" ငွေကြေးအရှုပ်အရှင်းကိစ္စ ရှင်းနေရန်ပင်မလို ဟု
သာသနာရေး ၀န်ကြီးသစ် ဆို "
နေပြည်တော် ၊ ဇွန် ၂
သာသနာရေး ၀န်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးစိုးဝင်းက ၄င်း အနေနှင့် ငွေရေးကြေးရေး အရှုပ်ရှင်းရှိသည်ဆိုပါက ၂၀၁၁ခုနှစ်ကတည်းက ဒုတိယ၀န်ကြီးဖြစ် လာစရာအကြောင်း မရှိပါဟု ဆိုပြီး ယင်းအတွက် ဖြေရှင်းနေမည် မဟုတ်ဟု ပြောသည်။
“ ကျွန်တော်အနေနဲ့ပြောချင်တာတော့ ဒါတွေက အစကတည်းကရှင်းပြီးသားဖြစ်တဲ့အတွက် ရှင်းရန်လည်းမလိုလို့ ကျွန်တော်အနေနဲ့မပြောချင်းဖြစ်ပါတယ် ငွေရေးကြေးရေးရှင်းတယ်
လို့ပြောလို့ရပါတယ်”ဟု ၄င်းကဆိုသည်။
လက်ရှိတရားရင်ဆိုင်နေရတဲ့ သံဃာငါးပါး အမှုကိစ္စနှင့် မဟာသန္တိသုခ အရေးတို့
တွင်လည်း သာသနာရေးဝန်ကြီးဌာနအနေနှင့် အကောင်းဆုံးဖြစ် ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဖြစ်
လာသူ ဦးစိုးဝင်းက ပြောသည်။
“မဟာသန္တိသုခကတော့ ပြောလို့ရှိရင်တော့ ကျွန်တော်တို့အခြေခံဥပဒေနဲ့အညီ သာသနာရေးဝန်ကြီးဌာနရဲ့ရည်မှန်းချက်တွေ မူဝါဒတွေ ချထားတယ် ဒါကြောင့် အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့တော့ ဖြစ်လာမယ့် ပဋိပက္ခတွေကို တတ်နိုင်သမျှငြိမ်း ချမ်းအောင်ကျွန်တော်တို့ကြိုးစားဆောင်ရွက်သွားမှာပဲ”ဟု ၄င်းကဆိုသည်။
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ၂၀၁၁ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဖြစ်ခဲ့ပြီး တစ်နှစ်ခွဲအကြာတွင် သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဖြစ်ခဲ့ကာ ယခု သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်လာသူဖြစ်သည်။
စိုင်းလမင်း
from Popular Myanmar News Journal's Facebook Wall http://ift.tt/1vvE1he
Comments
Post a Comment