Skip to main content

လုပ်ပွဲပြဿနာနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဟု ကင်မရွန်းဘောလုံးအဖွဲ့ချ...



လုပ်ပွဲပြဿနာနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဟု ကင်မရွန်းဘောလုံးအဖွဲ့ချုပ် အတည်ပြုကြေညာ



ကင်မရွန်းဘောလုံးအဖွဲ့ချုပ်(FECAFOOT) သည် ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်များတွင် လက်ရွေးစင်ကစားသမားများ လုပ်ပွဲပြုလုပ်ခြင်းရှိ၊ မရှိကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၃ဝရက်က ထုတ်ပြန်ကြေညာခဲ့သည်။



FECAFOOT သည် ကင်မရွန်း၏ အုပ်စုပွဲစဉ် သုံးပွဲစလုံးစစ်ဆေးသွားမည်ဖြစ်သော်လည်း ဇွန်လ ၁၈ရက် ကကစားခဲ့သည့် ခရိုအေးရှားအသင်းကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် အုပ်စုဒုတိယပွဲစဉ်ကို အဓိကစုံစမ်းသွားမည်ဖြစ်သည်။



ဂျာမန်မဂ္ဂဇင်း Der Spiegel ၏ဖော်ပြချက်အရ လုပ်ပွဲပြုလုပ်သူဟု သံသယရှိသူ စင်ကာပူနိုင်ငံသား ဝီလ်ဆင်ရာပီရူမယ်သည် ယင်းပွဲရလဒ်နှင့် ကင်မရွန်းကစားသမားတစ်ဦး ပထမပိုင်းတွင် အထုတ်ခံရမှုကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။



FECAFOOT ၏ကြေညာချက်တွင်၎င်းတို့အနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်သည့် အချက်အလက်များကို အများပြည်သူရှေ့မှောက်သို့ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး FIFA နှင့်မူ ဆက်သွယ်ဆောင်ရွက်မည် မဟုတ်ကြောင်း၊ အဖွဲ့ချုပ်၏ စည်းကမ်းပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ကော်မတီမှသာ စွပ်စွဲချက်များကို စစ်ဆေးသွားမည်ဖြစ်ကြောင်းပါရှိခဲ့သည်။ ကင်မရွန်းဘောလုံးတွင် လူပွဲကစားမှုမရှိခဲ့ဖူးကြောင်း ယင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။



လုပ်ပွဲကစားသည်ဟု စွပ်စွဲခံနေရသည့် ကင်မရွန်းလက်ရွေးစင်အသင်း (Photo-AFP)







from Eleven Media Group's Facebook Wall http://ift.tt/1qeDqRI

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...