Skip to main content

ယူနတီဂျာနယ်မှ ဂျာနယ်လစ်များအား အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းနှင့် ပတ်သက...



ယူနတီဂျာနယ်မှ ဂျာနယ်လစ်များအား အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း WAN-IFRA က သမ္မတထံ အကြောင်းကြားစာ ပေးပို့



ယူနတီဂျာနယ်မှ ဂျာနယ်လစ်များအား အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခြင်းအပေါ် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအဖွဲ့အစည်းနှင့် ကမ္ဘာ့အယ်ဒီတာများဖိုရမ်က သမ္မတဦးသိန်းစိန်ထံ အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။



အဆိုပါအကြောင်းကြားစာတွင် “ဓာတုလက်နက်စက်ရုံဟူ၍ စွဲဆိုဖော်ပြခဲ့သော သတင်းအတွက် မီဒီယာသမားငါးဦးကို ဖေဖော်ဝါရီလတွင် ဖမ်းဆီးပြီး မကြာသေးခင်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့မှုအပေါ် လွန်စွာစိုးရိမ်ပူပန်မိကြောင်း”စသည်ဖြင့် ဖော်ပြထားသည်။



“ယခုလို အမိန့်ချမှတ်ခဲ့ခြင်းသည် သတင်းလွတ်လပ်ခွင့်ကို နောက်ကြောင်းပြန်လှည့်စေသည်ဟု WAN-IFRA က ရှုမြင်ပါသည်။ ထို့ကြောင့် တရားရုံးတော်အနေဖြင့် တရားခံများ၏ အယူခံဝင်မှုကို အမြန်ဆုံးကြားနာ၍ ဆုံးဖြတ်ချက်အား ပြန်လည်စဉ်းစားပေးစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။ ယခုအမှုတွင် နိုင်ငံရေးအရ ပါဝင်ပတ်သက်မှုများ ရှိနေမည်ကို အလွန်စိုးရိမ်မိပါသည်။ ထိုသို့ပြင်းထန်သော အမိန့်ချမှတ်မှုကြောင့် မြန်မာနိုင်ငံ၏ သတင်းလောကတွင် self-censorship တိုးမြှင့်လာပြီး ပြည်သူ့အကျိုးအတွက် ရည်ရွယ်ဖော်ပြရန် ဝန်လေးမှုများသည် ထိတ်လန့်ဖွယ် အကျိုးဆက်တစ်ခုအနေဖြင့် ရှိလာနိုင်သည်။



လူကြီးမင်းထံသို့ ဖေဖော်ဝါရီ ၇ ရက်က ပေးပို့ခဲ့သောစာတွင် အလေးပေးဖော်ပြထားသည့် မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) မှ အစပြုခဲ့သော စိုးရိမ်မှုများကို ထပ်မံပြောကြားလိုပါသည်။ ယခုဖြစ်ရပ်တွင် ပုံမှန်တရားစီရင်ရေးလုပ်ထုံးများကို လိုက်နာခဲ့ခြင်း မရှိခဲ့ပါ။ တရားဝင် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းမရှိခဲ့သလို ဖမ်းဆီးထိန်းသိမ်းမှုများသည်လည်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများကို မလိုက်နာခဲ့ပါ။



မိမိတာဝန်ကို ထမ်းဆောင်ရုံဖြင့် မီဒီယာသမားများ ဖမ်းဆီးခံရခြင်းသည် မည်သည့်အခါမှ တရားမမျှတကြောင်း၊ ထိုကဲ့သို့ ပြည်သူ့အကျိုးအတွက် ထင်ရှားသည့် ကိစ္စရပ်အပေါ် သတင်းဖော်ပြခြင်းအား အပြစ်ပေးမှုသည် သင်တို့တိုင်းပြည်၏ ဒီမိုကရေစီမျှော်မှန်းချက်များအား ပြင်းထန်သော ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အတွက် ကျွန်ုပ်တို့ စိုးရိမ်မိကြောင်း ထပ်မံပြောကြားလိုပါသည်” ဟု ရေးသားထားသည်။



ထို့ပြင်“သတင်းသမားများအား ထောင်နှစ်ရှည်ချခြင်းဖြင့် သတင်းလွတ်လပ်ခွင့်အား ထိန်းချုပ်ရန် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော သတင်းလွတ်လပ်ခွင့်အတွက် မဆုတ်မနစ်လုပ်ကိုင်ရန်နှင့် လူ့အခွင့်အရေးများအား လေးစားလိုက်နာရန် ကတိများပျက်ကွက်နေသည်ဟု ပြင်းထန်သည့် သတိပေးချက်တစ်ခု ဖြစ်ပါသည်။



ယခုကဲ့သို့ အမိန့်ချမှတ်ခြင်းသည် နိုင်ငံရေးလှုံ့ဆော်မှုများ ပါဝင်သည်ဆိုသော ပြောဆိုချက်များကို စုံစမ်းစစ်ဆေးရန်နှင့် တဖန်မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အတွက် ပိုမိုအားကောင်းသည့် အာမခံချက်များ ရှိလာအောင်အားပေးရန် သင့်အားကျွန်ုပ်တို့က တိုက်တွန်းအပ်ပါသည်။ သတင်းမီဒီယာအတွက် ဖိနှိပ်မှုများ၊ အစိုးရမှကြား ဝင်စွက်ဖက်မှုမှ လွတ်ကင်းသော အခြေအနေများ ဖန်တီးရန်နှင့် စေ့စပ်သော စုံစမ်းမှုများ၏ ဩဇာဖြင့် ပြည်သူ၏အကျိုးအတွက် ကာကွယ်ရန် ၎င်း၏ အခန်းကဏ္ဍကို မီဒီယာများက ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်သည့် ပတ်ဝန်းကျင်တစ်ခု ရှင်သန်လာစေရန် သင်တို့အား လေးလေးစားစား တိုက်တွန်းအပ်ပါသည်” ဟူ၍ ဖော်ပြထားပါသည်။



ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အဖွဲ့အစည်းနှင့် ကမ္ဘာ့အယ်ဒီတာများဖိုရမ် (WAN-IFRA ) ကိုယ်စားရေးသားပေးပို့ခြင်းဖြစ်ကြောင်းTomas Brunegard (President, World Association of Newspaper and News Publishers) နှင့် Erik Bjerager(President, World Editors Forum) တို့က လက်မှတ်ရေးထိုးထားသည်။



(WAN-IFRA)အဖွဲ့အစည်းသည် နိုင်ငံပေါင်း ၁၂ဝ ကျော်မှ သတင်းစာပေါင်း ၁၈,ဝဝဝ၊ အွန်လိုင်းဆိုက်ပေါင်း ၁၅,ဝဝဝ နှင့် ကုမ္ပဏီပေါင်း ၃ဝဝဝ ကျော်ကို ကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်သည်။



(ယူနတီဂျာနယ်မှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည့် ဂျာနယ်လစ်ငါးဦးအတွက် စစ်တွေဒေသခံသတင်းထောက်များ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးတွင် ဆုတောင်းနေကြစဉ်)







from Eleven Media Group's Facebook Wall http://ift.tt/1sY7Sz9

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...