိလာ



မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား အချိန်လျှော့ချ သတ်မှတ်ပေးရန် မြို့ခံများမျှော်လင့်နေကြပြီး ညမထွက်ရအမိန့်ကြောင့် စီးပွားရေးကျပ်တည်းမှုများ ရှိလာသည့်အပြင် အခြားသော အခက်အခဲများပါ ရင်ဆိုင်လာနေရကြောင်း သိရသည်။



ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားခြင်းကြောင့် မန္တလေးမြို့တွင် စီးပွားရေးအခက်အခဲများ၊ ကျန်းမာရေးအခက်အခဲများနှင့် အခြားအခက်အခဲများအပြင် စားဝတ်နေရေး ထိခိုက်မှုများပါ ဖြစ်ပေါ်လာခြင်းကြောင့် မြို့ခံများက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းအား အချိန်လျှော့ချ သတ်မှတ်ပေးရန်အတွက် ပြောဆိုမှုများ ရှိနေကြသည်။



“မန္တလေးမြို့ရဲ့ လက်ရှိအခြေအနေတွေက တည်ငြိမ်အေးချမ်းမှုတွေကို တွေ့လာရပါပြီ။ ဒါကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို မရုပ်သိမ်းပေးသေးရင်လည်း အချိန်လျှော့ချ သတ်မှတ်ပေးဖို့အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဆီကို ဒီကနေ့ပဲ မေတ္တာရပ်ခံစာ ပေးပို့သွားမှာပါ။ အချိန်အနေနဲ့က လက်ရှိထုတ်ပြန်ထားတဲ့ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ ထုတ်ပြန်ထားတာကို ည ၁၀ နာရီကနေ မနက် ၄ နာရီ ဒါမှမဟုတ် ည ၁၁ နာရီကနေ မနက် ၃ နာရီအထိ ပြင်ဆင်သတ်မှတ်ပေးရင် သင့်တော်မယ်လို့ ထင်ပါတယ်” ဟု မြို့ခံများဖြင့် ဖွဲ့စည်းထားသည့် မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကော်မတီမှ ဦးမင်းထက်ငြိမ်းချမ်းက ပြောကြားသည်။



“ကျွန်တော်တို့ကတော့ ညပိုင်းလူနာသွားပို့ရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အသိပေးတယ်။ လမ်းမှာရှိနေတဲ့ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ကို အသိပေးပြီးတော့ သွားရပါတယ်။ သူတို့ရဲ့ စစ်ဆေးမှုကို ခံယူပြီးတော့ သွားနေပါတယ်။ တစ်ခါတလေမှာတော့ စကားပြောဆိုရတာက အချိန်ကြာသွားတာတွေ ရှိတယ်” ဟု ညစဉ် လူမှုကူညီရေးလုပ်ငန်းများ လိုက်ပါလုပ်ဆောင်ပေးနေသည့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ ကိုစိုးကပြောပြသည်။



လက်ရှိအချိန်တွင် မန္တလေးမြို့၌ ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အား အချိန်လျှော့ချ သတ်မှတ်ပေးရန်အတွက် မြို့ခံများမှ လိုလားလျက်ရှိပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လာနေကြောင်းလည်း သိရသည်။



အဆိုပါ ညမထွက်ရအမိန့်ကြောင့် မဟာမုနိဘုရားကြီး မျက်နှာသစ်တော်ရေ ဆက်ကပ်ရာတွင် အချိန်နောက်ဆုတ်ပေးခဲ့ရသည့်အပြင် ကုန်းစိမ်းဈေးသည်များ၊ ညပိုင်းဈေးရောင်းချသူများ၊ ကုန်တင်ကားဂိတ်များ၊ အဝေးပြေးကားဂိတ်များနှင့် အခြားသော အခက်အခဲများလည်း ဖြစ်ပေါ်နေရကြောင်း သိရသည်။



“တည်ငြိမ်နေပြီ ဆိုပေမယ့် ပြဿနာ ဖြစ်လောက်အောင်ထိ ကြီးမားတဲ့ ကောလာဟလသာ မပြန့်တာ။ ကောလာဟလ အသေးလေးတွေက ထွက်နေသေးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ၁၄၄ ဖြေလျှော့ဖို့ ချင့်ချိန်ရသေးတယ်။ ချက်ချင်းရုပ်သိမ်းဖို့ထက် အချိန်လျှော့ဖို့တော့ စဉ်းစားနေတယ်လို့ သိရတယ်” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးဇော်မင်းဦးက ဆိုသည်။



“ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် ကျွန်တော်တို့လုပ်ငန်းတွေ အများကြီးထိခိုက်မှု ရှိသွားပါတယ်။ ကာဖျူးစထုတ်လိုက်ကတည်းက တိုက်ရိုက်ထိခိုက်မှုတွေ ရှိလာတာက ကျွန်တော်တို့ပါ။ ဥပမာပြောရမယ်ဆိုရင် အရင်က ဟိုတယ်တစ်လုံးမှာ အခန်းတစ်ထောင်ကျော် ဧည့်သည်လာတည်းရင် အခုအချိန်က အခန်း ၅၀၀ မပြည့်တော့ပါဘူး။ သူတို့ကလည်း စိုးရိမ်နေတာကြောင့် ညအိပ်မတည်းကြတော့ဘူး။ ဖြစ်နိုင်ရင် ကာဖျူးမိန့်ကို မြန်မြန်ရုပ်သိမ်း ပေးစေချင်ပါတယ်။ ကာဖျူးမိန့် ကြာနေဦးမယ်ဆိုရင် ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေအပြင် အခြားစီးပွားရေး လုပ်ငန်းတွေလည်း ရေရှည်မှာတော့ အနည်းနဲ့အများ ထိခိုက်လာမှာ အမှန်ပါပဲ။ အခုဆိုရင် ည ၉ နာရီမထိုးခင် အိမ်ကိုမရောက်ရောက်အောင် အပြေးပြန်နေရတယ်။ အိမ်ကိုပြန်ရောက်တော့လည်း ညမထွက်ရ အမိန့်နဲ့ဆိုတော့ အကျယ်ချုပ်ကျနေသလို ခံစားရတယ်” ဟု မန္တလေးမြို့မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။



“ည ၉ နာရီမထိုးခင်မှာ ဆိုင်ကိုအပြေးအလွှား သိမ်းရတယ်။ နောက်ကျသွားရင် အဖမ်းခံရမှာလဲ စိုးရိမ်ရသေးတယ်။ အရင်ကလိုတော့ အချိန်ကြာကြာ ဈေးရောင်းလို့ မရတော့ဘူး။ ထိခိုက်မှု ရှိလားဆိုတော့ ဈေးရောင်းချိန်လျော့သွားတော့ အရင်လိုဝင်ငွေ မဟုတ်တော့ဘူး။ ၀င်ငွေတော့ လျော့သွားတာပေါ့” ဟု ဈေးချိုအနီး၌ ညပိုင်းဈေးရောင်းချနေသူတစ်ဦးက ဆိုသည်။



ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းကြောင့် လူတန်းစားအသီးသီး ထိခိုက်နစ်နာလျက်ရှိပြီး အဓိကနစ်နာသူများမှာ ညပိုင်းဈေးရောင်းချနေကြသော လူလတ်တန်းစားများနှင့် အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အခြေခံလူတန်းစားများ ဖြစ်ကြသည်။



ညမထွက်ရအမိန့်ကြောင့် အရောင်းဆိုင်ကြီးများနှင့် စူပါမားကက်များ အချိန်စောပြီး ပိတ်သိမ်းရသဖြင့် ယခုအမိန့်သာ ကာလကြာရှည်မည်ဆိုလျှင် မန္တလေးမြို့၏ စီးပွားရေးအား ကြီးစွာသော သက်ရောက်မှု ဖြစ်ပေါ်လာစေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။



“ညမထွက်ရအမိန့်က ည ၉ နာရီမှ စတယ်ဆိုပေမယ့် ၇ နာရီ မတိုင်မီကတည်းက ဆိုင်သိမ်းဖို့ ပြင်နေရပြီ။ ၀န်ထမ်းတွေ အားလုံးနီးပါးက မြို့သစ်ဘက်က လာကြတာဖြစ်လို့ သူတို့ အန္တရာယ်ကင်းကင်း ပြန်နိုင်အောင် ဆိုင်စောပိတ်ပေးရတယ်။ အဲဒီတော့ ၇ နာရီဝန်းကျင်လာတဲ့ ဈေးဝယ်ကို ဘာမှပြန်ရှင်းမပြနိုင်ဘူး။ အရောင်းကျတယ်။ အကျိုးဆက်က ၀န်ထမ်းတွေကို ဆုကြေးတို့လို ခံစားခွင့် မပေးနိုင်တော့ဘူး။ ဒီထက်ဆိုးလာရင် လူလျှော့ရမယ်။ ဘယ်သူမှတော့ ၀န်ထမ်းမလျှော့ချင်ကြပါဘူး။ စီးပွားရေးအရ သိပ်ထိခိုက်လာရင်တော့ မဖြစ်မနေ လျှော့ရမှာပဲလေ။ ကျွန်မတို့လည်း ကိုယ့်အကျိုးစီးပွားက ရှိသေးတာပဲလေ။ မန္တလေးမြို့ကြီး အမြန်ဆုံးတည်ငြိမ်ဖို့ ဆုတောင်းနေရတယ်” ဟု ၇၈ လမ်းမကြီးပေါ်ရှိ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။



“ကျွန်မတို့က မြို့သစ်ကနေလာပြီး အလုပ်ဆင်းရတာ။ ၇ နာရီလောက် ဆိုင်စသိမ်းမှ ၈ နာရီဝန်းကျင်မှာ ပြန်နိုင်တယ်။ အိမ်ပြန်ရောက်ရင် ၉ နာရီထိုးပြီ။ အရောင်းအ၀ယ် မကောင်းတာကြာပြီ။ ဆိုင်ရှင်က လူလျှော့မယ်တော့ မပြောသေးဘူး။ ဒီလိုအကြာကြီးဆိုရင်တော့ လူလျှော့မှာ သေချာပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ နေ့စားသမားဆိုတော့ အလုပ်မရှိမှာ စိုးတယ်။ ဈေးရောင်းမကောင်းကြရင် ဘယ်သူမှ အလုပ်ပေးနိုင်မှာ မဟုတ်ဘူး” ဟု ဒိုင်းမွန်းပလာဇာပေါ်ရှိ အရောင်းဆိုင်တစ်ဆိုင်မှ နေ့စားအလုပ်သမားတစ်ဦးက ဆိုသည်။



“ကာဖျူးကြာရင် လက်လုပ်လက်စားသမားတွေ နစ်နာတာပေါ့။ အဓိကအားဖြင့် ပန်းသည်တို့၊ သစ်သီးသည်တို့၊ ပွဲရုံတွေ၊ ကားဂိတ်တွေက ညပိုင်းမှာ လှုပ်ရှားရတာ။ ည ၁၂ နောက်ပိုင်းနဲ့ မိုးမလင်းခင် အလုပ်လုပ်ကြရတာဆိုတော့ အများကြီး ထိခိုက်ပါတယ်။ ကာဖျူးကို အမြန်ဆုံး ပြန်ရုပ်သိမ်းလို့ရတဲ့ အနေအထားရောက်အောင် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေကြရတယ်” ဟု မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။



“အရင်ကဆိုရင် ညပိုင်း ၁၂ နာရီအထိ ကုန်တင်ကုန်ချတွေ လုပ်တယ်။ အခုချိန်က ပုဒ်မ ၁၄၄ ထုတ်ထားတာဆိုတော့ ည ၇ နာရီဆိုရင် အလုပ်အားလုံး သိမ်းလိုက်ရပြီ။ အလုပ်သမားတွေကတော့ နားရတာပေါ့။ ဒါပေမဲ့လည်း ညပိုင်း အလုပ်ဆင်းချိန်လျော့သွားတော့ သူတို့လည်း ၀င်ငွေထိခိုက်မှုတွေ ရှိသွားတယ်။ ညမထွက်ရအမိန့်က ကြာနေဦးမယ်ဆိုရင် ရေရှည်မှာ စီးပွားရေးတွေကို အနည်းနဲ့အများ ဆိုသလို ထိခိုက်မှုတွေ ရှိလာတော့မယ်။ ပုဒ်မ ၁၄၄ ကို မရုပ်သိမ်းပေးသေးဘူး ဆိုရင်လည်း အချိန်ကိုတော့ လျှော့ချပေးသင့်ပါပြီ” ဟု ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ကိုင်နေသည့် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်မှ ဦးကြည်အောင်က ပြောကြားသည်။



“ညပိုင်း ၉ နာရီဆိုရင် ဆိုင်ကသိမ်းရတာဆိုတော့ အရင်လို ဈေးရောင်းရတာတော့ မကောင်းတော့ဘူး။ အရင်ကဆိုရင် ည ၁၁ နာရီကျော်တဲ့အထိ ဈေးရောင်းရတယ်။ အခု ညမထွက်ရအမိန့်က ရှိနေတော့ ရောင်းအားကျသွားတယ်” ဟု ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက်အတွင်း ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချနေသည့် မမိုးမိုးဝေက ပြောကြားသည်။



မန္တလေးမြို့တွင် ဇူလိုင် ၁ ရက်မှ ၄ ရက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဇူလိုင် ၃ ရက်မှ စတင်ပြီး ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် တစ်ခုဖြစ်သည့် ပုဒ်မ ၁၄၄ ကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။



ယင်းအပြင် ပုဒ်မ ၁၄၄ စတင်ထုတ်ပြန်ခဲ့သည့် ဇူလိုင် ၃ ရက်မှ စတင်ကာ ဇူလိုင် ၁၈ ရက်အထိ ညမထွက်ရအမိန့်အား မလိုက်နာသူ စုစုပေါင်း ၉၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။





မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား အချိန်လျှော့ချ သတ်မှတ်ပေးရန်...

news-eleven.com

မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား အချိန်လျှော့ချ သတ်မှတ်ပေးရန် မြို့ခံများမျှော်လင့်နေကြပြီး ညမထွက်ရအမိန့်ကြောင့် စီးပွားရေးကျပ်တည်းမှုများ ရှိလာသည့်အပြင် အခြားသော အခက်အခဲများပါ ရင်ဆိုင်လာနေရကြောင်း သိရသည်။ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားခြင်းကြောင့် မန္တလေးမြို့တွ…

from Eleven Media Group's Facebook Wall http://ift.tt/WnQ71I

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3