Skip to main content

စည်းကမ်းမဲ့ယာဉ်များကို ယာဉ်မောင်းလိုင်စင် လေးနှစ်အထိ ပိတ်သိမ်းအရေးယူမည့် စီမံချက...



စည်းကမ်းမဲ့ယာဉ်များကို ယာဉ်မောင်းလိုင်စင် လေးနှစ်အထိ ပိတ်သိမ်းအရေးယူမည့် စီမံချက် ဇူလိုင် ၁၁ရက် စမည်



နန်းမြင့်



ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်တိုင်းအတွင်းရှိ စည်းကမ်းမဲ့ ယာဉ်မောင်းများကို ဒဏ်ငွေကျပ် ၁၅၀၀အစား ယာဉ်မောင်းလိုင်စင် လေးနှစ်အထိ ပိတ်သိမ်း အရေးယူမည့် အစီအစဉ်ကို ဇူလိုင် ၁၁ရက်မှ စတင်၍ အကောင်အထည် ဖော်တော့မည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ဇူလိုင် ၄ရက်တွင် မီဒီယာများကို ပြောသည်။



ယခင်က ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း ချိုးဖောက်သည့် ယာဉ်မောင်းများကို ၁၉၆၄ခုနှစ် မော်တော်ယာဉ် ဥပဒေအရ ယာဉ်စည်းကမ်းတရားရုံးတွင် ဒဏ်ငွေ ကျပ် ၁၅၀၀ဖြင့် အရေးယူခဲ့သည့်အတွက် ထိုဒဏ်ငွေသည် ထိရောက်မှုမရှိသဖြင့် ယခုအခါတွင်းဒဏ်ငွေအပြင် ကျူးလွန်သည့် ပြစ်မှုအကြိမ်အရေအတွက်ပေါ်မူတည်၍ အနည်းဆုံး တစ်လမှ လေးနှစ်အထိ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်း အရေးယူသွားမည် ဖြစ်သည်။



ထိုသို့ အရေးယူဆောင်ရွက်ရာတွင် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်၊ ကိုယ်ပိုင်ယာဉ်နှင့် ဆိုက်ကယ် အစရှိသည့်ယာဉ်များ ကျူးလွန်သည့် ပြစ်မှုနှင့် အကြိမ်အရေအတွက်ပေါ်မူတည်ပြီး အရေးယူသွားမည် ဖြစ်သည်။



ဦးလင်းထွဋ်က“ စည်းကမ်းမဲ့ယာဉ်များကို လိုင်စင်ပိတ်သိမ်းအရေးယူဖို့ ဇူလိုင် ၂ရက်က စတင် အသိပေးထားပြီးဖြစ်တဲ့အတွက် ၁၁ရက်မှာ အကောင်အထည်ဖော်သွားမယ်”ဟု ပြောသည်။



ယာဉ်၏ ဘေးနှင့် နောက်တွင် ခရီးသည် စီးနင်သည်ကို မတားမြစ်ခြင်း၊ ယာဉ်ရပ်ထားစဉ် တံခါးပိတ်ထားခြင်း ပြုလုပ်လျှင် ပထမအကြိမ် တစ်လ၊ ဒုတိယအကြိမ် သုံးလ၊ တတိယအကြိမ် ခြောက်လနှင့် စတုတ္ထအကြိမ် တစ်နှစ်အထိ ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းသွားမည် ဖြစ်သည်။



ထို့ပြင် မီးနီဖြတ်ခြင်း၊ အရက်သေစာ၊ မူယစ်ဆေးဝါးသောက်စားပြီး ယာဉ်ကိုမထိန်းနိုင်အောင် မောင်နှင်ခြင်း၊ ယာဉ်မရပ်ရနေရာ သတ်မှတ်ထားသော ၁၂ နေရာ၌ ယာဉ်ခြင်း၊ မီးပွိုင့် လူတက်/ဆင်း တင်ခြင်း၊ အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့် မညီညွတ်ခြင်း၊ စည်ပင်နယ်နမိတ်အတွင်း ဆိုင်ကယ် နယ်ကျော်စီးခြင်း ပြစ်မှုများချိုးဖောက်လျှင် ပထမအကြိမ် ခြောက်လ၊ ဒုတိယအကြိမ် တစ်နှစ်၊ တတိယအကြိမ် သုံးနှစ်၊ စတုတ္ထအကြိမ် လေးနှစ် အထိ လိုင်စင်ပိတ်သိမ်း သွားမည်ဖြစ်သည်။



ကုန်တင်ယာဉ်များ မဝင်ရလမ်းဝင်ခြင်း၊ အမြန်နှုန်းကန့်သက်ချက်ထက် ပိုမောင်းခြင်းများ ပြုလုပ်လျှင် ကျူးလွန်သည့် အကြိမ်ရေပေါ်မူတည်ပြီး တစ်နှစ်မှ လေးနှစ်အထိ လိုင်စင်ပိတ်သိမ်းသွားမည် ဖြစ်ခြင်းနှင့် ရန်ကုန်မြို့တော် ယာဉ်မရပ်နားရ သတ်မှတ်ထားသည့် လမ်း ၈၂လမ်းတွင် ယာဉ်ရပ်ခြင်းများ၊ စက်ပျက်ယာဉ် လမ်းဘေးမရွေ့လျှင် အကြိမ်ရေပေါ်မူတည်ပြီး အနည်းဆုံး သုံးလမှ တစ်နှစ်အထိ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်း အရေးယူ သွားမည် ဖြစ်သည်။



ယာဉ်စည်းကမ်းလမ်းစည်း ကမ်းချိုးဖောက်သည့် ယာဉ်မောင်းများကို ယာဉ်ထိန်းရဲ၊ ကညန၊ မထသ၊ စည်ပင်ရဲ၊ စည်ပင်လမ်း၊ စည်ပင်လမ်းတံတား တို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကိုးဖွဲ့က ဖမ်းဆီးအရေးယူသွားမည် ဖြစ်သည်။ ရန်ကုန်တိုင်းတွင် ယာဉ်စီးရေ ၃၈၀,၀၀၀ ခန့် ရှိသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1xqBF6i

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...