မလေးရှားခရီးသည်တင် လေယာဉ် ယူကရိန်း နယ်စပ်အနီး ပစ်ချခံရ
ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း လူဦးရေ ၃၀၀ နီးပါး လိုက်ပါလာတဲ့ မလေးရှား လေကြောင်းလိုင်းပိုင် MH-17 ဘိုးအင်း ၇၇၇ လေယာဉ်တစ်စီး ယူကရိန်း-ရုရှား နယ်စပ်အနီးမှာ ပစ်ချခံလိုက်ရတယ်လို့ ဥရောပ သတင်းတွေမှာ ဖော်ပြထားပါတယ်။
မလေးရှားမြို့တော် ကွာလာလမ်ပူကနေ နယ်သာလန်နိုင်ငံ အမ်စတာဒမ် မြို့တော်ကို ဦးတည်ပျံသန်းလာတဲ့ အဲဒီ လေယာဉ်ဟာ ယူကရိန်း စစ်တပ်နဲ့ ခွဲထွက်ရေးသူပုန်တွေ အပြန်အလှန် တိုက်ခိုက်နေတဲ့ ဒေသမှာ လောင်ချာ ကျည်ထိမှန်ပြီး ပျက်ကျသွားတာဖြစ်တယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးရဲ့ အကြံပေးတစ်ဦးက ဆိုပါတယ်။
ခရီးသည် ၂၈၀ နဲ့ လေယာဉ်အမှုထမ်း ၁၅ ဦးပါတဲ့ အဲဒီ ဘိုးအင်း လေယာဉ်ကြီးဟာ ရုရှားဝေဟင်ပိုင်နက်ကို ဝင်ရောက်ဖို့ ၁၀ မိုင်လောက် အလိုမှာ ပစ်ချခံခဲ့ရတာဖြစ်ပြီး လေယာဉ်ပေါ်မှာ လိုက်ပါလာသူ အားလုံး အသက် ဆုံးရှုံးဖွယ်ရှိတယ်လို့ ရိုက်တာသတင်း တစ်ရပ်က ဖော်ပြထားပါတယ်။
မလေးရှားလေကြောင်းလိုင်းကလည်း MH-17 လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ အတည်ပြုထားပါတယ်။ ဥရောပသတင်းတွေအရ လေယာဉ်ဟာ ယူကရိန်းပိုင်နက်အတွင်းကို ပျက်ကျချိန်မှာပဲ မီးလောင် ပျက်စီးသွားတယ်လို့ ဆိုထားပါတယ်။
လွန်ခဲ့တဲ့ လေးလကျော်က အံ့အားသင့်ဖွယ် ပျောက်ဆုံးနေပြီး ယနေ့တိုင် အဖြေရှာ မရသေးတဲ့ MH-370 ဖြစ်ရပ် အပြီးမှာ ယခု MH-17 လေယာဉ်သတင်းဟာ မလေးရှားလေကြောင်းလိုင်းကို အကြီးအကျယ်
ထိုးနှက် လိုက်တာပဲ ဖြစ်ပါတယ်။
Photo – The Huffington Post
from The Voice Weekly's Facebook Wall http://ift.tt/1mkXI6h
Comments
Post a Comment