ယူနတီ ဂျာနယ်သတင်းထောက်များ ဖမ်းဆီးထောင်ချခံရခြင်းမှ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရန် ရည်ရွယ်၍ ဆူးလေစေတီတော်တွင် ယနေ့ ညနေ ၄ နာရီခန့်တွင် ဆုတောင်းမှု ပြုလုပ်ခဲ့သည်။ ဆုတောင်းပွဲကို ယူနတီဂျာနယ်မှ သတင်းထောက် ကိုကျော်လင်းနိုင်မှ ဦးဆောင်၍ ဒီမိုကရေစီ အင်အားစုပါတီမှ ပူးပေါင်းပါဝင်ခဲ့ပြီး ဆူးလေစေတီတော်တွင် ဆုတောင်းမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဖမ်းဆီးထောင်ချခံထားရသော သတင်းထောက်များနှင့် ပတ်သက်၍ ဆုတောင်းပွဲများကို နေရာအနှံ့ ပြုလုပ်သွားရန် အစီအစဉ်ရှိသော်လည်း ရက်အတိမကျ သတ်မှတ်မထားရသေးကြောင်း ကိုကျော်လင်းနိုင်က ပြောသည်။ မီဒီယာများအား သတင်းရေးသား ဖော်ပြခြင်းကြောင့် ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး “ထောင်ဆယ်နှစ်ချတာ များလွန်းတယ်၊ အခုလည်း မွန်းတည့်နေ ကိစ္စကို အမြန်ဆုံး ရုတ်သိမ်းပေးဖို့ တောင်းဆိုချင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
from Popular Myanmar News Journal's Facebook Wall http://ift.tt/1pBAafk
Comments
Post a Comment