Skip to main content

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် နယ်သာလန် - အာဂျင်တီးနား ပွဲစဉ် သုံးသပ်ချက်



၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အား ဇူလိုင်လ (၁၀) ရက်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် အာဂျင်တီးနားနဲ့ နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် အိမ်ရှင်ဘရာဇီးနှင့် ဂျာမဏီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂျာမဏီအသင်းက အိမ်ရှင် ဘရာဇီးအား ၇ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီး ယနေ့ညပွဲစဉ်တွင် အနိုင်ရရှိမည့် အသင်းအား စောင့်ဆိုင်းနေလျက်ရှိသည်။

အာဂျင်တီးနားအသင်းကိုကြည့်မယ်ဆိုရင် အာဂျင်တီးနားသည် အုပ်စုပွဲစဉ်မှစ၍ ကွာတားဖိုင်နယ်အထိ တစ်ဖက်အသင်းကို ဂိုးအနည်းငယ်ဖြင့်သာ အနိုင်ရရှိခဲ့သည့်အတွက် တိုက်စစ်ပိုင်းဂိုးသွင်းယူထားမှုကတော့ အားနည်းနေလျက်ရှိသည်ကို တွေ့ရှိရမှာဖြစ်ပါတယ်။ အာဂျင်တီးနား အသင်းဟာ ကွာတားဖိုင်နယ်တွင် ဟီဂွာရင်၏ သွင်းဂိုးဖြင့်သာ ဆီးမီးဖိုင်နယ်သို့ ရောက်ရှိခဲ့ပြီး ယင်းပွဲစဉ်တွင် ဒီမာရီယာဒဏ်ရာကြောင့် လူစားလဲခံခဲ့ရသည်။ အာဂျင်တီးနား၏ ကွင်းလယ်တိုက်စစ်အတွက် မက်ဆီနှင့် ဒီမာရီယာတို့က ဖန်တီးပေးလျက်ရှိပြီး၊ နယ်သာလန်နှင့်ပွဲစဉ်တွင် ဒီမာရီယာပါဝင်နိုင်မှာမဟုတ်တဲ့အတွက် ကွင်းလယ်ပိုင်းတိုက်စစ်ကတော့ သိသာစွာ ကျဆင်းနေမှာဖြစ်ပါတယ်။


ကွင်းလယ်ဖန်တီးမှုနှင့် ဂိုးရရှိမှုတို့ အတွက် မက်ဆီအပေါ် အထူးအမှီပြုလာခြင်းကြောင့် အာဂျင်တီးနားအသင်း အတွက် ဂိုးရရှိမှုဟာ ခက်ခဲနိုင်ဖွယ် ရှိမှာဖြစ်ပါတယ်။ ဟော်လန်က အသင်းလိုက်စုစည်းမှုကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့် ချီလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ချီလီအသင်းရဲ့ ဖိအားပေးကစားမှု ခံခဲ့ရတာကို သတိပြုရမယ်။ ကွာတား ဖိုင်နယ်ပွဲစဉ်အဖြစ် ကော်စတာရီကာနဲ့ ကစားခဲ့တဲ့ပွဲမှာ သာမန်ပွဲကစား ချိန်နဲ့ အချိန်ပိုတွေအတွင်း ကော်စတာရီ ကာခံစစ်ကို ဖိအားပေးနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ဟော်လန် တိုက်စစ်ကလည်း အာဂျင်တီးနားခံစစ်ကို ပွဲချိန်ပြည့် ဖိအား ပေးနိုင်ဖို့ အထူးအားစိုက်ရမှာပါ။


ဒါပေမယ့် ရော်ဘင်ရဲ့ မြန်နှုန်းမြင့် ကစားပုံ၊ စနိုက်ဒါရဲ့ အကောင်းဆုံး ပေးပို့ဖန် တီးပေးနိုင်မှုတွေကြောင့် ဟော်လန်ရဲ့ တိုက်စစ်က အာဂျင်တီးနား ခံစစ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသလို တန်ပြန်တိုက်စစ်ကလည်း ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်စွမ်းရှိတယ်။ အထူးသဖြင့် ဗန်ပါစီ၊ ဟန်တဲလာတို့လို အတွေ့အကြုံရင့် တိုက်စစ်မှူးကောင်းတွေ ရှိနေတာကြောင့် ဟော်လန် တိုက်စစ်ဟာ အားနည်းမှုရှိနေတဲ့ အာဂျင်တီးနားခံစစ်ကို အခက် တွေ့စေနိုင်တယ်။ အခုပွဲမှာ ဟော်လန် အသင်းရဲ့ အဓိက ကွင်းလယ်ကစား သမားတစ်ဦးဖြစ်တဲ့ ဒီဂျောင်ပါဝင်နိုင်မှာ မဟုတ် ပေမယ့် ဟော်လန် အသင်းဟာ နောက်ပိုင်းကစားခဲ့တဲ့ပွဲတွေမှာ ကွင်းလယ်စုဖွဲ့မှုကို အဓိက အားပြုကစား နေတာကြောင့် အာဂျင်တီးနားအသင်းကွင်းလယ်ကို အကောင်းဆုံး ရင်ဆိုင်ကစားနိုင်စွမ်း ရှိတယ်။ ဟော်လန် အသင်းဟာ အာဂျင်တီးနားနဲ့ ဆုံတွေ့မှုတွေမှာ ရလဒ်ကောင်း ရရှိလေ့ရှိပြီး နောက်ဆုံး ဆုံတွေ့မှု လေးကြိမ်မှာ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တယ်။ ဒါကြောင့် ဟော်လန် အသင်းက အာဂျင်တီးနား အသင်းအား အနိုင်ကစား သွားပြီး ဗိုလ်လုပွဲသို့ တက်လှမ်းသွားနိုင်မယ်လို့ ခန့်မှန်းရပါတယ်။


MOI Webportal Myanmar


http://ift.tt/1ouhij1






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1swm6as

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...