“ကျွန်မ ပင်စင်ယူဖို့ ၁၀ လလောက်ပဲ လိုတော့တယ်။ သက်ပြည့်၊ လုပ်သက်ပြည့် ပင်စင်ယူမှာ။ ကျွန်မ ဆရာမသက်တမ်း တစ်လျှောက်လုံး မူလတန်းကျောင်းလေး တစ်ကျောင်းကို ထောက်ပံ့ကြေးအနေနဲ့ ရှစ်သိန်းလောက်က စပြီး ချပေးတယ်ဆိုတာ လုံးဝကြားဖူးတာ မဟုတ်ဘူး။ သတင်းကြားလိုက်ရတော့ ခေါင်းနပန်း ကြီးသွားတယ်။ ပင်စင် မယူခင်လေးတင် အကုသိုလ် ဝင်လာတာလား၊ ကောင်းဖို့ ဖြစ်လာတာလားတော့ မသိဘူး။ ကျောင်းနဲ့ ငွေဆိုတာ အရမ်းတာဝန်ကြီးတယ်။ မရခင်တုန်းကလည်း မရသလိုလေးပဲ မဖြစ်ဖြစ်အောင် လုပ်ခဲ့ကြတာ ပြဿနာ မဟုတ်ဘူး။ ခုတော့ ပိုက်ဆံတွေရတော့မယ် ဆိုတော့ အရပ်က ပြဿနာရှာ နိုင်တာတွေ၊ ကိုယ့်ကျောင်းက ဆရာ၊ ဆရာမတွေကပဲ ဆရာမကြီးတော့ ထောပြီဆိုတဲ့ အပြောမျိုးကို ခံလိုက်ရတာ အရမ်းကို ခံစားရတယ်။ ကျောင်းထောက်ပံ့ကြေး ဆိုတာ ကျောင်းကိုပေးတာ၊ ဆရာမကြီးကို ပေးတာမှ မဟုတ်တာ”
နေခြည်မှာ ရွှေရည်လောင်းစေ (တင်ညွန့်)
http://goo.gl/QCxZPX
from The Voice Weekly's Facebook Wall http://ift.tt/1kLlRTF
Comments
Post a Comment