Skip to main content

ပါတီညီလာခံသို့ ကိုယ်စားပြုကိုယ်စားလှယ်တက်ရောက်ရန် ဧရာဝတီတိုင်း၌ ရခိုင်အမျိုးသားပါတီ ဖွဲ့စည်းမည်






ရခိုင်အမျိုးသားပါတီ ညီလာခံသို့ ဧရာဝတီတိုင်းဒေသကြီးရှိ ရခိုင်တိုင်းရင်းသားများ ကိုယ်စားပြုကိုယ်စားလှယ်များ တက်ရောက်ခွင့်ရရှိမည်ဖြစ်သဖြင့် ရခိုင်အမျိုးသားပါတီ၏ ဧရာဝတီတိုင်းပါတီအား ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်း ပါတီခေါင်းဆောင် ဦးအေးသာအောင်က The Daily Eleven သို့ ပြောကြားသည်။



ဧရာဝတီတိုင်းဒေသကြီး ပါတီဖွဲ့စည်းရန်အတွက် ရပ်/ကျေးပါတီများ ဖွဲ့စည်းရေးအား ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ ဟိုင်းကြီးမြို့နယ်ခွဲ၊ မော်တင်စွန်းဒေသများရှိ ရခိုင်တိုင်းရင်းသား အများစုနေထိုင်ရာ ကျေးရွာများတွင် ဟောပြောစည်းရုံးရေး လုပ်ငန်းများကို ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်ထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။



“ပုသိမ်ကမ်းခြေအပါအ၀င် ဧရာဝတီတိုင်းက အခုကျင်းပမယ့် ပါတီညီလာခံမှာ ညီလာခံကိုယ်စားလှယ် ခုနစ်ယောက်ထိ တက်ခွင့်ရှိပါတယ်။ ခုနစ်ယောက်ကို ညီလာခံတက်ဖို့အတွက် ဘယ်လိုရွေးမယ်။ ဘယ်လိုစုဖွဲ့မယ်။ ကျေးလက်ဒေသမှာ အဖွဲ့တွေဖွဲ့ပြီးတော့ ပုသိမ်မှာစုစည်းပြီး ဧရာဝတီတိုင်းမှာ ရခိုင်အမျိုးသားပါတီ ဖွဲ့ရမယ်။ ပြီးရင် ညီလာခံကိုယ်စားလှယ် ဘယ်လိုစနစ်တကျ ရွေးမယ်ဆိုတာကို အဲဒီ ရခိုင်တိုင်းရင်းသားအများစုနေတဲ့ ဒေသတွေကိုသွားပြီး စည်းရုံးပြောကြားတယ်” ဟု ဦးအေးသာအောင်က ပြောကြားသည်။



ရခိုင်အမျိုးသားပါတီ၏ ပထမအကြိမ် ပါတီညီလာခံကို ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေဒေသတွင် စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ငါးရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး ညီလာခံ၌ ပါတီဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ပါတီဥက္ကဋ္ဌတို့အား ရွေးချယ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။



ထို့ပြင် ရခိုင်အမျိုးသားပါတီ ရုံးဖွင့်လှစ်ထားသော မြို့နယ်များတွင် သြဂုတ် ၃၁ ရက် နောက်ဆုံးထားကာ မြို့နယ်ညီလာခံများ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ မြို့နယ်ညီလာခံများမှတစ်ဆင့် မြို့နယ်ကိုယ်စားလှယ်များ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။



ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့အား ပူးပေါင်း၍ ပေါ်ပေါက်လာသည့် ရခိုင်အမျိုးသားပါတီမှာ လက်ရှိတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရုံးချုပ်အား အခြေစိုက်ထားပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၌လည်း ရုံးခွဲများ ဖွင့်လှစ်ထားသည့်အပြင် ရန်ကုန်မြို့၌ ပါတီရုံးဖွင့်ထားသည်။








from Eleven Daily News http://ift.tt/1qi4fCr

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...