Skip to main content

၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာ...



၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စဉ်များတွင် ပါဝင်ကျူးလွန်သူ ၂၀၀၀ ခန့် လွတ်မြောက်နေ



၂၀၁၂ ခုနှစ်မှ ၂၀၁၄ အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စဉ်များတွင် ကျူးလွန်သူ ၂၀၀၀ ခန့်မှာ လွတ်မြောက်လျက်ရှိနေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။



ကျူးလွန်သူ ၂၀၀၀ ခန့်ကို တရားခံပြေးအဖြစ် သတ်မှတ်ကာ ရှာဖွေလျက်ရှိနေသော်လည်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခ ဖြစ်စဉ်မှ ကျူးလွန်သူ ၁၀၀၀ ကျော်ကိုပင် ဖမ်းဆီးနိုင်မှု မရှိသေးကြောင်း သိရသည်။



အစိုးရသစ် ဖြစ်ပေါ်လာခဲ့ပြီး နှစ်နှစ်ခန့်အကြာတွင် မြန်မာနိုင်ငံအတွင်း၌ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင် ပဋိပက္ခဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ရှမ်းပြည်နယ်နှင့် ပဲခူး အစရှိသည့် မြို့ကြီးများတွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။



ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခဖြစ်ပွားမှု အကြိမ်များပြားခဲ့ရာ အမှုပေါင်း ၃၂၆ မှုမှ တိုင်းရင်းသား ၃၄၃ ဦးနှင့် ဘင်္ဂါလီ ၉၇၃ ဦးကို ထိန်းသိမ်းအရေးယူခဲ့ပြီး တရားခံပြေး တိုင်းရင်းသား ၂၅၂ ဦးနှင့် ဘင်္ဂါလီ ၁၁၄၈ ဦးအထိ ရှိနေသည်။



လက်ရှိအချိန်ထိ ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်စဉ်များအနက် တရားရုံးနှင့် ရဲတပ်ဖွဲ့က စစ်ဆေးဆဲ ၆၁ မှု ကျန်ရှိနေပြီး နောက်ကွယ်မှ ကြိုးကိုင်သူ ရှိ၊ မရှိ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။



မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “တိုင်းရဲတပ်ဖွဲ့တွေကနေ စီမံပြီးတော့ ဖြစ်ပွားခဲ့တဲ့၊ ဖြစ်ပွားနေတဲ့ ပဋိပက္ခဖြစ်စဉ်တွေရဲ့ ကျူးလွန်သူကို ဖမ်းဆီးဖို့ ကြိုးပမ်းနေပါတယ်။ ကျွန်တော်တို့ကလည်း ဖမ်းဆီးရမိတဲ့သူတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲ၊ ဘယ်သူတွေက ဒီလိုလုပ်ဆောင်တာလဲဆိုတာ သိအောင်ကြိုးပမ်းမှုတွေတော့ လုပ်ဆောင်နေပါတယ်” ဟု ဖြေရှင်းပြောကြားသည်။



သို့သော်လည်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များအတွင်း ဖမ်းဆီးအရေးယူနိုင်သူ အရေအတွက်ထက် ထွက်ပြေးတိမ်းရှောင်နိုင်သူများမှာ ထက်ဝက်အချိုးခန့် ကွာဟနေသည့်အပြင် သာမန်လူမှုရေး၊ လူမျိုးရေး ပဋိပက္ခ အသွင်များအဖြစ် အဖြေများသာ ထွက်ရှိနေသည်ဟု သတ်မှတ်နိုင်သေးသည်။



၂၀၁၂ ခုနှစ် မတ် ၃ ရက်က လက်ပံတောင်းပဋိပက္ခ ဖြစ်စဉ်၌လည်း ၁၂ ဦးကိုသာ ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ၃၆၂ ဦးမှာ လွတ်မြောက်နေကြောင်း၊ ယင်းဖြစ်စဉ်နှင့် တစ်နှစ်ခန့်အကြာတွင် မိတ္ထီလာ၌ လူမျိုးရေးပဋိပက္ခဖြစ်စဉ် ပြန်လည်ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၈၂ ဦးရှိခဲ့ပြီး အမှုပေါင်း ၄၉ မှုမှ ၈၁ ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။



ယင်းနောက် ပဲခူး၊ ရန်ကုန်မြို့ကြီးများတွင် ပဋိပက္ခဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တရားရုံးနှင့် ရဲတပ်ဖွဲ့မှ စစ်ဆေးဆဲ ၁၈ မှုမှ ပါဝင်ကျူးလွန်သူ ၉၉ ဦးကို ဖမ်းဆီးနိုင်မှု မရှိသေးကြောင်း၊ လားရှိုးမြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အရ ၆ မှုမှ တရားခံပြေး ၁၈ ဦး ရှိနေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပဋိပက္ခဖြစ်စဉ်များကို ပြုစုထားသော စာရွက်စာတမ်းများမှ ဖော်ပြထားသည်။



မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပဋိပက္ခဖြစ်စဉ်များကို ပြုစုထားသော စာရင်းများအရ တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ဖြစ်ပွားလျက်ရှိပြီး ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၁ ရက်က မန္တလေးမြို့၌ ပဋိပက္ခ ပြန်လည်ဖြစ်ပွားခဲ့ပြီး အဓိကကျူးလွန်သူများ အပါအ၀င် ဖြစ်စဉ်အတွင်း ပါဝင်ခဲ့သူ အများစုကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေဆဲပင်ဖြစ်ကြောင်း သိရသည်။





၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပ�

news-eleven.com

၂၀၁၂ ခုနှစ်မှ ၂၀၁၄ အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စဉ်များတွင် ကျူးလွန်သူ ၂၀၀၀ ခန့်မှာ လွတ်မြောက်လျက်ရှိနေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ကျူးလွန်သူ ၂၀၀၀ ခန့်ကို တရားခံပြေးအဖြစ် သတ်မှတ်ကာ ရှာဖွေလျက်ရှိနေသော်လည်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ရခိုင်ပြ…

from Eleven Media Group's Facebook Wall http://ift.tt/1lKZYEF

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...